ရန်ကုန်မြို့၌ မူလ လျာထားသည့် တာမွေငါးခွဆုံ၊ ရှစ်မိုင်၊ကုက္ကိုင်းခုံးကျော်တံတားများ အပြင် ခုံးကျော်တံတားအချို့ ထပ်မံဆောက်လုပ်ရန် လျာထား - Property News in Myanmar from iMyanmarHouse.com
1092 Views

ရန်ကုန်မြို့၌ မူလ လျာထားသည့် တာမွေငါးခွဆုံ၊ ရှစ်မိုင်၊ကုက္ကိုင်းခုံးကျော်တံတားများ အပြင် ခုံးကျော်တံတားအချို့ ထပ်မံဆောက်လုပ်ရန် လျာထား

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၏ မူလလျာထားသည့် တာမွေငါးခွဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ ကုက္ကိုင်းခုံးကျော်တံတားများအပြင် နောက်ထပ်ခုံးကျော်တံတားအချို့ ထပ်မံတည်ဆောက်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

တာမွေငါးခွဆုံ၊ ရှစ်မိုင်လမ်းဆုံနှင့် ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား သုံးစင်းမှာမူ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ဆောက်လုပ်ရန် ဘဏ္ဍာငွေများ လျာထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုမြေကွက်လွတ်များ လေလံတင်ရောင်းချခြင်း စသည်တို့ကဲ့သို့သော ကြားပေါက်ရရှိမည့် ၀င်ငွေများ ရှိနေခြင်းကြောင့် ယင်းငွေဖြင့် ခုံးကျော်တံတားအချို့ ထပ်ဆောက်ရန် လျာထားခြင်းဖြစ်သည်ဟု သိရသည်။

“ပြီးခဲ့တဲ့နှစ်ထဲမှာ စက်မှုဇုန်မြေကွက်လွတ် ၂၉ ကွက်ကို လေလံတင် ရောင်းချခဲ့တာ ငွေကျပ် ၁၅ ဘီလျံလောက် ရခဲ့တယ်။ အဲဒီ ငွေကြေးတွေကို ရန်ကုန်မြို့ရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲမှာပါ။ အလားတူ အဲဒီလို ကြားပေါက်ကနေ ၀င်လာမယ့်ငွေတွေ ရှိတယ်။ အဲဒီငွေတွေနဲ့ ခုံးကျော်တံတားအချို့ ထပ်ဆောက်ဖို့ လျာထားတာပါ။ မူလလျာထားတဲ့ တာမွေငါးခွဆုံ၊ ရှစ်မိုင်၊ ကုက္ကိုင်းခုံးကျော် တံတားတွေလည်း သူ့ဟာနဲ့သူ ရှိမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သို့သော် ဆောက်လုပ်ရန် လျာထားသည့် အဆင့်သာဖြစ်၍ မည်သည့်နေရာတွင် ဆောက်လုပ်မည်ကိုမူ မပြောနိုင်သေးဟု ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ကုစားနိုင်ရန် ရည်ရွယ်၍ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံ စသည်တို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်ကာ ဖြေရှင်းခဲ့ကြရာ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်မှု မရရှိခဲ့သော်လည်း မြေနီကုန်း ခုံးကျော်တံတားကို ထပ်မံဆောက်လုပ်ခဲ့သည်။

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တာမွေငါးခွဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ ကုက္ကိုင်းလမ်းဆုံ စသည်တို့၌ ခုံးကျော်တံတားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ထပ်မံတည်ဆောက်ရန် ဘဏ္ဍာငွေ တောင်းခံမှုကို လွှတ်တော်ကိုယ်စားလှယ် အချို့က ထပ်မံဆောက်လုပ် သင့်၊ မသင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ထောက်ပြမှုများ ရှိခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောက်လုပ်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ လာမည့် ဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် ခုံးကျော်တံတား သုံးစင်းအတွက် တာမွေငါးခွဆုံအတွက် ကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ရှစ်မိုင်လမ်းဆုံအတွက် ကျပ် ၁၆ ဒသမ ၄၅ ဘီလျံနှင့် ကုက္ကိုင်းလမ်းဆုံအတွက် ၁၅ ဒသမ ၄၀ ဘီလျံတို့ ဘဏ္ဍာငွေလျာထားကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service