လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၌ စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားအချို့ အသစ်ထပ်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
977 Views

လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၌ စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားအချို့ အသစ်ထပ်ဆောက်မည်

လာမည့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့၌ စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတား အချို့ အသစ်ထပ် ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ သိရသည်။

လာမည့်ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ ၏လူကူးခုံးကျော်တံတား စုစုပေါင်း ခြောက်စင်း ထပ်မံတည်ဆောက်မည်ဖြစ်ပြီး ယင်း အထဲတွင် စက်လှေကားပါဝင်သည့် လူကူးခုံး ကျော်တံတားများလည်း ပါဝင်လာမည်ဖြစ် သည်။ အဆိုပါ တံတားခြောက်စင်းအတွက် ကုန်ကျ ငွေ ကျပ် ၁ ဒသမ ၅၂ ဘီလျံ လျာ ထားကြောင်း ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင် ဘာအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်းအဝေး တွင် ရန်ကုန်မြို့တော်ဝန်က တင်ပြခဲ့ပြီးဖြစ်သည်။

“လာမယ့်ဘဏ္ဍာနှစ်မှာ လူကူးခုံးကျော် တံတားခြောက်စင်း ထပ်ဆောက်ဖို့ ရှိပါတယ်။ အဲဒီထဲမှာမှ စက်လှေကားပါတာလည်း ရှိမယ်။ စက်လှေကားမပါတာလည်း ရှိမယ်။ စက်လှေကား ဈေးကြီးတဲ့အတွက် အကုန်တော့ မလုပ်နိုင်သေးဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၌ စက်လှေကားပါဝင်သည့် လူကူးခုံးကျော်တံတားများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဆီးဂိမ်းစ်မတိုင်မီကတည်းက ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်အနီး၊ ကမ္ဘာ အေးဂမုန်းပွင့်ကုန်တိုက်ရှေ့နှင့် လမ်းမတော် မြို့နယ် လမ်းသစ်လမ်းအနီးတို့တွင် ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း မဆောက်လုပ်ဖြစ် ခဲ့ဘဲ ၂ဝ၁၄ ခုနှစ်အတွင်းမှသာ ပန်းဆိုးတန်း- ဒလကူးတို့ဆိပ်အနီး ကမ်းနားလမ်းပေါ်တွင် ဆောက်လုပ်ဖွင့်လှစ်ခဲ့သည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်အနီးမှာ နေ့စဉ် ဖြတ်သန်းသွားလာသူများပြားသည့် နေရာဖြစ်ပြီး ယင်းနေရာတွင် ကွန်တိန်နာယာဉ်များလည်း ဖြတ်သန်းသွာလာခြင်းကြောင့် လမ်းဖြတ်ကူးသူများအတွက် အန္တရာယ်ရှိနေ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆောက်လုပ်ပြီးသော်လည်း အချို့မှာ လူကူးခုံးကျော်တံတားပေါ်မှ ဖြတ်သန်းသွားခြင်းမရှိ၍ ယာဉ်ထိန်းရဲများ၊ ပင်စင်စား စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းများဖြင့် စည်းကမ်းထိန်းသိမ်းနေကြောင်း၊ အဆိုပါ ခုံးကျော်တံတားတွင် ပါဝင်သည့် စက်လှေ ကားများမှာ အချိန်ပြည့် လည်ပတ်နိုင်မှုမရှိ ခြင်းကြောင့် အချို့ ခုံးကျော်တံတားပေါ်မှ ဖြတ်သန်းသွားလာခြင်းမပြုဘဲ လမ်းပေါ်မ သာ ဖြတ်သန်းသွားလာနေခြင်းဖြစ်ကြောင်း ပုံမှန်သွားလာနေသူများက ဆိုသည်။


Credit: eleven media group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service