ရှေးဟောင်းအဆောက်အအုံအများစု ဟိုတယ်လုပ်ကိုင်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
771 Views

ရှေးဟောင်းအဆောက်အအုံအများစု ဟိုတယ်လုပ်ကိုင်ခွင့်ပြု

ရန်ကုန်မြို့တွင်းရှိ အစိုးရ ပိုင် ရှေးဟောင်း အဆောက်အအုံ အများစုကို ဟိုတယ်အဖြစ် ပြုပြင်ပြောင်းလဲလုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးလိုက်ကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးဝင်းခိုင်က ပြောသည်။

‘‘MIC မှာ လာတင်ထားတဲ့ အဆောက်အအုံတွေ အကုန်ကို ခွင့် ပြုပေးလိုက်တာပါ။ စာရင်းအတိ အကျကို မကြာခင်ထုတ်ပြန်ပေးပါ့ မယ်’’ဟု ဦးဝင်းခိုင်က ပြောသည်။

ခွင့်ပြုပေးလိုက်သည့် အဆောက် အအုံအများစုတွင် ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် သင့်လျော် သည့် ပြောင်းလဲလုပ်ကိုင်ရန် သင့်လျော်သည့် အဆောက်အ အုံများကိုသာ စစ်ဆေးခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဝင်းခိုင်ကရှင်းပြသည်။

အဆိုပါ အဆောက်အအုံ များထဲတွင် တရားရုံးချုပ်၊ မြန်မာ့ မီးရထားရုံးချုပ်၊ စုပေါင်းရုံး၊ ကုန် သွယ်ရေးရုံးဟောင်း၊ ရဲမင်းကြီးရုံး တို့ အပါအ၀င် အခြားအဆောက် အအုံများပါဝင်ကြောင်း ဦးဝင်းခိုင် က ပြောသည်။

သို့သော် ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေးလိုက်သည့် အ ဆောက်အအုံများတွင် နေပြည် တော်သို့ ပြောင်းရွှေ့သွားပြီဖြစ် သည့် အသုံးမပြုတော့သော အစိုး ရရုံးဟောင်း အများစုပါဝင်ပြီး ဘာသာရေးအဆောက်အအုံများ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ များတွင် အက်ဖ်အမ်အိုင်၊ မက်စ်မြန်မာ၊ ဒိုင်းမွန်းစတား အစရှိသော ပြည်တွင်း ထိပ်သီးကုမ္ပဏီကြီးများပါဝင်ပြီး ကမ္ဘာကျော်ဟိုတယ်အုပ်စု အချို့ပင် ပါဝင်သည်။ အမှန်တကယ် ထိန်းသိမ်းပြီး တာဝန်ယူမှုရှိသည့် ကုမ္ပဏီများကိုသာ ဦးစားပေးရွေးချယ်သည်ဟု ရွေးချယ်ရေးမူများတွင် သက်မှတ်ထားသည်။

‘‘တချို့ လာတင်ပြတဲ့အထဲ မှာ ရင်းနှီးမြှုပ်နှံဖို့ မသင့်လျော်တဲ့ ပုံစံလေးတွေရှိတယ်။ ဒါတွေကို တော့ လမ်းကြောင်းပြန်တည့်ပေး ရတာပါ’’ဟု ဦးဝင်းခိုင်က ဆို သည်။ ရန်ကုန်မြို့လယ်ရှိ ရှေးဟောင်း အဆောက်အအုံအားလုံးကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပေး၍ မရဘဲ အချို့မှာ ကြံ့ခိုင်မှုအားနည်းနေသောကြောင့် အကြီးစား ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်နေကြောင်း ရှေးဟောင်း အဆောက်အအုံများ လေ့လာမှု ပြုလုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းက အကြံပြုထားသည်။

ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်ခွင့်ပေးလိုက်သည့် အ ဆောက်အအုံအများစု၏ မူလ လက်ရာ မပျောက်ပျက်ရန် လွန် စွာအရေးကြီးပြီး အကြီးစားပြင် ဆင်မှုများပြုလုပ်ပါက များစွာ သတိထားရမည့် အဆောက်အအုံ များပါဝင်ကြောင်း ရန်ကုန်မြို့ လယ် ရှေးဟောင်းအဆောက်အ အုံများ လေ့လာစောင့်ကြည့်သူ များက ဆိုထားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ စာရင်း များအရ ရန်ကုန်တွင် ရှေးဟောင်းအဆောက်အအုံ အလုံးပေါင်း ၁၈၉ လုံးရှိကြောင်း သိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service