အစိုးရပိုင်မြေပေါ်တွင် BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင် နေသည့် စီမံကိန်းအချို့ ပြန်လည်စိစစ် ဆောင်ရွက်ခြင်း ခံယူရ
အစိုးရပိုင် မြေနေရာများပေါ် တွင် BOT စနစ် (Built Operate Transfer) တည်ဆောက်လုပ်ကိုင် လွှဲပြောင်းစနစ်ဖြင့် လုပ်ကိုင်နေ သည့် ပြည်တွင်းပြည်ပ ကုမ္ပဏီအချို့ ၏ တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြန်လည်စိစစ်လျက် ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်မှုများ ရှိနေသော် လည်း UNI Global Power ဆောက် လုပ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အနေဖြင့် ထိုသို့ ဖြစ်ပွားနေသည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မှု မရှိ ဟု အဆိုပါ ကုမ္ပဏီလီမိတက်မှ သတင်းရရှိသည်။
စင်ကာပူ အခြေစိုက် UNI Global Power အနေဖြင့် ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Jewellery Luck နှင့် ပူးပေါင်း၍ ရန်ကင်း မြို့နယ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပိုင်မြေနေရာပေါ်တွင် BOT စနစ် အသုံးပြုပြီး ဟိုတယ်နှင့် ဈေးဝယ် စင်တာများပါရှိသည့် Golden City အိမ်ရာစီမံကိန်းကို တည်ဆောက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
”ကျွန်တော်တို့ အနေနဲ့ နှစ် ၅ဝ တောက်လျှောက် တစ်ကြိမ်၊ တစ် ကြိမ်ကို ၁ဝ နှစ်စီနဲ့ နောက်ထပ် နှစ်ကြိမ် စုစုပေါင်း နောက်ထပ် နှစ် ၇ဝ အထိ လုပ်ကိုင်ခွင့် ရရှိထား ပါတယ်။ အစိုးရနဲ့ အသေအချာ စာချုပ်ချုပ်ထားတဲ့အတွက် စိုးရိမ်မှု တော့မရှိပေမယ့် တခြား စီမံကိန်းတွေ ရပ်တန့်ထားတာကိုတော့ သိနေပါ တယ်”ဟု Golden City မှ တာဝန်ရှိ သူတစ်ဦးဖြစ်သူ ဒါရိုက်တာ မစ္စတာ ဂျက်ဖရီလူက ပြောသည်။
ယင်းစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်အရ စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်နေခြင်းဖြစ်သဖြင့် စိုးရိမ်မှု များ မရှိကြောင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေများနှင့်အညီ လုပ် ကိုင်နေခြင်းဖြစ်သည့်အတွက် နိုင်ငံ တော်အနေဖြင့် ပြည်သူပိုင်သိမ်း လိမ့်မည် မဟုတ်ဟု ယုံကြည်ထား သဖြင့် ရင်းနှီးမြှုပ်နှံမှုများကို စိတ်ချ လက်ချ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တည်ဆောက် နေသော လုပ်ငန်းများအနက် BOT စနစ်ဖြင့် ဆောက်လုပ်နေသည့် စီမံ ကိန်းလုပ်ငန်းအချို့သည် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီခြင်း မရှိ သဖြင့် ယင်းလုပ်ငန်းများကို သက် ဆိုင်ရာ ဝန်ကြီးဌာနများက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ ဆက်သွယ် ၍ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိသည်။
”စီမံကိန်းမှာ ဘာတွေပါသင့် တယ်ဆိုတာနဲ့ပတ်သက်လို့ ဖြစ်သင့် ဖြစ်ထိုက်တာတွေ၊ အကြံပြုချက်တွေ ကိုတော့ အင်ဂျင်နီယာအသင်းက ပြန်တင်ပြပြီးပါပြီ။ စစ်နေတာတော့ မဟုတ်ပါဘူး။ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌကိုယ်တိုင် ဒီဟာကို ပြုစုပြီး ပို့တယ်လို့ ကျွန်တော်သိရပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
အဆောက်အအုံ ဆောက်လုပ် ရာတွင် သတ်မှတ်ထားသော စည်း မျဉ်းစည်းကမ်းများ၊ အခြေခံအချက် အလက်များနှင့် ကိုက်ညီခြင်းမရှိ သော စီမံကိန်းလုပ်ငန်း ငါးခု ပြန် လည် စိစစ်နေကြောင်း၊ ထိုစီမံကိန်း လုပ် ငန်းများမှာ နာမည်ကြီးကုမ္ပဏီ လေးခုက BOT စနစ်ဖြင့် ဆောက် လုပ်နေသော စီမံကိန်းများဖြစ် ကြောင်း သတင်းများထွက်ပေါ်လာ ခဲ့ပြီးနောက်ပိုင်း ကွန်ဒိုနှင့် ဆောက် လုပ်ရေး လုပ်ငန်းများတွင် ဝယ်သူ များ၏ ယုံကြည်မှု ကျဆင်းလျက် ရှိကြောင်း ရန်ကုန် အိမ်ခြံမြေအကျိုး ဆောင်များထံမှ သတင်းရရှိသည်။
Credit : Thetradetimesmedia