လုံးချင်း၊ ကွန်ဒို၊ မြေအငှားဈေးကွက်မြင့်တက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1279 Views

လုံးချင်း၊ ကွန်ဒို၊ မြေအငှားဈေးကွက်မြင့်တက်လျက်ရှိ

ဝယ်ရောင်းသမားတို့နှင့်မကင်းနိုင်သောရွှေ့ပြောင်းနေထိုင် ကြ သူများကြောင့်ယခုတစ်ပတ်တွင် လုံးချင်း၊ကွန်ဒို၊ မြေငှားဈေးကွက် မြင့်တက်လျက်ရှိနေသည်။ ရွှေ့ပြောင်းပြည်သူများဟုဆိုရာတွင်အိုး ပိုင်၊ အိမ်ပိုင်မရှိသော ပြည်သူများကိုဆိုလိုပါသည်။ အိမ်ငှားနေရသူ များသည် ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ်ဆိုသလို အိမ် ပြောင်း၊ အိမ်ရွှေ့အခက်အခဲများကို ကြုံတွေ့လာရသည်။

ပထမတစ်ကြိမ် စာချုပ်ချုပ်အပြီး နောက်တစ်နှစ်တွက် ရင်လေးနေ ကြရသည်။ အချို့ဝယ်ရောင်းသမားတို့သည် အိမ်ပိုင်ရှင်များနှင့်မ တွေ့ရဘဲ အိမ်ငှားများအား မိမိတို့ဈေးလိုရာအကွက်ရွှေ့ခံနေရပြီး၊ ငှားရမ်းနေထိုင်ရသူများဒုနှင့်ဒေးပင်ဖြစ်ပေသည် ဟုဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တို့ကဝေဖန်နေကြသည်။

မြို့တွင်းမဟုတ်ဘဲမြို့ တွင်းသို့ အလွယ်တကူသွားလာနိုင်သော သုဝဏ္ဏ VIP လိုနေရာ ပေ ၅၀၊ ပေ ၇၀ 2MBR ၊ 1BR ၊ 2AC ၊ ဖုန်းအပါ 1 1/2RC ဆိုလျင်ကျပ် ၁၀ သိန်းခန့်ပေးပြီး ငှားရမ်းနေထိုင်ကြရပြီး သုဝဏ္ဏ VIP တွင်ပင် ပေ ၄၀၊ ပေ ၉၀ 1MBR ၊ 2BR ၊ ပြုပြင်ပြီး 2RC ကိုကျပ် ၁၀ သိန်းပေး ၍နေထိုင်ကြရပြီး ခြောက်လခန့်စာချုပ်ချုပ်လျှင်ပင် အိမ်ငှားအနေ ဖြင့် သိန်း ၇၀ ဝန်းကျင်ကုန်ကျခဲ့ကြသည်။

ထိုသိန်း ၇၀ တွင်ပွဲစား တစ်ဦးနှုန်းနှင့် တစ်ဦးချိတ်ဆက်ပေးရုံဖြင့် တစ်လခပေးနေရခြင်းက လည်း ပွဲစားများအတွက် အူစိုသောကြောင့် အခြားသောပွဲစားတို့မှာ လည်း ထိုအိမ်ခြံမြေလုပ်ငန်းပေါ်တွင် အာရုံစိုက်လုပ်ကိုင်လာကြ သည်။

လုံချင်းအငှားဈေးကွက်တွင် ၇ မိုင်၊ မေခလမ်းတွင် 0.25 AC ၊ 3MBR ၊ 2BR ၊ 7AC ၊ Ph ၊ 2RC ကိုအမေရိကန်ဒေါ်လာ ၁၂၀၀၀ဖြင့် ငှားရမ်းနေကြရပြီး ကမ္ဘာအေးရိပ်သာလမ်းမ 0.3AC ကို 9MBR ၊ ph ၊ AC ၊ အဆင့်မြင့်ပြုပြင်ပြီး 3RC ဆိုလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဖြင့်ငှားရမ်းနေထိုင်ကြရသည်။

ပြည်လမ်းကမာရွတ်မြို့နယ် ပေ ၁၀၀ ပတ်လည် 4MBR၊ Ph၊ 3Ac-2RC ဆိုလျှင် လက်ရှိဈေး ကွက်တွင် အမေရိကန်ဒေါ်လာ ၇၀၀၀ဖြင့် ငှားရမ်းနေထိုင်ကြ ရ ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုဝင်းချိုက ဆိုပါသည်။

တိုက်ခန်းလုံးချင်းများ အငှားသွက်နေသလို ကွန်ဒိုများလည်း အငှား ဈေးကွက်တွင်ကျယ်လာကြောင်း အိမ်၊ ခြံ၊ မြေ လေ့လာသူများ အဆိုအရ သိရှိရသည်။ မြို့လယ် Pansoden Business Tower (1370 sqft ) 1M ၊3AC၊ ကြမ်းခင်း၊ ပါကေးခင်းပြီးအခန်းကို အမေရိ ကန်ဒေါ်လာ ၃၅၀၀နှင့် အငှားရှိပြီး Excel Tower( 2000 sqft) ပြင်ပြီးကို ကျပ် ၂၅ သိန်းဖြင့်အငှားရှိပြီး၊ နဝဒေးကွန်ဒို (1250 sqft) 1M၊ 1B၊ ကြွေပြားခင်းပြီးကို တစ်လလျှင် ၁၀ သိန်းဖြင့်ငှားရန် ဈေးဖွင့်ထားသည်။ ဓနလှိုင်တာဝါလိုနေရာမျိုးတွင် (1200 sqft) 3B၊ AC ကြွေခင်းကိုငွေကျပ် ၈ သိန်းဖြင့် ငှားယူနိုင်ကြောင်းသိရှိရ သည်။

ငွေကြေးတတ်နိုင်သူများသည် ကွန်ဒိုလိုနေရာမျိုးတွင်ကြိုပွိုင့်များ ဖြင့်ဝယ်ယူပြီး အသေးစား၊ အလတ်စား၊အကြီးစားပြင်ဆင်မှုများ ပြုလုပ်ကာ
ဈေးကွက်ဖြန့်ကာ ပြန်လည်ရောင်းချကြသူများလည်း ရှိလာကြသည်။ ကွန်ဒိုအရောင်းဈေးကွက်သည် ဗိုလ်ရာညွှန့်လမ်း ကွန်ဒိုတွင် (1250Sqft) 1M၊ 1B ပါကေးခင်းပြီးကို ကျပ်သိန်း ၃၅၀၀ဖြင့် ရောင်းချနေပြီး တက္ကသိုလ်ရိပ်မွန်ကွန်ဒိုတွင် (1250 Sqft) 1M၊ 2B၊ 5Ac ဖုန်းပါပြီးပါကေးခင်းပြီးသားကို ကျပ်သိန်း ၃၀၀၀ဖြင့် အရောင်းအ၀ယ်ဖြစ်ပြီး ဘုရင့်နောင်တာဝါ (1350 Sqft) 1M 2B 4Ac Fumi ပါကေးခင်းပြီးကို ကျပ်သိန်း 2650 ဖြင့်အ ရောင်းရှိနေကြောင်း သိရသည်။

ကွန်ဒိုများအား ကြိုပွိုင့်များဖြင့် ဝယ်ယူလိုလျှင် ကန်လမ်းကွန်ဒိုတွင် ( 1281Sqft) ကိုကျပ်သိန်း ၂၄၅၀ ဖြင့် ဈေးခေါ်ထားပြီး တိုက်ခန်းအ ရောင်းဆိုလျှင် ကျောက်တံတားမြို့နယ် ၃၆ လမ်း၊ GF (၁၂.၅ပေ ၄၀ပေ)ဖုန်းပါ၊ ကြွေပြားနှင့်ပါကေးခင်းပြီး ထပ်ခိုးအပါကို ကျပ်သိန်း ၁၅၀၀ ဖြင့်အရောင်းဈေးခေါ်ထားပြီး ၂၉ လမ်း ဒုတိယထပ် ၁၇ ပေ၊ ၄၅ ပေ၊ 1B ကို ကျပ်သိန်း ၁၂၀၀ ဖြင့်ဈေးခေါ်ထားပြီး၊ ၃၈ လမ်း ၅ လွှာ ၁၄ ပေ၊ ၅၀ ပေ၊ ဟောတိုက်ဖြစ်ပြီး ပါကေးခင်းပြီးကို ကျပ်သိန်း ၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

မည်သို့ပင်ဆိုစေကာမူ အိုးပိုင်အိမ်ပိုင်မရှိသူများနှင့် ရွှေ့ပြောင်းနေ ထိုင်သူများအနေဖြင့် ဝယ်ရောင်းဈေးကွက်၊ အိမ်၊ ခြံ၊ မြေအကျိုး ဆောင်များကိုပင် ၎င်းတို့နေထိုင်ရေးအတွက် အားကိုးတစ်ကြီး ဆက်ဆံနေရမည်ဟု ဆိုရပေမည်။ လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခြင်းထက် အငှားစိတ်နေသည့်အတွက် အကျိုး ဆောင်သူတို့ အူစိုသောအချိန်ပင်ဖြစ်နေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service