ငွေကြေးရင်းနှီးမြုပ်နှံသူတို့၏ စီးပွားရေးဈေးကွက် အိမ်ခြံမြေဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
2180 Views

ငွေကြေးရင်းနှီးမြုပ်နှံသူတို့၏ စီးပွားရေးဈေးကွက် အိမ်ခြံမြေဖြစ်လာ

ရန်ကုန်မြို့ကြီးသည်လူဦးရေထူထပ်လာသည်နှင့်အိမ်ခြံမြေ ဈေးကွက်သည်လည်းမြင့်သည်ထက်ပို၍ မြင့်တက်လာပေသည်။အိမ်ခြံမြေဈေးအရောင်း/အဝယ်အေးသည်သာရှိသည် ဈေးကျသည်ဆိုသည်မှာ ရှားလှသည်။

အစိုးရမှလည်း မြေလွတ်မြေရိုင်းများကို အိမ်ပိုင်ရာပိုင် မရှိသူများအတွက်ချထားပေးသည့်စီမံကိန်းများဆောင်ရွက်လျက်ရှိသည်။သို့သော်အမှန်တကယ် နေထိုင်ရခက်ခဲသူများအတွက်အမှန်တကယ်မြေကွက်များရရှိပိုင်ဆိုင်ကြလျှင် ပြည်သူများအတွက် အဆင်ပြေစေပြီး ဌာနဆိုင်ရာများ၏ လက်ကြိတ်ထိုးဆောင်ရွက်နေမှုကလည်း လက်ရှိဖြစ်ပေါ်နေသည့်မြေဈေးထပ်ဆင့်မြင့်တက်စေပါသည်။
မကြာသေးခင်ကသာကေတမြို့နယ်၊စက်မှုဇုန်ရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်လမ်း၊ အမှတ် ၅၃/၆၂ ခြံကွက်တစ်ကွက်အား အစပထမပိုင်းတွင် စည်ပင်ပိုင်မြေမကျူးကျော်ရဟု ဆိုင်းဘုတ်ထောင်ထားခဲ့ပြီး အမှန်တကယ် အိမ်ဆောက်သောအခါတွင် ခြံကွက်အမည်ပေါက်သည် ဒေါ်ခင်ဌေးရီဟု ဆိုင်းဘုတ်တပ်ဆောက်လုပ်လာသောအခါ ပိုမိုအံ့သြကြရပြန်သည်။ ထိုမြေကွက်အနေအထားမှာ ပေ ၂၀၀၊ ပေ ၆၀၀ ကျယ်ဝန်းပြီး ကာလပေါက်ဈေးအရ ကျပ်သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိကြောင်း သိရှိရသည်။

လက်ရှိပြည်တွင်း၌မြေ၏တန်ဖိုးများမြင့်တက်မှုကြောင့် မြေပိုင်ရှင်အများစုသည် မိမိပိုင်ဆိုင်သော မြေကွက်များတွင် ကန်ထရိုက်များနဲ့တိုင်ပင်ပြီးကန်ထရိုက်တိုက်များ ဆောက်လုပ်လာကြသည်။

ကန်ထရိုက်တိုက်ဆောက်လုပ်ရာတွင်လည်းယခုမြို့နယ်အစွန်းရပ်ကွက်များတွင် ပိုမိုများပြားလာကြသည်။ ယင်းကဲ့သို့ ကန်ထရိုက်တိုက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပို၍ပင်ဈေးကွက်စီးပွားရေးဆန်လှသည်။ ဈေးကွက်စီးပွားရေးဆန်သည့်အတွက် ပို၍အမြတ်အစွန်းများလှသည်။ ထို့အပြင် ကန်ထရိုက်တိုက်တည်ဆောက်လိုက်သည့်အတွက် လူနေမှု အဆင့်အတန်းကို မြင့်တင်ရာရောက်သည်။ သို့သော် အပ်နှံသောကန်ထရိုက်တိုက်မှာလည်း ကိုယ်ကျိုးကြီးသာကြည့်သည့် ကန်ထရိုက်သမားမဖြစ် ရန်အထူးသတိပြုရန်လိုအပ်လှသည်။ တိုက်ပြီးစီးသွားမှ စည်ပင်နှင့်အရှုပ်အရှင်းများမဖြစ်စေရန် သေချာ စုံစမ်းပြီးမှ အပ်နှံသင့်သည်။

ဤမှာကန်ထရိုက်တိုက်အပ်မည့်သူများလေ့လာသင့်သည့်အချက်များဖြစ်သည်။လတ်တလောဖြစ်ပေါ်နေသောရန်ကုန်မြေဈေးကွက်တွင် သာကေတမြို့နယ်အတွင်း ပေ ၂၀၊ ပေ ၆၀ အခန်း၅လွှာတွင်ကျပ်သိန်း၃၀၀ဈေးပေါက်ကြောင်းသိရသည်။ ဒေါပုံမြို့နယ်တွင် ကြိုပွိုင့်ဖြင့် ၀ယ်ယူနိုင်ရန်ပေါက်ဈေးအချို့ကို တင်ပြရမည်ဆိုလျှင် ၁၂ ပေ၊ ၅၀ ပေ မြေညီထပ်ကို ကျပ်သိန်း ၂၈၀၊ ၄ လွှာကိုကျပ်သိန်း ၂၆၀၊ ၅ လွှာဆိုလျှင် ကျပ်သိန်း ၁၈၀ ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ကြိုပွိုင့်ဈေးကွက်တွင်လည်းကန်ထရိုက်တိုက်တစ်ဦးနှင့်တစ်ဦး မတူဘဲ ဒေါပုံမြို့နယ်မှာပင် ပေအားဖြင့် ၁၂ ပေ၊ ၅၀ ပေ၊ တူညီသော်လည်းအခြားသူတစ်ဦးမှာ မြေညီထပ်ကိုကျပ်သိန်း ၅၂၀၊ ပထမထပ်ကို ကျပ်သိန်း ၂၈၀၊ ၃ လွှာကိုကျပ်သိန်း ၂၅၀၊ ၄ လွှာကို ၂၃၅သိန်း၊ ၅ လွှာကို ၁၈၅သိန်း ဈေးပေါက်နေပြီး မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀ပေ၊ ၆၀ ပေ အကျယ်အ၀န်းကို ၂ လွှာတွင်ကျပ်သိန်း ၄၅၀၊ ၃ လွှာတွင်ကျပ်သိန်း ၄၀၀၊ ၅လွှာတွင်ကျပ်သိန်း ၃၀၀ တို့ဖြင့် ဈေးကွက်အတွင်းဈေးကစားလျက်ရှိကြောင်း သိရှိရသည်။

လူဦးရေနေထိုင်မှုပိုမိုများပြားသော ဒေသကပို၍ဈေးကောင်းရမည်သာဖြစ်သည်။မြို့နယ်အခွန်မြေကွက်ဈေးများသည်လည်း ယခုတစ်ပတ်တွင် ဈေးငြိမ်လျက်ရှိပြီး အ၀ယ်အနည်းငယ်မျှသာရှိကြောင်းသိရှိရသည်။ ပြည်လမ်းမကြီးပေါ်တွင်ရှိသောအင်းစိန်မြို့နယ်မြေကွက်တစ်ကွက်သည် ၁၈ ပေ၊ ၄၀ ပေအကျယ်ရှိပြီး ရေ၊ မီး၊ ဖုန်း အပါအ၀င်ဖြစ်ပြီး ဘိုးဘွားပိုင်မြေဖြစ်ကာ RC (2) ကိုကျယ်သိန်း ၅၄၀၀ ကျပ်ဖြင့် ဈေးခေါ်ထားပြီး သန်လျင်မြို့နယ် ကြံ့ခိုင်ရေးလမ်းတွင် အကျယ်အားဖြင့် ၅၃ ပေ၊ ၈၅ ပေရှိပြီး လမ်းမကြီးဘေးရပ်ကွက်၊ ဂရံမြေကိုကျပ်သိန်း ၄၅၀၀ဖြင့် ရောင်းချရန်ရှိကြောင်း အိမ်ခြံမြေဈေးကွက်လေ့လာသူများအဆိုအရ သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းဟုဆိုသော်လည်းစည်ပင်သာယာနယ်နိမိတ်နှင့် လယ်ယာအဓိကမြို့နယ်၊ တိုးချဲ့မြို့နယ်ဟု သတ်မှတ်ထားရာလယ်ယာအဓိကမြို့နယ်၊နယ်စပ်စည်ပင်ပိုင်လှည်းကူးမြို့နယ်၊ လှည်းကူးဈေးရှေ့အကွက်အကွင်းကျပြီး စီးပွားရေးလုပ်ကိုင်စားသောက်နိုင်ရန် လိုအပ်သူများအတွက် ပေ ၄၀ ပေ ၆၀ ကျယ်ဝန်းသော (ဆယ်ကွက်တွဲ) မြေကွက်အား ရေ၊ မီး၊ ဂရံအပြည့်အစုံရှိပြီး ထိုမြေအားကျပ်သိန်း ၃၅၀၀ဖြင့် ရောင်းချရန် ရှိကြောင်း သိရှိရသည်။

အချို့သောလုပ်ငန်းရှင်များသည်မြို့နယ်များဖြစ်သော မှော်ဘီ၊ တိုက်ကြီးလိုနေရာမျိုးတွင် အခြေချဝယ်ယူလာကြသည်။ ယင်းမှာရင်နှီးမြှုပ်နှံရန် ပြင်ဆင်မှုများပြုလုပ်နေကြခြင်းဖြစ်သည်။တိုက်ကြီး၊ အုတ်ကံနှင့် ခရိုင်ချင်းဆကလမ်း၊ ပြည်လမ်းမှ ၂မိုင်ခန့်သာဝေးကွာပြီးသစ်မာစိုက်ကွင်းပြုလုပ်ထားသော မြေအားတစ်ဧက ၁၅၀ နှုန်း7L ကိုသာရောင်းချမည်ဟု သိရှိရသည်။ မှော်ဘီမြို့၊၀ါးနက်ချောင်းကျေးရွာအပိုင် ကျောက်ပြားစက်ရုံအနီး မြေ ၄ ဧကကို ဥယျာဉ်ခြံမြေအဖြစ် ပြုပြင်စိုက်ပျိုးထားပြီးအပင်များပါရှိသော မြေကွက်အားကျပ်သိန်း၁၄၀၀ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက်လေ့လာသူများထံမှ ကြားသိရသည်။မှော်ဘီမြို့၊ ပြည်လမ်းမအနီး ၈၅ပေ၊ ၂၂၅ပေ ရေ၊မီးအစုံပါပြီးဥယျာဉ်ခြံမြေ၊ ခြံများကာရံပြီးမြေကွက် PT(1) မြေကွက်အား ကျပ်သိန်း ၁၀၀၀ဖြင့် ရောင်းချရန်ရှိကြောင်း သိရှိရသည်။

မည်သို့ပင်ဆိုစေကာမူ မြေကွက်ဈေးသည်ပိုမိုမြင့်တက်မှုများဖြင့်သာ ရင်ဆိုင်ရမည့်ဟု သုံးသပ်ကြသည်။ ၂၀၁၅ ခုနှစ်ကာလသည် နိုင်ငံရေးတည်ငြိမ်မှုမရှိသော်လည်း ငွေကြေး၊ ရင်းနှီးမြုပ်နှံလိုသူများသည် မြေကွက်များ၊ အိမ်ခြံမြေများ၊ တိုက်ခန်းများအား ရင်းနှီးမြုပ်နှံပြီး၊ ငွေကြေးသိမ်းဆည်းမှုများ ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်း လေ့လာသိရှိခဲ့ပါသည်ဟုသာ ဆိုရပေတော့မည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service