မြေဈေးကြီးခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား မြန်မာအစိုးရက မြေနှင့် စက်ရုံငှားပေးသင့်ဟု ဂျပန်လုပ်ငန်းရှင်များ တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
1121 Views

မြေဈေးကြီးခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား မြန်မာအစိုးရက မြေနှင့် စက်ရုံငှားပေးသင့်ဟု ဂျပန်လုပ်ငန်းရှင်များ တိုက်တွန်း

မြန်မာနိုင်ငံတွင် မြေဈေး ကြီးမြင့်မှုကြောင့် အစိုးရက မြေ နေရာနှင့် စက်ရုံ၊ အလုပ်ရုံများကို အငှားချစနစ်ဖြင့် အသေးစား၊ အ လတ်စား စီးပွားရေးလုပ်ငန်းလုပ် ကိုင်လိုသူ ပြည်ပရင်းနှီးမြှုပ်နှံသူ များအား ကူညီပေးသင့်ကြောင်း ဂျပန်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးတွင် ဂျပန်လုပ်ငန်း ရှင်များက တိုက်တွန်းပြောကြား သည်။

‘‘သီလ၀ါလို နေရာမျိုးမှာ မြေတစ်ဧကကို သိန်း နှစ်ထောင် နဲ့ သိန်းသုံးထောင်လောက်ရှိ တယ်။ အဲဒီတော့ ဂျပန်က SME သမား တွေ ဘယ်လိုမှ လာလုပ်လို့ မရ ဘူး’’ဟု ဂျပန်နိုင်ငံတွင် အခြေ စိုက်ပြီး ကုမ္ပဏီဖွင့်လှစ်ထားသည့် 359 GROUP International ကုမ္ပဏီ ဥက္ကဋ္ဌဦးဗညားဇော်က ပြောသည်။

လတ်တလော မြေဈေးကြီး မြင့်နေခြင်းနှင့် လျှပ်စစ်မီး လုံလောက်စွာ ပေးဝေနိုင်ခြင်း မရှိသောကြောင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ၀င်ရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် မြန်မာအစိုးရအနေဖြင့် စံပြစက်မှုဇုန် နယ်မြေငယ်များ ဖော်ထုတ်ပြီး လျှပ်စစ်မီး အချိန်ပြည့်ပေးထား ခြင်း၊ ငှားရမ်းခနှုန်း လျှော့ချခြင်းမျိုး ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ကို ဆောင်ရွက်ပေးသင့်ကြောင့် ဂျပန်နိုင်ငံမှ အလတ်စား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆို သည်။

‘‘ကျွန်တော်လှိုင်သာယာက မြေနေရာကို ပြီးခဲ့တဲ့နှစ်က သိန်း ၄၀ နဲ့ ငှားထားတာ အခုမြေရှင်က သိန်း ၇၀ လောက် တိုးတောင်းနေ လို့ ရေရှည်ရပ်တည်ဖို့ မလွယ်တော့ဘူး။ ဒါကြောင့် ပြန်ရုပ်သိမ်းဖို့တောင် စဉ်းစားနေရတယ်’’ဟု အထက်ပါ ဂျပန်လုပ်ငန်းရှင်က သတင်းထောက်များအား ပြော ကြားသည်။

မြန်မာနိုင်ငံတွင် အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်း များ ပိုမိုအားကောင်းလာစေရန် ဘဏ်ချေးငွေစနစ်တွင် အပေါင် ထားခြင်းကို ဖျက်သိမ်းသင့်ပြီး လုပ်ငန်း တွင်ကျယ်မှုအပေါ် မူ တည်ကာ ငွေချေးသင့်ကြောင့်၎င်း ကဆိုသည်။

ဂျပန်နိုင်ငံတွင် အသေးစား၊ အလတ်စား လုပ်ငန်းများအား ငွေချေးပါက မြန်မာနိုင်ငံကဲ့သို့ အ ပေါင်ထားစရာ မလိုဘဲ လုပ်ငန်း ကျွမ်းကျင်မှု၊ အောင်မြင်မှုကို ကြည့်၍ ငွေချေးကြောင်း ဂျပန် လုပ်ငန်းရှင်များက ဆိုသည်။

‘‘ကျွန်တော်တို့နိုင်ငံက SME သမားတွေကိုတောင် ကောင်း ကောင်း မထူထောင်ပေးနိုင်သေး ဘူး။ ဒါကြောင့် ပြည်ပက လာတဲ့ SME သမားတွေအတွက်တော့ လုပ်ပေးဖို့ အခက်အခဲတွေ မြန်မာဘက်မှာ ရှိတယ်’’ ဟု ကုန်သည်စက်မှု အသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

လက်ရှိတွင် SME လုပ်ငန်း များ အားကောင်းလာစေရန် ဂျပန် -မြန်မာ ရင်းနှီးမြှုပ်နှံမှု စင် တာ၌ ဂျပန်-မြန်မာ SME စင် တာ တစ်ခုပူးပေါင်းတည်ထောင် ရန် စီစဉ်နေပြီး ဂျပန် SME ကုမ္ပ ဏီများလည်း ၀င်ရောက်ရန် စီစဉ်နေကြောင်း ဒေါက်တာမောင် မောင်လေးက ဆိုသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service