လုပ်ငန်းခေတ္တရပ်ဆိုင်းခံရသည့် ဒဂုံစီးတီးစီမံကိန်းကို အင်ဂျင်နီယာအသင်း စစ်ဆေးပြီး - Property News in Myanmar from iMyanmarHouse.com
1213 Views

လုပ်ငန်းခေတ္တရပ်ဆိုင်းခံရသည့် ဒဂုံစီးတီးစီမံကိန်းကို အင်ဂျင်နီယာအသင်း စစ်ဆေးပြီး

ရွှေတိဂုံစေတီမြင်ကွင်း ကွယ်၊ မကွယ်စစ်ဆေးရန် တည် ဆောက်ရေးလုပ်ငန်းများခေတ္တ ရပ်ဆိုင်းခြင်းခံထားရသည့် ဒဂုံစီး တီးစီမံကိန်းကို မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး မူလ ရေးဆွဲထား သည့် စီမံကိန်းပုံစံအတိုင်း တည် ဆောက်ခွင့်ရနိုင်ကြောင်း Marga Land Mark ကုမ္ပဏီက ယနေ့ သတင်းထုတ်ပြန်သည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ရပ်ဆိုင်းလိုက်သည့် စီမံကိန်း ငါးခုအနက် တစ်ခုအပါအ၀င်ဖြစ် သော ဒဂုံစီးတီးစီမံကိန်းကို ဇန်န ၀ါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံ အင် ဂျင်နီယာအသင်းက လာရောက် စစ်ဆေးခဲ့ပြီး ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများ လိုက် နာပြီး တည်ဆောက်မည်ဖြစ်သောကြောင့် မကြာမီ ဆောက်လုပ်မှုများ ပြန်လည်စတင်နိုင်တော့မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရပ်ဆိုင်းထားသည့် စီမံကိန်း ငါးခုကို မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းက စတင်စစ်ဆေးနေပြီး ရလဒ်ကို ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်ပေးမည်ဟု အဆိုပါအသင်းအတွင်းရေးမှူး မမေမြတ်နိုးကပြောကြားထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိ ထားသည့် အဆိုပါအိမ်ရာစီမံ ကိန်းမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ သတ် မှတ်မည့် ဇုန်ဧရိယာအတွင်း ရှိ နေသည်။

အဆိုပါဒဂုံစီးတီးစီမံကိန်းမှ ရွှေတိဂုံစေတီနှင့် နီးစပ်စွာရှိနေ ပြီး တည်ဆောက်လိုက်ပါက စေတီ၏ မြင်ကွင်းလမ်းကြောင်း ကွယ်ပျောက်စေနိုင်သောကြောင့် ယင်းနေရာတွင် စီမံကိန်း လုပ် ဆောင်ရန် မသင့်ကြောင်း မြို့ပြ ဆိုင်ရာကျွမ်းကျင်ပညာရှင်များ နှင့် စောင့်ကြည့်လေ့လာသူအဖွဲ့ အစည်းများက ထောက်ပြပြောဆို ထားသည်။

ထို့အပြင် ယင်းမြေနေရာ တွင် စီမံကိန်းများ စတင်နေစဉ် အတွင်း အမြင့်ပေ သတ်မှတ် ချက်မှာလည်း အတည်မဖြစ်သေး ဘဲ စည်ပင်နှင့် ညှိနှိုင်းဆဲသာဖြစ် ကြောင်း မြို့ပြစီမံကိန်းမြေယာ ဌာန ညွှန်ကြားရေးမှူး ဦးတိုး အောင်က မီဒီယာများနှင့် တွေ့ဆုံ စဉ်ပြောကြားထားသည်။

အဆိုပါဧရိယာတွင် အ ဆောက်အအုံများ ဆောက်လုပ်ပါ က ရွှေတိဂုံစေတီရင်ပြင်တော် အမြင့်အထိသာ တည်ဆောက်ရ မည်ဖြစ်ပြီး အခန်းတစ်ခန်းလျှင် ၁၂ ပေ နှုန်းဖြင့် အမြင့်ပေ ၁၄၄၊ ၁၂ ထပ်အမြင့်အထိသာ တည် ဆောက်သွားရန် ကုမ္ပဏီကရည် ရွယ်ထားသည်ဟု ၂၀၁၄ ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားထားသည်။

သို့သော်စစ်တပ်မှ လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိသည့် အဆိုပါ မြေနေရာကို ကုမ္ပဏီက မည်ကဲ့ သို့ လွှဲပြောင်းရရှိထားသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြော ဆိုခြင်းမရှိပေ။

အဆိုပါအိမ်ရာစီမံကိန်းကို မြန်မာကုမ္ပဏီ သုခရတနာ၊ ဟောင်ကောင်နှင့် ဗြိတိန်ရင်းနှီး မြှုပ်နှံသူများပါဝင်သည့် Marga- Land Mark ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ငါးနှစ်မှ ခြောက်နှစ်အတွင်း အခန်းပေါင်း ထောင်ကျော်ပါဝင်မည့် စီမံကိန်း ကို အပြီးဆောင်ရွက်မည် ဖြစ် သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထ မပတ်က ရွှေတိဂုံစေတီနှင့် နီးစပ် စွာ တည်ရှိသည့် စစ်တပ်ပိုင်မြေ များတွင် တည်ဆောက်မည့် အ ထပ်မြင့် စီမံကိန်း ငါးခုကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခေတ္တ ရပ်ဆိုင်းထားခဲ့သည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service