ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီ ဖွဲ့ ၍ ရှယ်ယာရှင် ဖိတ်ခေါ်မည် - Property News in Myanmar from iMyanmarHouse.com
1299 Views

ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ အများပိုင်ကုမ္ပဏီ ဖွဲ့ ၍ ရှယ်ယာရှင် ဖိတ်ခေါ်မည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ အများပိုင် ကုမ္ပဏီဖွဲ့စည်းပြီး ရှယ်ယာထည့်ဝင် မည့်သူများကို ၂ဝ၁၅ ခုနှစ်၊ အောက် တိုဘာလအတွင်း၌ ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသင်းမှ အများပိုင် ကုမ္ပဏီအဖြစ် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ လ၌ ရှယ်ယာအဖွဲ့ဝင် ၃၂ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး တစ်ဦးလျှင် ကျပ် သိန်း ၁,ဝဝဝ နှုန်းဖြင့် မတည်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်း၊ အများ ပိုင်ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်က ပြောသည်။

”လက်ရှိမှာ တစ်ဦးကို ကျပ်သိန်း ၁,ဝဝဝ နှုန်းနဲ့ ရှယ်ယာတန်ဖိုး ကျပ် သိန်း ၃၂ဝ,ဝဝဝ ရှိတယ်။ ရှယ်ယာ မခေါ်ခင်မှာStatutor meeting ကို သုံးလမှ ခြောက်လအတွင်းမှာ ကျင်းပပြီးတော့မှသာ ရှယ်ယာထည့် ဝင်မယ့် သူတွေကို ဖိတ်ခေါ်သွားမှာ ပါ”ဟု ၎င်းက ပြောသည်။

ယင်းအစည်းအဝေး ကျင်းပ နေချိန်၌လည်း အစိုးရမှ ဖိတ်ခေါ် သော စီမံကိန်း တင်ဒါများအား ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ဆောက်လုပ်ရေး စီမံကိန်းများနှင့် လုပ်ငန်းအတွက် လိုအပ်သော သင် တန်းပေးခြင်းများကိုလည်း ဆောင် ရွက်သွားမည် ဖြစ်သည်။

အများပိုင် ကုမ၌ဏီများအနေဖြင့်လမ်း ၊ တံတား စီမံကိန်းများ၊ စက်မှုဇုန် လုပ်ငန်းများနှင့် ပြည်သူအကျိုးပြု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အား ဆောင်ရွက်ရန် လျာထားပြီး လက်ရှိတွင် ရန်ကုန်-မန္တလေး လမ်းမကြီးအပိုင်းနှင့် ဧက ၄ဝဝ ရှိသော ဒဂုံစက်မှုဇုန် မြေကွက်များ ကို ဆောင်ရွက်ရန် တင်ဒါလျှောက် ထားကြောင်း သိရသည်။

”အများပိုင် ကုမ္ပဏီအနေနဲ့တော့ ရှယ်ယာတွေကို ဖိတ်ခေါ်တဲ့နေရာမှာ နှစ်စဉ်ကို အကျိုးအမြတ်ပေးနိုင် အောင် ရေတို၊ ရေလတ်၊ ရေရှည် စီမံ ကိန်းဆိုပြီး လုပ်သွားမှာပါ။ ဒါမှလည်း ငွေကြေးလည်ပတ်လို့ရမှာပါ။ သုံးနှစ် နဲ့ ငါးနှစ်အတွင်းမှာလည်း Stock
Exchange စာရင်းဝင်နိုင်ဖို့ ကြိုးစား သွားမယ်”ဟု ဦးကျော်ပိုင်က ပြော သည်။

အဆိုပါ အများပိုင် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ များအနေဖြင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပြီး ထုတ်ပြန် ထားသော လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ပါက အများပိုင်ကုမ္ပဏီ လုပ်ငန်းစုကြီးက နိုင်ငံတကာအဆင့်မီ လုပ်ငန်းစုတစ်ခု ဖြစ်လာနိုင်ပြီး နိုင်ငံ တော၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ကြောင်း ဆောက် လုပ်ငန်း လုပ်ငန်းရှင်အချို့က ပြော သည်။

”ဒီအဖွဲ့အစည်း တည်ထောင် မယ် ဆိုတာကတော့ ကောင်းပါ တယ်။ ဒါပေမယ့် အသင်းတစ်ခု၊ အဖွဲ့ အစည်းတစ်ခု အောင်မြင်ဖို့ တစ်ခု တည်းအတွက် မဟုတ်ဘဲ ဆောက် လုပ်ရေး လုပ်ငန်းစုကြီး တစ်ခုလုံးကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းမျိုး ဖြစ် စေချင်တယ်။ နိုင်ငံတော်ရဲ့ စီမံကိန်း အများစုကိုလည်း ဦးဆောင် အကောင် အထည်ဖော်နိုင်မယ့် အဖွဲ့အစည်းမျိုး ဆိုရင် ကျွန်တော်တို့အနေနဲ့ ပါဝင် ကူညီ အားဖြည့်ပေးသွားမှာပါ”ဟု မြရောင်ခြယ်ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးပိုင် စိုးရကျော်က ပြောသည်။

ရွှေတောင်ဦး ဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့် သန်းက ”ဒီလို အများပိုင် အဖွဲ့အစည်း ဖွဲ့စည်းတာကတော့ လုပ်သင့်တာ ကြာပြီ။ ဦးတို့အနေနဲ့ အခုလာမယ့် ရွေးကောက်ပွဲပြီး အခြေအနေကို စောင့်ကြည့်နေတာ။ အခု ဖွဲ့စည်း မယ့် အများပိုင်ကုမ္ပဏီအနေနဲ့လည်း ကျွန်တော်တို့ကို ဖိတ်ခေါ်မယ်ဆိုရင် တော့ အကျိုးတူပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိပါတယ်”ဟု ပြောသည်။

အများပိုင်ကုမ္ပဏီအတွက် ရှယ် ယာထည့်ဝင်မည့် သူများအား ဖိတ် ခေါ်ရာတွင်လည်း ရှယ်ယာ တစ်စု လျှင် ကျပ်သိန်း ၁ဝ,ဝဝဝ နှုန်းဖြင့် ရောင်းချသွား မည်ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်သွား မည်ဖြစ်ကာ ရှယ်ယာဝင်ရန်အတွက် စိတ်ဝင်စားမှုများသော နိုင်ငံများ အနေဖြင့် အရှေ့တောင်အာရှနိုင်ငံ များဖြစ်၍ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံ စသည့်နိုင်ငံတို့မှ စိတ်ဝင် စားမှု အများဆုံးဖြစ်ကြောင်း သိရ သည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service