ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း များအား မတ်လ (၅) ရက်နေ့တွင် တရားဝင် အပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
1005 Views

ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း များအား မတ်လ (၅) ရက်နေ့တွင် တရားဝင် အပ်နှံမည်

လှိုင်သာယာမြို့နယ် အတွင်းရှိ ရွှေလင်ပန်း တိုက်ခန်းများအား ၀ယ်ယူခွင့် ရရှိသူများထံ လာမည့် မတ်လ ငါးရက်နေ့တွင် တရားဝင် အပ်နှံမည် ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန (စီမံကိန်း) ညွှန်ကြားရေး မှူး ဦးယုခိုင်က ပြောသည်။

ယမန်နေ့က မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန (ရန်ကုန်တိုင်းရုံး) တွင် ပြုလုပ်သည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ဝယ်ယူခွင့် ရရှိသူ များအား ရှင်းလင်း ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူခွင့် ရရှိသူတွေ အနေနဲ့ နောက်ဆုံးငွေ ပေးသွင်း ရမယ့် ရက် အတိအကျကို မသတ်မှတ်ရ သေးပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံး ပေးသွင်း ရမှာ ဖြစ်ပါတယ် ဟု ဦးယုခိုင်က ပြောသည်။

ယခုကဲ့သို့ ဆောင်ရွက် ပေးခြင်းသည် အိမ်ရာ စီမံကိန်း အတွင်း တိုက် (၂၄) လုံးမှ အခန်းပေါင်း (၅၇၆) ခန်းအား မဲစနစ်ဖြင့် ဝယ်ယူခွင့် ပေးခဲ့ခြင်း ဖြစ်ကာ ၀ယ်ယူခွင့် လျှောက်ထားသူ (၆၈၀၀၀)ကျော်မှ မဲနှိုက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ကျွန်မတို့အနေနဲ့ တိုက်ခန်း တစ်ခန်း အတွက် အခုလို သင့်တင့်တဲ့ နှုန်းနဲ့ ဝယ်ယူခွင့် ရတာကို ဝမ်းသာ ပါတယ်။ ဒါပေမဲ့ ငွေအကျေ သွင်းပြီးလို့ နောင်တစ်ချိန် ပြန်လည် ရောင်းချမယ် ဆိုရင် ဌာနကို ပြန်အပ် ရမယ် ဆိုတဲ့ အချက် က တစ်မျိုးတော့ ဖြစ်နေတယ် ဟု တိုက်ခန်း ဝယ်ယူခွင့် ရရှိသူ မချိုနိုင် က ဆိုသည်။

အဆိုပါ တိုက်ခန်းများ ငွေပေးချေမှုကို အမျိုးအစား သုံးမျိုး ခွဲခြား ထားပြီး တစ်ကြိမ်တည်း အကျေပေးချေ စနစ်၊ လေးလ တစ်ကြိမ် အရစ်ကျ ပေးချေ စနစ်နှင့် ချေးငွေဖြင့် လစဉ် လေးနှစ် ဆက်တိုက် ငွေပေးချေ စနစ်တို့ ဖြစ်သည် တိုက်ခန်းဈေးများမှာ ကျပ်သိန်း (၁၁၀)မှ ကျပ်သိန်း (၁၂၀) အထိ အသီးသီး သတ်မှတ်ပေး ထားကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service