ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအနီးရှိ မြေဧက ၄၀၀ကျော် စက်မှုဥယျာဉ် တည်ဆောက်ရန် တင်ဒါခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
1708 Views

ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအနီးရှိ မြေဧက ၄၀၀ကျော် စက်မှုဥယျာဉ် တည်ဆောက်ရန် တင်ဒါခေါ်ယူ

ဒဂုံမြို့သစ် အရှေ့ပိုင်း ရွာသာကြီးစိတ်ကျန်းမာရေး ဆေး ရုံအနီးရှိ မြေဧက ၄၀၀ ကျော်တွင် စက်မှုဥယျာဉ်တည်ဆောက်ရန် လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

‘‘မြေက အစိုးရပိုင်မြေပါ။ တည်ဆောက်လိုသူကို တင်ဒါခေါ် တာပါ။ ကုမ္ပဏီတစ်ခုကိုပဲ ရွေး ချယ်လုပ်ကိုင်ခွင့်ပေးမှာပါ’’ဟု ရန်ကုန်တိုင်းဒေသကြိး အစိုးရအ ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယင်းမြေဧက ၄၀၀ ကျော် တွင် တည်ဆောက်လိုသူလုပ်ငန်း ရှင်ကို တင်ဒါစနစ်ဖြင့် ရွေးချယ် ပြီးပါက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်ရင်းနှီးမြှုပ်နှံလိုသူများအား ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း အထက်ပါအရာရှိက ပြောသည်။

စက်မှုဥယျာဉ်တည်ဆောက် ရန် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး လာရောက်လျှောက်ထားသည့် ကုမ္ပဏီအဖွဲ့အစည်းများအနက် အများပိုင်ကုမ္ပဏီများကို ဦးစားပေးရွေးချယ်မည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာထားသည်။

ယခုခေါ်ယူသည့် တင်ဒါပုံစံ မှာ သီလ၀ါစီးပွားရေးအထူးဇုန် တွင် တင်ဒါခေါ်ယူသည့် ပုံစံမျိုး နှင့် ဆင်တူပြီး အများပိုင်ကုမ္ပဏီ များကို ဦးစားပေးရွေးချယ်မည် ဆိုခြင်းကြောင့် ပို၍ ပွင့်လင်းမြင်သာမှုရှိလာသည့် အနေအထားမျိုးရှိကြောင်း မြင့်မိုရ်မင်းဆောက် လုပ်ရေးလုပ်ငန်းရှင်က သုံးသပ် သည်။

ယခုစီမံကိန်းမှာ ရွာသာကြီး မလစ်ကျေးရွာအနီးတွင်ရှိပြီး ယင်းနေရာ၌ နောက်ပိုင်း၌ အစိုးရက လုပ်ဆောင်မည့် စီမံကိန်းအချို့ရှိ သောကြောင့် ဖွံ့ဖြိုးလာနိုင်သည့် အနေအထားရှိကြောင်း အထက် ပါလုပ်ငန်းရှင်က သုံးသပ်သည်။

ရွာသာကြီးတွင် မြန်မာ့မီးရ ထားကလည်း ယခုနှစ်အတွင်း ကုန်တင်ကုန်ချဝန်ဆောင်မှုများ ပြုလုပ်မည့် ကုန်းတွင်းဆိပ်စီမံ ကိန်းလုပ်ဆောင်ရန် လျာထားပြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှလည်း တန်ဖိုးသင့်တင့်အိမ်ရာစီမံကိန်းများ တည်ဆောက်ရန် လျာထားသည့် မြေနေရာအချို့ရှိ ကြောင်း သိရသည်။

စီမံကိန်းအကောင်အထည် ဖော်မည့်မြေနေရာများတွင် လယ် ယာမြေများစွာရှိပြီး အများစုမှာ လန(၃၉)ဖောက်ထားသည့် လယ် မြေများ၊ ပလပ်မြေများဖြစ်ပြီး အချို့မှာ အကွက်ရိုက်၍ ရောင်း စားနေသည့် မြေနေရာများဖြစ် ကြောင်း သိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service