အိုးအိမ်ပိုင်မြေများ မရှိသလောက် နည်းပါးသဖြင့် တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်း၍ အိမ်ရာစီမံကိန်းများကို ဖော်ထုတ်လျက် - Property News in Myanmar from iMyanmarHouse.com
1965 Views

အိုးအိမ်ပိုင်မြေများ မရှိသလောက် နည်းပါးသဖြင့် တိုင်းဒေသကြီး အစိုးရများနှင့် ပူးပေါင်း၍ အိမ်ရာစီမံကိန်းများကို ဖော်ထုတ်လျက်

ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍အခြားသောတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မြေနေရာများ မရှိသလောက် နည်းပါးနေသဖြင့် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဖော်ထုတ်ရန် အတွက် သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရများနှင့် ညှိနှိုင်းဆောင် ရွက်နေရကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိ သည်။

”အရင်ခေတ်အဆက်ဆက်ကရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လိုအပ်နေတဲ့ အိမ်ရာတွေအတွက် ကိုပဲ ဦးစားပေးပြီး လုပ်ပေးခဲ့တယ်။

ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကျတော့ အခုခေတ်ကျမှ ကျယ် ကျယ်ပြန့်ပြန့် ပြန်လုပ်ပေးကြတဲ့ အနေအထားဖြစ်တဲ့အပြင် ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လည်း အိုးအိမ်မြေအဖြစ် သီးသီးသန့် သန့် သတ်မှတ်ပေးထားတဲ့ မြေမရှိ ဘူးလေ။ အဲဒါကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရတွေ ပူးပေါင်းပြီး ဆောင်ရွက်နေရတဲ့အနေအထား ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က The Trade Times ကို ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး အစိုးရများ နှင့် ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ရာစီမံကိန်းများမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွင်း အခန်းပေါင်း ၄ဝ,ဝဝဝ ကျော်ထွက်ရှိရန် လျာထား ဆောက်လုပ်နေသည်။

အများပြည်သူများအတွက် အိမ်ရာစီမံကိန်းများကို အကောင် အထည်ဖော်ဆောင်နေသည့် အိုးအိမ် ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး တွင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်ပြီး အိမ်ရာ စီမံကိန်းခြောက်ခု၊ တိုက်အလုံးရေ ပေါင်း ၉၈ လုံးမှ အခန်းအရေအတွက် ၁,၆၇၂ခန်းနှင့်၂ဝ၁၄၂ဝ၁၅ဘဏ္ဍာ ရေးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး ၌ ဆောက်လုပ်ဆဲဖြစ်သည့် အိမ်ရာ စီမံကိန်းပေါင်း ၁၉ ခုရှိပြီး စုစုပေါင်း တိုက်အလုံးရေ ၃၇၃ လုံးနှင့် အခန်း ပေါင်း ၁၈,၉၇ဝ ခန်း ထွက်ရှိရန် လျာထားသည်။

မြန်မာနိုင်ငံအနှံ့အပြားမှ ဆောက် လုပ်ဆဲအိမ်ရာစီမံကိန်း ၁၉ ခုအနက် အိမ်ရာစီမံကိန်း ၁၅ ခုမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက် လျက်ရှိပြီး မကွေးတိုင်းဒေသကြီး တွင် ချမ်းမြသာယာ အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၃ဝ၄ ခန်း၊ မန္တလေးတိုင်း ဒေသကြီး မြရည်နန္ဒာ အိမ်ရာစီမံ ကိန်း (၁) မှ အခန်းပေါင်း ၄၃၂ ခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် နန္ဒဝန်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၇ဝ၄ ခန်း၊ မုံရွာမြို့ရှိ စံပယ်အိမ်ရာစီမံကိန်းမှ အခန်းပေါင်း ၈၄ဝ ထွက်ရှိရန် တည်ဆောက်လျက် ရှိပြီး အများစုမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ် ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ တည်ဆောက်လျက်ရှိသည့် အိမ်ရာ စီမံကိန်း အများစုမှာ အိုးအိမ်ဦးစီး ဌာနမှ စီမံခန့်ခွဲပိုင်ခွင့် မြေအများစု ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အိမ်ရာစီမံကိန်း သစ်လေးခုဖြင့် အခန်းပေါင်း ၂,၂၈ဝ သာ ဖန်တီးပေးနိုင်သည့် အခြေအနေ ကြောင့် အခြားတိုင်းဒေသကြီးများ တွင်လည်း အိမ်ရာစီမံကိန်းသစ်များ ဖော်ထုတ်နိုင်ရန် မြေနေရာ အခက် အခဲများ ရှိနေဆဲဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ်ဦးစီးဌာနမှ သတင်းရရှိ သည်။

”မန္တလေးနဲ့မကွေးတို့မှာလည်း စပြီးလုပ်နေပါပြီ။ ရန်ကုန်ကတော့ တောက်လျှောက် လုပ်နေပါတယ်။ ပြဿနာက မြေအခက်အခဲ ရှိသလို တန်ဖိုးနည်း ဖြစ်ဖို့ကလည်း နည်း ပညာ လိုအပ်နေသေးတယ်” ဟု ၎င်းက ပြောသည်။

Credit : Thetradetimesmedia

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service