စီမံကိန်းကြောင့် မြေဈေးတက်တာလား မြေဈေးမြှင့်ချင်လို့ စီမံကိန်းဖြစ်တာလား - Property News in Myanmar from iMyanmarHouse.com
4256 Views

စီမံကိန်းကြောင့် မြေဈေးတက်တာလား မြေဈေးမြှင့်ချင်လို့ စီမံကိန်းဖြစ်တာလား

ယခုရက်ပိုင်းအတွင်း အိမ်ခြံမြေအရောင်းအဝယ်သမားများ၏ ပါးစပ်ဖြားတွင်ကြားနေရသောစကားမှာ- မြေဈေးတွေကျတယ် ဟူသောစကားသံတစ်မျိုးတည်းကိုပင် သံပြိုင်ရွက်ဆိုလာကြသည်။ ဝယ်ရောင်းတို့အပြင် အိမ်ခြံမြေဈေးကွက်လေ့လာသုံးသပ်သူများကလည်း ယင်းကဲ့သို့ပင်ဆိုနေကြသည်။ ယင်းမှာ ဘာကြောင့်လဲဟု အဖြေရှာရလျှင် နိုင်ငံရေးမတည်ငြိမ်သည့်အတွက်ကြောင့်ဟုဆိုကြသည်။ သို့သော် လက်တွေ့ကျသော အဖြေ သီးသန့်ရှိနေပေသည်။

ယခင်ကဒဂုံမြို့သစ်နှင့် ဆင်ခြေဖုံးမြို့နယ်အချို့မှာ မြေဝယ်ပြီးပြန်ရောင်းချခြင်းအလုပ်ကိုပြုလုပ်နေကြသူ များသည်လည်း မြေဈေးများဈေးကျလာခြင်းကြောင့်သိုလှောင်ထားသောမြေများကို ပြန်လည်သိမ်းဆည်းထားရ မည်လား၊ လျှော့ဈေးနှင့်ရောင်း ထုတ်ရမည်လားဟူသော အတွေးတို့ဖြင့်အကြပ်ရိုက်လာကြသည်။

ယခုကဲ့သို့မြေဈေးထိုးကျခြင်းသည် စီမံကိန်းများရပ်တန့်နေခြင်းကြောင့်ဟု ညွှန်းဆိုသူအချို့လည်း ရှိခဲ့ ပေသည်။ ထို့အတွက် လက်ရှိမြေဈေးများကျဆင်းလာသည်မှာ တကယ်များ စီမံကိန်းများရပ်တန့်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်မြေရာအသုံးပြုလုပ်ကိုင်ဆောင်ရွက်ရသော စီမံကိန်းများရပ်နား သွားလျှင် မြေဈေးကျဆင်းမြဲဖြစ်သည်။

စီမံကိန်း၊ စီမံချက် ရေပန်းစားသောအချိန်တွင် စီမံကိန်းဟူသောကောလဟာလသတင်းများကြောင့် သန်လျင်ဘက်မှမြေဈေးများ၊ ဒလတွင်မြစ်ကူးတံတားတည်ဆောက်မည်ဆိုသောသတင်းကြောင့် ဒလမြေဈေး များထိုးတက်လာခြင်းနှင့်အတူ ရန်ကုန်တစ်ဖက်ကမ်းတွံတေးမြို့နယ်တွင် မြို့သစ်စီမံကိန်းများ ဆောင်ရွက်မည်ဟူ သောအသံကြောင့် သန်လျင်၊ဒလ၊ တွံတေးတို့တွင်မြေဈေးများခုန်တက်ပြီး၊ ယခုကာလတွင် အမြင့်ဈေးဖြင့်လက် ဝယ်သိမ်းဆည်းထားသည်များမှာ ပိုက်ဘောမိသွားခဲ့ရသည်။

ပိုက်ဘောဟုဆိုရာတွင်မြေကစားသူများနှင့် ငွေကစားသူများလွန်ဆွဲပွဲတွင် ငွေကစားသူများအရှုံးပြခဲ့ သည့်သဘောပင်ဖြစ်သည်။ ငွေကစားသူများမှာ ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ် မိမိငွေအမာဏတိုးပွားလာအောင် ကြံစရာတွင် အိမ်ခြံမြေဈေးကွက်ကို ရွေးချယ်ရင်းနှီးမြှပ်နှံကြသည်။ သို့သော်မြေဈေးကစားသူများမှာ မြို့သစ်များ၊ ဆင်ခြေဖုံးရပ်ကွက်များတွင်မြေများအားအောက်ဈေးဖြင့် လိုက်လံဝယ်ယူကာရင်းနှီးမြှပ်နှံကြသည်။ လယ်မြေ၊ ခြံမြေ၊ ဥယျာဉ်မြေမကျန်ဝယ်ယူပြီး မိမိပိုင်ကွပ်ရှိမှသာ မိမိဝယ်ထားသောမြေနေရာများတွင် စီမံကိန်းရှိကြောင်း ပုံစံအမျိုးမျိုးဖြင့်သတင်းလွှင့်ပြီး ဝယ်ထားသောမြေများကို ဈေးမြှင့်၍ရောင်းချကြသည်။ ဤသည်မှာ ခေတ်သစ်စီမံကိန်းများဖြင့် စီးပွားရှာသည့် ယဉ်ကျေးမှုကြီးတစ်ခုဖြစ်လာခဲ့သည်။

ယင်းအတွက် မြေကစားခြင်းခံရသူ(သို့မဟုတ်) ငွေကစားသူများသည် ၎င်းတို့၏ငွေကြေးရင်းနှီးမြှပ်နှံ မှုကို အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှပ်နှံရာတွင် ငွေမဲမှ ငွေဖြူသို့ပြောင်းလဲနိုင်ရန်အသုံးပြုလာကြသည်။ ရုံးသည်ဟုဆိုသော်လည်း ငွေလဲလှယ်နှုန်းမှ အမြတ်အစွန်းထွက်ခဲ့သူများလည်းရှိခဲ့သည်။ သို့သော်ယင်းကဲ့သို့ အရှုံးမှအမြတ်ထုတ်နိုင်သူများမှာ ငွေအလုံးအရင်ကိုင်ထားသည့် လက်ကြီးသမားများဖြစ်ကြပြီး တစ်ပိုင်တစ်နိုင် ရင်းနှီးမြှပ်နှံသူများမှာတော့ အတုအယောင်စီမံကိန်းကြောင့် ဆုံးရှုံးမှုကြီးထွားခဲ့သည်။

အတုအယောင်စီမံကိန်းများဆိုရသော်လည်း ယင်းအတုအယောင်စီမံကိန်းများ အမှန်တကယ်စီမံကိန်း များထက်ပင် ပို၍စည်းစနစ်ကျလှသည်။ အတုယောင်စီမံကိန်းဖြင့် မြေဈေးကစားသူများမှာ မီဒီယာများကိုဖိတ်ကြား၍ ၎င်းတို့စီမံကိန်းအကြောင်းရှင်းလင်းပွဲပြုလုပ်ကာ ဌာနဆိုင်ရာအကြီးအကဲများကိုလည်း အဆိုပါရှင်းလင်းပွဲတွင် ပြည်သူများကိုချပြသယောင်ဖြင့် ဖန်တီးလေ့ရှိသည်။ ထို့အတွက် ငွေကစားရန်စောင့်ဆိုင်းနေသူများမှာ ဌာနဆိုင်ရာလူကြီးများ၊ တာဝန်ရှိသူများ ပါဝင်ခဲ့သည့်အတွက် အဆိုပါစီမံကိန်ရှိမြေနေရာများကို အလုအရက်ဖြင့်ဝယ်ယူကြရာ မြေဈေးတက်ခဲ့ရသည်။ ထို့အပြင် မြေဈေးက စားသူများမှာ ၎င်းတို့ပိုင်ဆိုင်ထားသောမြေနေရာများကို သတ်မှတ်ဈေးတစ်ခုရရန် တစ်ဖက်လှည့်ဖြင့် အတုယောင်စီမံကိန်းရှိမြေများကို ပြန်လည်ဝယ်ယူခြင်းဖြင့်လည်း မြေဈေးကိုမြှင့်တင်လေ့ရှိသည်။ ထို့အတွက် မြေနေရာတွင်ရင်းနှီးမြှပ်နှံလိုသူများအနေဖြင့် လေထိုးစီမံကိန်းများကို ရှောင်ရှားနိုင်ရန်အထူးလိုအပ်ပေသည်။

လတ်တလော ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီမံကိန်းရှားပါးမှုတို့ကြောင့် မြေဈေးများကျဆင်းနေလျက်ရှိကြောင်းသိရသည်။ “အခုရက်အတွင်းခေါ်ဈေးတွေက တော်တော်ကျနေတော့၊ အရင်ဈေးမာတုန်းကဝယ်ထားတဲ့အကွက်တွေထိနေတာပေါ့။ အခုဈေးနဲ့ပဲရောင်းထုတ်ရမလား ဈေးအတက်ကိုပဲ ပြန်စောင့်ရမလား ဆိုတာကိုတော်တော်စဉ်းစားနေရတယ်။ ဒါပေမဲ့ဈေးကွက်ပျက်သွားတာတော့မဟုတ်ပါဘူး ကြိုက်ရောင်းကြိုက်ဝယ်တော့ရှိနေသေးတယ်။” ဟုဝါရင့်အကျိုးဆောင်တစ်ဦးက လက်ရှိမြေဈေးကွက်ကို သုံးသပ်ပြောကြားခဲ့သည်။

ယခုတစ်ပတ်အတွင်းမရမ်းကုန်းမြို့နယ် အေဝမ်းလမ်းရှိ ၅၄ပေX၁၃၄ ပေ ဘိုးဘွားပိုင်၊ အုတ်ခြံစည်းရိုးနဲ့ မြေအား ကျပ်သိန်းပေါင်း(၁၂၀၀၀)ဖြင့်ဈေးခေါ်ထားကာ၊ အင်းစိန်မြို့နယ်၊ ဘိုကုန်းရပ်ကွက်၊ အေးသိဒ္ဒိလမ်း ပေ၉၀ ပတ်လည်ဘိုးဘွားပိုင်မြေ၊ ရေ/မီးအပြည့်အစုံ ကိုငွေကျပ်သိန်း(၆၀၀၀)ဖြင့် ဈေးခေါ်ထားကြောင်းသိရသည်။ ထို့အပြင် အင်းစိန်မြို့နယ်၊ အောင်မင်္ဂလာလမ်းနံဘေးရှိ ၅၄ပေ X ၁၁၈ပေ BN1 ရေမီးအစုံမြေကွက်ကို ကျပ်သိန်း (၅၀၀၀)ဖြင့်ဈေးကွက်အတွင်းရောင်းချနေရကြောင်း အိမ်ခြံမြေအကျိုးဆောင်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။

မည်သို့ပင်ဆိုစေကာမှု လတ်တလောကာလတွင် အိမ်ခြံမြေဈေးကွက်သည် စီမံကိန်းများရပ်နေသည့် အပြင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အကျဘက်တွင်ရှိနေသည်။ သို့သော် လာမည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် သည်မကြာမီတွင် စတင်တော့မည်ဖြစ်၍ ဘဏ္ဍာနှစ်စတင်မှုနှင့်အတူ စီမံကိန်းပြုလုပ်မှုများလည်းပြန်လည် ပေါ်ပေါက်လာဦးမည်ဖြစ်သည်။ ထိုအတွက် ယခုမတ်လအကုန်တွင် အိမ်ခြံမြေဈေးနှုန်းများမြင့်တက်လာဖွယ် ရှိကြောင်းလည်းသိရသည်။ သို့သော်လည်း ရင်းနှီးမြှပ်နှံသူတို့အနေဖြင့် လေဖြင့်ထွက်ပေါ်လာသော အတုအယောင်စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံမှုမပြုမိစေရန် အသေအချာစိစစ်ရန်လိုအပ်ပေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service