ကျူးကျော်သူကို မြေရှင်က နစ်နာကြေးပေးပြီး ဖယ်ခိုင်းရ - Property News in Myanmar from iMyanmarHouse.com
1193 Views

ကျူးကျော်သူကို မြေရှင်က နစ်နာကြေးပေးပြီး ဖယ်ခိုင်းရ

ဝယ်ပြီးပစ်ထားတဲ့မြေကွက်တွေပေါ်က ကျူးကျော်နေထိုင်သူတွေကြောင့် ပိုင်ရှင်တွေနဲ့ နစ်နာကြေးပေးပြီးတော့ ဖယ်ခိုင်းရ တဲ့အဖြစ်တွေ ရှိတယ်လို့ ကြုံတွေ့ခဲ့ရသူတချို့ဆီက သိရပါတယ်။

မြို့သစ်တချို့နဲ့ မြို့စွန်တချို့မှာ မြေကွက်အလွတ်တွေဝယ်ပြီး လူမနေပဲသည်အတိုင်း ပစ်ထားခဲ့ကြသူတွေ အဖြစ်များတာပါ။ တချို့က မြေကွက်ကိုသွားရောက် မကြည့်ဖြစ်ပဲ နှစ်အကြာကြီးပစ်ထားရာကနေ ကျူးကျော်တချို့က အိမ်ဆောက်ပြီးဝင်နေတာ ဖြစ်ပါတယ်။

မဇင်မာ(အမည်လွှဲ) က "ဒဂုံအရှေ့ပိုင်းမှာ ဈေးသက်သာလို့ မြေတစ်ကွက်ဝယ်ထားတာ၊ သွားလဲမကြည့်မိဘူး၊ ဒီအတိုင်းပစ်ထားတာ ခုနစ်နှစ်လောက်ရှိပြီ၊ ငွေလိုလို့ ပြန်ရောင်းဖို့ကြည့်တော့မှ ကိုယ့်အကွက်ထဲမှာ ကျူးကျော်တွေရောက်နေတာ တွေ့ရတာ၊ အုပ်ချုပ်ရေးမှုးဆီပြေး စာရွက်စာတမ်းတွေယူပြီး မနည်းဖြေရှင်းလိုက်ရတယ်၊ သူတို့ကအေးဆေးပဲ၊ နောက်ဆုံးတော့ ငွေငါးသိန်းပေးပြီး ဖယ်ခိုင်းလိုက်ရတယ်" လို့်ပြောပါတယ်။

ကျူးကျော်နေသူတွေကို ဖယ်ခိုင်းရင် ပိုက်ဆံပေးပြီးဖယ် ခိုင်းမှရတယ်။ တိုင်းတန်းတဲ့အခါမှာလဲ ငွေကုန်၊ လူပင်ပန်းဖြစ်ရတာကြောင့် အလွယ်တကူပြေလည်အောင် ဖြေရှင်းကြတယ်။ အဲသည်လိုဖြေရှင်းရင်းက ဈေးကွက်ထဲမှာ ကျူးကျော်ငါးသိန်းဆိုတဲ့ ဈေးနှုန်းတောင်ဖြစ်နေတယ် လို့အကျိုးဆောင်တချို့ထံက သိရတယ်။

မြေကွက်ကို ပိုင်တယ်ဆိုပေမယ့် ဖယ်ခိုင်းတဲ့အခါမှာ မဖယ်ပေးတာ။ ပြန်ရန်ရှာတာတွေ တရားဥပဒေအရ တိုင်တန်းရင်လည်း ကျူးကျော်နေသူတွေကနေတာ ဘယ်နှစ်နှစ်ရှိပြီဆိုပြီး မဖယ်ပေးကြဘူး။ ပိုင်ရှင်က ကိုယ့်မြေကွက်ပြန်လိုချင်တာ၊ ဖြေရှင်းရတဲ့ ပြသနာ အချိန်ကြာမြင့်တာကြောင့် ပိုက်ဆံပေးပြီး ဖြေရှင်းကြတာဖြစ်ပါတယ်။

နယ်မှာတာဝန်အရ ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ ကိုထူးနိုင်က"ပဲခူးဘက်မှာ တစ်ကွက်ကို ၂၅သိန်းနဲ့ ၀ယ်ထားတာ၊ ဈေးမတက်တာနဲ့ ဒီအတိုင်းပစ်ထားတဲ့မြေကွက်ကို ဟိုတစ်လောက သွားကြည့်တော့ ကျူးကျော်တွေရှိနေတယ်၊ ရပ်ကွက်အုပ်ချုက်ရေမှုးဆီသွားပြီး ကျူးကျော်တွေနဲ့ ပြောရတယ်၊ သူတို့က ရောင်းတဲ့အချိန်ကျရင် ဖယ်ပေးပါ့မယ်၊ နေစရာမရှိလို့ လို့ပြောတယ်၊ ရပ်ကွက်လူကြီးကလည်း သနားလို့ပေးနေတာပါလို့ ပြောတယ်"လို့ သူကြုံခဲ့ရတာကို ပြောပါတယ်။

တချို့နေရာတွေမှာ ပိုင်ရှင်ကသိပြီးဖြေရှင်းလို့ ပြေလည်သွားတာတွေရှိပေမဲ့ တချို့နေရာတွေမှာ ပိုင်ရှင်က ဘာမှမသိလိုက်ရဘဲ လက်ပြောင်းရောင်းချနေတာ သုံးလေးဆင့်ဖြစ်နေတာတွေ အထိရှိတယ်လို့ သိရတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service