အိမ်ငှားတို့၏ အနာဂတ်လားရာ - Property News in Myanmar from iMyanmarHouse.com
1427 Views

အိမ်ငှားတို့၏ အနာဂတ်လားရာ

ရန်ကုန်မြို့……...ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးမြို့တော်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းပေါများသော နေရာတစ်ခုလည်းဖြစ်သည်။ထို့အပြင် ဘဝတိုးတက်မှုအတွက် အကောင်းဆုံးကြိုးစားနိုင်ရာ နယ်မြေလည်းဖြစ်သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံ အတွင်းဖွံ့ဖြိုးတက်မှု အမြန်ဆုံးဖြစ်သည့် ရန်ကုန်မြို့သည် တစ်နိုင်ငံလုံး လူဦးရေ၏အလုပ်ကိုင်ရရှိမှုကို လည်း သယ်ပိုးနေရသည်။ ထို့အတွက်လည်း မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် အလုပ်သမားဦးရေအ အများဆုံးနေရာတစ်ခုဖြစ်နေတော့သည်။ အခြားသောတိုင်းနှင့် ပြည်နယ်နေ အလုပ်သမားတို့မှာလည်း အလုပ်အကိုင်အခွင့်အလမ်းပေါများသော ရန်ကုန်သို့ရွှေ့ပြောင်းလုပ်ကိုင်ကြသည်။ ယင်းတို့ကြောင့် ရန်ကုန်မြို့၏ ရှိရင်းစွဲမြေဧရိယာနှင့် နေထိုင်သောလူဦးရေတို့မှာ မမျှတသည့်အတွက် ရန်ကုန်မြို့ တွင်လူဦးရေနေထိုင်မှုမှာ သိပ်သည်းလာရပေသည်။လူဦးရေနေထိုင်မှု များပြားလာသည်နှင့်အမျှနေ ထိုင်အခြေချရန် အိမ်၊ခြံ၊မြေ လိုအပ်မှုမှာမြင့်တက်လာသည်။

အခြားသောပြည်နယ်နှင့်တိုင်းမှ ရန်ကုန်သို့လာရောက်၍ အလုပ်လုပ်ကိုင်သောသူတို့သည် ၎င်းတို့ အဆင်ပြေစွာနေထိုင်ရေးအတွက် လုံးချင်းအိမ်ဖြစ်စေ၊ မြေဖြစ်စေ၊ တိုက်ခန်းဖြစ်စေ ငှားရမ်း၍ သော်လည်းကောင်း၊ ဝယ်ယူ၍သော်လည်းကောင်း နေထိုင်ကြသည်။ ထို့အပြင် အကြောင်းအမျိုးမျိုး ကြောင့်ငှားရမ်း၍ နေထိုင်ရသော လူဦးရေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းများပြားလာသည်။ ထို့အ တွက်ပင် ယခုအခါရန်ကုန်မြို့၏ အိမ်ငှားနေထိုင်မှုမှာ များပြားလာကာ အိမ်ခြံမြေသိုလှောင်သူတို့ အကြိုက်တွေ့စေသည်။” နယ်ကနေ အလုပ်လာလုပ်တာဆိုတော့ အိမ်မဝယ်တော့ပါဘူး။ အလုပ်နဲ့ နီးတဲ့ နေရာမှာ ငှားပြီးနေလိုက်တယ်။ဒါပေမဲ့ ခုအိမ်ငှားစရိတ်က တစ်နှစ်ထက်တစ်နှစ်ပိုပြီး မြင့်တက်နေတယ် ဒီနှစ်ငှားတဲ့ အိမ်ကိုနောက်နှစ်ဒီဈေးနဲ့ရချင်မှရတာ။ အများအားဖြင့်တော့ တိုက်ခန်းငှားပြီးနေဖြစ်တယ်။ မြို့ထဲမှာဆိုတော့ လုံးချင်းအိမ်ငှားဖို့ဆိုတာ တော်တော်ခက်ပါတယ်။ အလုပ်အများစုကလည်း မြို့ထဲမှာ ပဲရှိတာကို။ သူငယ်ချင်းသုံး၊လေး ယောက်လောက်စုပြီး (၂)သိန်းခွဲတန် တိုက်ခန်းငှားနေဖြစ်တယ်။ အိမ် ကိုလည်းငွေပြန်ပို့နေရတော့ ရန်ကုန်မှာကိုယ်ပိုင်တိုက်ခန်းဝယ်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။” ဟုဧရာ ဝတီတိုင်းမှ ရန်ကုန်သို့လာရောက်အလုပ် လုပ်ကိုင်သူတစ်ဦးက တိုက်ခန်းငှားရမ်းနေထိုင်ရသည့်ပုံစံကို ပြောပြခဲ့သည်။

ယင်းကဲ့သို့ နေရပ်မှ ခေတ္တခွာကာ ရန်ကုန်သို့လာရောက်အလုပ် လုပ်ကိုင်သူများရှိသလို ၂၀၀၈ ခု နှစ်အတွင်းမြန်မာနိုင်ငံ၌ ကြုံတွေ့ခဲ့ရသော နာဂစ်မုန်တိုင်းကြောင့် နေရပ်ကိုစွန့်၍ ရန်ကုန်သို့အခြေချရန် ရွှေ့ပြောင်းနေထိုင်သူများလည်းရှိခဲ့သည်။ ထို့အတွက်လည်း ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ဝယ်လိုအားမြင့်တက်ခဲ့ကာ ဈေးနှုန်းလည်းမြင့်မားခဲ့သည်။ ထို့အပြင် ဈေးကွက်လှုပ်ရှားသူတို့၏ ဈေးကွက်မြင့်မှုကြောင့်လည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းတို့မှာ ပို၍ပင်မြင့်တက်ခဲ့ရသည်။ ရန်ကုန်တွင် အိမ်၊ ခြံ၊ မြေလိုအပ်မှု မြင့်တက်လာမည်ကို သိရှိ၍ ဈေးကွက်လှုပ်ရှားသူတို့မှာ ငွေအရင်းအနှီးစိုက်ထုတ်၍ အိမ်၊ ခြံ၊ မြေတို့ကို ဝယ်ယူသိုလှောင်ကြသည်။ ယင်းအတွက်ပင် ရန်ကုန် အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ သိသိသာ သာမြင့်တက်ပြောင်းလဲခဲ့သည်။ “စီးပွားရေးလုပ်တဲ့သူတွေကတော့ အမြတ်အတွက်အလုပ် လုပ်ကြတာ ပဲ။ လက်ရှိဈေးကွက်မှာ ဘယ်ဟာကပိုပြီးလိုအပ်လာမလဲဆိုတဲ့ Demand ကိုအမြဲတမ်းလေ့လာနေတာ အဲ့အထဲမှာ အိမ်ခြံမြေလည်း ပါဝင်တာပေါ့။ အိမ်၊ ခြံ၊ မြေဆိုတာက စီးပွားရေးလုပ်ငန်းရှင်တိုင်း မဖြစ်မ နေပြုလုပ်ကြတဲ့ စီးပွားရေးတစ်ခုပါ။ ကြာကြာ လှောင်ထားနိုင်လေ ကိုယ့်အတွက်ပိုအကျိုးဖြစ်လေပဲ။ အဲ့တော့ အခုရန်ကုန်မှာနေထိုင်တဲ့လူဦးရေက များလာပြီ ဆိုရင် အိမ်၊ ခြံ၊ မြေလိုအပ်မှုက သိသိသာသာ မြင့်တက်လာလိမ့်မယ်။ဝယ်လိုအားများတဲ့ပစ္စည်းက ဈေးမြင့်နေဦးမှာပါ။”ဟု တက္ကသိုလ်ကျောင်းဆရာ တစ်ဦးက ရန်ကုန်မြို့အိမ်ခြံမြေဈေးနှုန်းမြင့်တက်လာမှုအပေါ် သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အိမ်၊ ခြံ၊ မြေဝယ်ယူသိုလှောင်သူတို့မှာ ၎င်းတို့၏အိမ်၊ ခြံ၊ မြေတို့ကို ရောင်းချ ခြင်းထက် ငှားရမ်းခြင်းကိုသာအဓိကလုပ်ဆောင်နေကြသည်။ လက်ရှိရန်ကုန်မြို့တွင် အိမ်၊တိုက်ခန်း ဈေးနှုန်းများကြောင့် နှစ်ဦးသဘောတူ ဘဝသစ်ထူထောင်သူများအနက် သာမန်ဝန်ထမ်းတို့မှာလည်း အိမ်ငှားအဖြစ်သာ ပိုမိုနေထိုင်နေကြသည်။ “ရန်ကုန်မှာ နေစရိတ်ကကြီးတယ်။ တိုက်ခန်းဈေးနှုန်း တွေက ၇ လွှာတောင် 300(သိန်း) အောက်မဆင်းဘူး။ ဈေးနှုန်းသက်သက်သာသာ နဲ့က သန်လျင်တို့၊ လှိုင်သာယာတို့၊ နောက်ပြီး ဒဂုံဘက်တို့မှာပဲရှိတာ၊ အဲ့ဒီနေရာတွေသွားနေရင်လည်း အလုပ်နဲ့က တော်တော်ကြီးအလှမ်းဝေးသွားပြီ။ ဒီတော့ အလုပ်နဲ့နီးတဲ့နေရာမှာပဲ တိုက်ခန်း ကိုတစ်လ (၁)သိန်းပေးပြီးငှားလိုက်တယ်။ စာချုပ်ပြည့်ခါနီးမှာ ပွဲစား ကနောက်ထပ်အိမ်ငှားမယ့်သူတွေ ခေါ်လာ တယ်။ အိမ်ပြောင်းရတယ်ဆိုတာမလွယ်ပါဘူး။ ပွဲစားခေါ်ပြီး ညှိရတာပေါ့။ အိမ်ငှားခတော့တိုးပေးရတာ ပေါ့။ အိမ်ရှင်ကို ပြောပေးလို့ ပွဲစားကိုလည်းတစ်လခပေး လိုက်ရသေးတယ်။”ဟု အိမ်ငှားနေထိုင်သူ တစ်ဦးက အိမ်ပွဲစားနှင့် အလုပ်လုပ်ရသည့်အခက်အခဲကိုပြောပြခဲ့သည်။ ယခုရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ပွဲစား(အကျိုးဆောင်သူ)တို့နှင့် လုပ်ကိုင်ရာတွင် အိမ်ငှားမည်ဆိုပါက အိမ်ငှားခတစ်လစာ ငွေကြေးကို ဝန်ဆောင်ခအဖြစ်ပေးရသည်။ လက်ရှိရန်ကုန်မြို့တွင် အိမ်ငှားဈေးကွက်အတွင်ကျယ်ဆုံးနေရာတို့မှာ မရမ်းကုန်း၊ စမ်းချောင်း၊ တာမွေ၊ ရေကျော် စသည့် နေရာများနှင့် ရန်ကုန်မြို့လယ်ကောင်တို့တွင်ရှိနေ သည်။ ထို့အပြင် အနယ်နယ်အရပ်ရပ်မှရန်ကုန်သို့လာရောက်၍ ပညာသင်ယူမည့်သူများမှာလည်း တိုက်ခန်းငှားနေခြင်းထက် အဆောင်နေသူပို၍ပင်များပြားနေသည်။ ရန်ကုန်မြို့တွင်းနေရာများသည် ရုံး၊ အလုပ်တိုက်အဖြစ်အသုံးပြုရန်ကောင်းသည့်နေရာများဖြစ်၍ တိုက်ခန်းငှားဈေးကွက်မှာ တွင်ကျယ် နေပြီဖြစ်သည်။ ထို့အတွက်ရန်ကုန်မြို့၏လက်ရှိအိမ်ခြံမြေဈေးကွက်မှာ ငှားရမ်းနေထိုင်သူများပြား၍ အရောင်း/အဝယ်ထက် ငှားရမ်းခြင်းကိုသာလုပ်ကိုင်နေကြပြီး အိမ်ရှင်၊အိမ်ငှားတို့ထက် အကျိုးဆောင် သူ(ပွဲစား)တို့မှာ ပို၍လုပ်ငန်းကောင်းနေကြသည်။ အရေအတွက်ဖြင့် တွက်ချက်ကြည့်မည်ဆိုပါက ရန်ကုန်မြို့တွင်း၌ တိုက်ခန်းငှားရမ်း၍ နေထိုင်မှုမှာ ပိုမိုများပြားနေသည်။ ရန်ကုန်မြို့အိမ်ငှားရမ်းမှုများ ပိုမိုများပြားလာသည့်အလျောက် အိမ်ငှားရမ်းခများမှာလည်း မြင့်တက်နေဦးမည်ဖြစ်သည်။ “ပွဲစား ဆိုတာကတော့ ကိုယ့်အတွက်မကျန်ရင် ဘာမှမလုပ်ဘူးလေ။ ဒါပေမဲ့ ပွဲစားတိုင်းတော့ မကောင်းတာ မဟုတ်ပါဘူး။ အိမ်ငှားစရိတ်က တစ်လနဲ့တစ်လတောင်မတူပါဘူး။ အများအားဖြင့်တော့ တက်နေတာပဲ၊ ငှားတဲ့လူမရှိမှဘဲ ဈေးကျတာ၊ အခုအနေအထားနဲ့ဆိုရင် ဒါမျိုးကလည်း ရှားပါတယ်။

အခုဈေးကွက်အနေအထားက အိမ်ငှားချင်တဲ့လူကများ ပြီး ငှားမဲ့နေရာကရှားနေတော့ အိမ်ငှားခက မြင့်နေတာပေါ့၊ နေရာကောင်းလေ ဈေးမြင့်လေပဲ” ဟု ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူ တစ်ဦးက လက်ရှိရန်ကုန်အိမ်ငှားဈေးကွက်ကို သုံးသပ်ခဲ့သည်။

“အိမ်ငှား ဘဝကနေတော့ ဘယ်သူမဆိုလွတ်ချင်မှာပါ။ ကိုယ်ပိုင်အိမ်နဲ့နေရတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတယ်၊ အဲ့အတွက်ပဲရုန်းကန် လှုပ်ရှားနေကြတာပါ။” ဟု အိမ်ငှားရမ်းနေထိုင်သူတစ်ဦးက ၎င်း၏ယုံကြည်ချက်ကိုပြောပြခဲ့သည်။ သို့သော်အချို့အကျိုးဆောင်တို့မှာ အိမ်ငှားသည့် စာချုပ်သက် တမ်းမကုန်ဆုံးမီ ပွဲစားခထပ်မံရရှိရေးအတွက် အခြားသော အိမ်ငှားမည့်သူများကို ခေါ်လာကာ အိမ်ပြ လေ့ရှိပြီး လက်ရှိနေထိုင်သူတို့မှ ထပ်မံငှားမည်ဆိုပါက အိမ်ငှားစရိတ်တိုးတောင်းလေ့ရှိကြသည်။ ထို့အပြင် ယင်းအကျိုးဆောင်တို့မှာအိမ်ပိုင်ရှင်ထံ တိုက်ခန်းအားထပ်မံငှားရမ်းရန် ပြောဆိုပေးရသည့် အတွက်ဝန်ဆောင်ခတစ်လစာကို ရယူကြပြန်သည်။ အိမ်ပိုင်ရှင်မှာလည်း အိမ်ငှားခတိုး၍ရသည့် အတွက် အဆင်ပြေသလို ပွဲစားမှာလည်း ဝန်ဆောင်ခရ၍အဆင်ပြေလှသည်။ သို့သော် အိမ်ငှား ဆိုသူမှာတော့ မိအေးနှစ်ခါနာဘဝသို့ရောက်ရပေသည်။ ယင်းမှာအိမ်ငှားတို့ အားအကာကွယ်ပေးမည့် ဥပဒေမရှိခြင်း၏ အကျိုးရလာဒ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အိမ်ရှင်၊ အိမ်ငှား တို့အတွက် စာချုပ်ရှိသော်လည်း အိမ်ငှားတို့အတွက် သိပ်ပြီးအကာကွယ်မဖြစ်လှပေ။ အိမ်၊ ခြံ၊ မြေဈေး ကစားသူတို့၏ အကျိုးကျေးဇူးကြောင့် ရန်ကုန်မြို့ အိမ်ငှားရမ်းခဈေးနှုန်းက မြင့်တက်နေဦးမည်ဖြစ် သည်။ အိမ်ပိုင်ရှိသူတို့က ပိုင်ဆိုင်မှုအရေတွက်များပြားလာကာ အိမ်ငှားတို့က အိမ်၊ ခြံ၊ မြေဈေးနှုန်း မြင့်တက်မှုကြောင့် အိမ်ငှားဘဝဖြင့်သံသယာလည်နေဦးမည်ဆိုပါက မြန်မာနိုင်ငံ၏လူနေမှု အဆင့် အတန်းမြင့်မားစေရမည်ဟူသောရည်ရွယ်ချက်မှာ လွယ်ကူဦးမည်မဟုတ်ပေ။ အစိုးရမှလည်း မိမိနိုင်ငံ သားတို့ အိမ်ပိုင်ဆိုင်မှုရှိစေရန်ဆောင်ရွက်ပေးသင့်သည်။ အိမ်ပိုင်ဆိုင်စေရန် အခွင့်အလမ်းဖော်ဆောင် ပေးသင့်သည်။ အနာဂတ်လူနေမှု ဘဝများကို အဆင့်မြှင့်တင်မည်ဆိုပါက အိမ်ငှားအဖြစ် နေထိုင် သူများကိုလည်း အိုးပိုင်၊အိမ်ပိုင်ဖြစ်အောင်တာဝန်ရှိသူတို့က တစ်ဖက်တစ်လမ်းမှစီမံပေးသင့်သည်။ လက်ရှိမြန်မာနိုင်ငံ၏ အိမ်ငှားတို့၏ အနာဂတ်လားရာကတော့ ဥပဒေမရှိသေးသ၍ ပွဲစား၊ အိမ်ပိုင်ရှင် တို့၏ လှိမ့်လုံး၊ ပတ်လုံးများနှင့် အိမ်ခြံမြေ ဈေးနှုန်းကြီးမြင့်မှုကြား ရုန်းကန် နေရဦးမည်ဖြစ်ကာ အိမ်ပိုင် ဆိုင်နိုင်ရန် မျှော်လင့်ချက်များနှင့် လူ့ပတ်ဝန်းကျင်တွင် ရွေ့လျားလှုပ်ရှား နေရဦးမည်ဖြစ်သည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service