တာမွေယာယီဈေးကို အဆင့်မြှင့် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
690 Views

တာမွေယာယီဈေးကို အဆင့်မြှင့် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေ

တာမွေ (ယာယီ) ဈေးကို အဆင့်မြင့်ဈေး အဖြစ် ဆောက်လုပ်ရန် အစီအစဉ်ရှိနေပြီး ဈေးသူ
ဈေးသားများနှင့် ညှိနှိုင်းလျက်ရှိကာ အားလုံး၏ သဘောတူညီချက်ရပြီးချိန်တွင် ဆောက်လုပ်
ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်
ရှိသူတစ်ဦးက၊ပြောသည်။

"တည်ဆောက်မယ့်ပုံစံနဲ့ စတင်တည်ဆောက်မယ့်အချိန်ကို ဈေးသူဈေးသားတွေ နဲ့ ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းပြီးစီးမယ့်အချိန် မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင် သွားမှာဖြစ်ပါတယ်"
ဟု ဈေးများဌာနမှတာဝန် ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။ ထို အဆင့်မြှင့်တည်ဆောက်
ရေးလုပ်ငန်း ကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း
ဖေဖော် ၀ါရီလ ၃ ရက်နေ့ထုတ် နိုင်ငံတော်ပိုင် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဈေးအား အဆင့်မြင့်ဈေးအဖြစ် ပြန်လည် တည်ဆောက်ရာတွင် ဂမုန်းပွင့်ကုမ္ပဏီက တာဝန်ယူ
ဆောက်လုပ်မည်ဖြစ်ပြီး ဈေးသစ် တည်ဆောက်ရာတွင် အဓိကအချက်အဖြစ် လက်ရှိရောင်းချနေ
သော ဈေးရုံပုံစံအတိုင်း ပြန်လည်ချထားပေးနိုင်ရေး ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရကြောင်း၊ ဈေး
အ၀င်အထွက်လမ်းများ ဖြောင့်တန်းရန်လိုအပ်ပြီး ထိုမှသာ ဈေးရောင်းသူနှင့် ဈေးဝယ်သူများ နှစ်
သက်ကြ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ "၂၀၁၁ ဒီဇင်ဘာလ ၁ ရက်နေ့ ရန်ကုန် တိုင်းဒေ
သကြီး အစိုးရအဖွဲ့အစည်းအဝေး မှာ တာမွေ(ယာယီ)ဈေးကို ပြန်လည်တည် ဆောက်ဖို့ ဂမုန်း
ပွင့်ကုမ္ပဏီကို ခွင့်ပြုထားခဲ့ ပါတယ်။

အဲဒီအချိန်ကတည်းကလည်း ဈေးသူ၊ဈေးသားတွေနဲ့ ညှိနှိုင်းနေတာ ပါ" ဟု အဆိုပါ တာဝန်ရှိသူ
ကပြောသည်။ လျာထားသည့် တည်ဆောက်မည့်ပုံစံမှာ ခြောက်ထပ်အဆောက်အအုံဖြစ်
ပြီးသုံးထပ် ကို ကားပါကင်အဖြစ်တည်ဆောက်မည်ဖြစ် ကာ၊ သုံးထပ်ကို ဆိုင်ခန်းများ ဆောက်လုပ်
သွားမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလက တာမွေ (ယာယီ) ဈေးနေရာတွင် အထပ်မြင့်စီမံကိန်း တည်ဆောက်မည်ဟုဆိုကာ ဈေးနေရာကို ရွှေ့ရန်ညွှန်ကြားခဲ့သည့်အတွက် ဈေးသူ၊ ဈေးသား
အများစု ၀ိုင်းဝန်းကန့်ကွက်ကြပြီး စီမံကိန်းလည်း ပျက်ခဲ့ရသည်။ ယခုအကြိမ် တွင်မူ ဈေးကို
အဆင့်မြှင့်တင်ဆောက်လုပ် မည်ဆိုခြင်းအတွက် ဈေးသူဈေးသားများ သဘောတူကြကြောင်း
ဈေးသစ်တည်ဆောက် ရေးအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆွေး
နွေးခဲ့သည့် ဆိုင်ခန်းပိုင်ရှင် ဦးဟန်စိန်က ပြောသည်။ "အခြေအနေကတော့ ဆွေးနွေးနေတုန်း ပါပဲ။
ဌာနက တာဝန်ရှိသူတွေနဲ့ ဈေးကိုယ်စား လှယ်တွေပေါ့။ ဒါပေမဲ့ အခြေအနေအရမ်း ကောင်းပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဖြစ်စေချင်တာလေးတွေတင်ပြထားတယ်။ တချို့ဟာတွေ ညှိနှိုင်းနေ
ဆဲမို့ပါ။လတ်တလော တော့ ခြောက်ထပ်အဆောက်အအုံလို့ စီစဉ်ထားပါတယ်" ဟု ၎င်းကပြော
သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service