ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ် - Property News in Myanmar from iMyanmarHouse.com
1881 Views

ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ်

ကမ္ဘာကျော်ဘောလုံးသမားတွေ ခုံမင်တဲ့ အသိုက်မြုံနေအိမ် အပိုင်း(၁)

ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ်

ကမ္ဘာကျော် ရုပ်ရှင်နယ်ပယ်ထဲက ဆယ်လီဘရစ်တီတွေရဲ့ သူတို့နေထိုင်တဲ့ အိမ်တွေအကြောင်းကို အပိုင်းတော်တော်များများ ရေးသားဖော်ပြပြီးတဲ့ နောက် မှာ စာဖတ်ပရိတ်သတ်တွေ ထပ်ပြီးစိတ်ဝင်စားမယ့် အကြောင်းအရာ ဖြစ်တဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ သူတို့မိသားစုတွေနဲ့ နေထိုင်တဲ့ သူတို့ရဲ့ ပျော်ရွှင်စရာအသိုက်မြုံ အိမ်လေးတွေအကြောင်းကို ဖော်ပြပေးဖို့ စိတ်ကူးရခဲ့ပါတယ်။

အသက် နှစ်ဆယ်ကျော် ဘောလုံးသမားဘဝကတည်းက ဖီဖာကပေးတဲ့ ရွှေ ဘောလုံးဆုတွေကို တစ်နှစ်ပြီးတစ်နှစ်ဆိုသလို မနားတမ်းရယူနိုင်ခဲ့တဲ့ အာ ဂျင်တီးနား ပရော်ဖက်ရှင်နယ် ကစားသမား လီယိုနယ် မက်စီနေထိုင်တဲ့ အံ့မ ခမ်းဖွယ် အိမ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မက်စီဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဘောလုံးအားကစားကို ဘယ် လောက်ချစ်မြတ်နိုးကြောင်းကို သိနိုင်မှာကတော့ သူနေထိုင်တဲ့အိမ်ပါတဲ့။ ဘောလုံးကိုလည်း ချစ်မြတ်နိုးသလို၊ မိသားစုနဲ့အတူနေထိုင်တဲ့ ပျော်ရွှင်ချမ်း မြေ့စရာ မိသားစုနေအိမ်ကလေးကိုလည်း ချစ်မြတ်နိုးတဲ့သူပါ။ ဘောလုံးနဲ့ ဘဝက ထပ်တူကျနေပါတယ်လို့လည်း ပုံဖော်ထားသယောင်ဖြစ်ပါတယ်။

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တော်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဘက်ဒရက်ကတ်တ လန်မှာ ဘောလုံးကွင်းသဏ္ဍာန်တည်ဆောက်ထားတဲ့သူ့ရဲ့ နေအိမ်ဒီဇိုင်းက အံ့မခန်းဖွယ်ရာပါပဲ။ အပေါ်စီးအမြင်ကနေကြည့်လိုက်ရင် ဘောလုံးကွင်းပုံစုံ လေးထောင့်အကွက်မှာ အလယ်ခေါင်က သစ်သား၊ ဖန်ချပ်တို့ဖြင့် ပေါင်းစပ် ပုံဖော် ဆောက်လုပ်ထားတဲ့ ဧရာမဘောလုံးကြီးကို အထင်းသားမြင်တွေ့ရပါ တယ်။ လေးထောင့်ကွက်တစ်ချက်စီမှာ ဘောလုံးကွင်းအတိုင်း မြက်ခင်းစိမ်း တွေ ခင်းကျင်းထားပြီး တစ်ဖက်မှာတော့ ရေကန်ကျယ်ကြီး တစ်ကန်ကို ထည့်သွင်းတည်ဆောက် ထားတာပဲဖြစ်ပါတယ်။

အဲ့ဒီ ဧရာမဘောလုံးကိုယ်ထည်ကြီးကတော့ မက်စီတို့မိသားစုနေထိုင်တဲ့ အိမ်ပဲဖြစ်ပါတယ်။ သုံးထပ်အဝိုင်း အဆောက်အအုံထဲမှာမှ ပြီးပြည့်စုံတဲ့ အိမ် တစ်လုံးရဲ့ အခန်းပေါင်းများစွာကို အဆင့်မြင့်မြင့် ဆောက်လုပ်ထားပါတယ်။ အပေါ်ဆုံး အမိုးထပ်မှာတော့ မြက်ခင်းကျယ်တစ်ပိုင်း၊ ဖန်ချပ်ကြမ်းပြင်တစ် ပိုင်းကိုခင်းကျင်းထားပြီး လသာနားနေဆောင်အဖြစ် နေထိုင်လို့ရအောင်ဖန် တီးထားတာပဲဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)
ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ် - Property News in Myanmar from iMyanmarHouse.com
ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ် - Property News in Myanmar from iMyanmarHouse.com
ဘောလုံးနဲ့ဘဝတစ်ထပ်တည်းကျပါတယ်လို့ ပုံဖော်တည်ဆောက်ထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်စီ နေတဲ့အိမ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

Magical World
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service