လာမည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ပြ စီမံကိန်း အတွက် JICA မှ (၁၄) ဘီလီယံကျော် ထောက်ပံ့မည် - Property News in Myanmar from iMyanmarHouse.com
1218 Views

လာမည့် ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ပြ စီမံကိန်း အတွက် JICA မှ (၁၄) ဘီလီယံကျော် ထောက်ပံ့မည်

ရန်ကုန်မြို့ပြ စီမံကိန်း လုပ်ငန်းများ အတွက် လာမည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဂျပန် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (JICA) မှ ကျပ်(၁၄ ဒသမ ၄၆၈) ဘီလီယံ ထောက်ပံ့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။ အဆိုပါ ဘတ်ဂျက်ဖြင့် ရေပေး ဝေရေး စီမံကိန်း များကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ ယင်းနောက်မှ လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည် တို့ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ပြ စီမံကိန်းတွေ ဆောင်ရွက်ဖို့ JICA နဲ့ပူးပေါင်းပြီး ရေတို ရေရှည် စီမံကိန်းတွေနဲ့ ဆောင်ရွက်သွား မှာပါ ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။ ထိုမျှ သာမက ဂျပန် အစိုးရထံ မှလည်း ODA ချေးငွေ အမြောက်အမြား ရယူကာ ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ အဆိုပါ ချေးငွေ အတွက် အတိုးနှုန်းမှာ (၀ ဒသမ ၀၁) ရာခိုင်နှုန်း ဖြစ်ကာ နှစ် (၄၀) အတွင်း ပြန်လည် ပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ စီမံကိန်းအား ၂၀၁၃ ခုနှစ် မှ ၂၀၄၀ ခုနှစ် အထိ ဆောင်ရွက် သွားမည် ဖြစ် ပြီး၊ ယင်းသို့ ဆောင်ရွက် ရာတွင် JICA ထံမှ နည်းပညာ အကူအညီ များလည်း ရယူ သွားမည် ဖြစ်ကြောင်း သိရသည်။ မြို့ပြ စီမံကိန်းနဲ့ ပတ်သက် ပြီးတော့ ကော်မတီဝင်တာ သိပ်မကြာ သေးတဲ့ အတွက် သိပ်မသိသေး ပါဘူး။ ဒါပေမဲ့ လေ့လာနေ ပါတယ် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ တာဝန်စတင် ထမ်းဆောင် နေသည့် ဦးခင်လှိုင်က ဆိုသည်။

၂၀၄၀ ခုနှစ်အထိ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းတွင် ဦးစားပေး ဆောင်ရွက် ရမည့် လုပ်ငန်းများမှာ ရေပေး ဝေရေး၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး စသည်တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ထံမှ သိရသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service