တန်ဖိုးသင့် နန္ဒ၀န်အိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင် - Property News in Myanmar from iMyanmarHouse.com
819 Views

တန်ဖိုးသင့် နန္ဒ၀န်အိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်

စစ်ကိုင်းတိုင်းဒေသကြီး အ စိုးရအဖွဲ့ စီစဉ်မှုဖြင့် ဆောက်လုပ် မည့် တန်ဖိုးသင့် နန္ဒ၀န်အိမ်ရာ ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဆောက်လုပ်နေပြီး အငြိမ်း စားအစိုးရ၀န်ထမ်းနှင့် ကျဆုံးတပ် မတော်သားမိသားစုဝင်များကို ဦး စားပေးရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နန္ဒ၀န်အိမ်ရာ စီမံကိန်း တည်ဆောက်ရေးမှာ ပထမအ ဆင့်အဖြစ် အိမ်ရာ ၁၁ လုံးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ် မှုနဲ့ ကုမ္ပဏီ ခြောက်ခုက တည် ဆောက်သွားမှာပါ။ နောက်ထပ် အိမ်ရာ ၁၁ လုံးကို မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရဲ့ စီစဉ်မှုနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်း ဒေသကြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက အဆိုပါအိမ်ရာ မြေ သန့်မင်္ဂလာ အခမ်းအနားတွင် ပြောကြားသည်။

မုံရွာမြို့ နန္ဒ၀န်အိမ်ရာစီမံ ကိန်းတည်ဆောက်ရေးလုပ်ငန်း မှာ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်၊ အောင်ဇေယျလမ်းနှင့် မေတ္တာ လမ်းထောင့်တွင် တည်ရှိသည်။ ငွေကံဆင့်၊ Original Group၊ အောင်မြင်သူ၊ Holy Land၊ Stone Dragon နှင့် ချန်ပီယံစ သည့် ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုက ရှစ်ခန်းတွဲ ငါးထပ် တိုက် အလုံးရေ ၁၁ လုံးကို စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ယူတည် ဆောက်သွားမည်ဖြစ်သည်။

တိုက် ၁၁ လုံးတွင် ပါဝင် မည့် အိမ်ခန်းပေါင်း ၄၄၀ ကို ယခုနှစ် ဖေဖော်ဝါရီမှ အောက် တိုဘာလအတွင်း အပြီးတည် ဆောက်မည်ဟု သိရသည်။ တည် ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီး ချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အိမ်ရာအ ရောင်းပြခန်းများတွင် လက်ငင်း ငွေချေစနစ်၊ အရစ်ကျ ငွေချေ စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်သည်။

အိမ်ရာတိုက်ခန်းဈေးနှုန်း များအဖြစ် မြေညီထပ်မှာ ကျပ် ၂၀၅ သိန်းမှ အပေါ်ဆုံးငါးလွှာ မှာ ငွေကျပ် ၁၂၅ သိန်းအထိ ရှိ ပြီး အထပ်အရေအတွက်အလိုက် ကျပ်သိန်း ၂၀ စီ ဈေးနှုန်းကွာ ခြားမည်ဖြစ်ကြောင်း နန္ဒ၀န်အိမ် ရာတည်ဆောက်ရေးကုမ္ပဏီ တာ ၀န်ရှိသူက ပြောသည်။

‘‘အခုဆောက်တဲ့ မြေနေရာ က အစိုးရပိုင်မြေနေရာဆိုတော့ တည်ဆောက်စရိတ်လောက်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အဆောက်အအုံ၊ လမ်း၊ လျှပ်စစ် မီး စတဲ့အိမ်ရာအတွက် လိုအပ် တာအားလုံး ပါဝင်ပါမယ်။ ဦးစား ပေးစနစ်မှာတော့ အငြိမ်းစား၊ စစ် မှုထမ်းဟောင်း၊ ကျဆုံးစစ်သည် မိသားစု၊ ၀န်ထမ်းနဲ့ ဒေသခံပြည် သူတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်’’ ဟု နန္ဒ၀န်အိမ်ရာ တည်ဆောက်ရေး စီမံကိန်း တာ ၀န်ရှိသူတစ်ဦးက ပြောကြား သည်။

နန္ဒ၀န်အိမ်ရာ စီမံကိန်း တည်ဆောက်ရေးတွင် ကျန်ရှိသော တိုက်အလုံးရေ ၁၁ လုံး၊ အိမ်ခန်း ပေါင်း ၄၄၀ တည်ဆောက်ရေးအ တွက် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန ရုံးချုပ် နေပြည်တော်မှ တင်ဒါစနစ်ဖြင့် ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများအား ခေါ်ယူ ၍ ဆက်လက်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် အောင်ဇေယျလမ်းနှင့် မေတ္တာ လမ်းထောင့်ရှိ မြေ ၁၀ ဧကခန့် ပေါ်တွင် ရှစ်ခန်းတွဲငါးထပ် တည် ဆောက်နေပြီး အိမ်ခန်းများမှာ အိပ်ခန်းနှစ်ခန်းပါ မျက်နှာစာ ၂၁ ပေ ၉ လက်မ၊ ဘေးအလျား ၂၆ ပေ၊ ၅၁၅ စတုရန်းပေရှိသည်။ ရှစ်ခန်းတွဲ ငါးထပ်တိုက်အလုံးရေ ၂၂ လုံးတွင် အိမ်ခန်းပေါင်း ၈၈၀ ပါဝင်မည်ဖြစ်သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service