တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားရန် တိုင်းဒေသကြီးအစိုးရ ငွေကျပ် ဘီလျံ ၁၀၀ ရင်းနှီးမတည် - Property News in Myanmar from iMyanmarHouse.com
1087 Views

တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်သွားရန် တိုင်းဒေသကြီးအစိုးရ ငွေကျပ် ဘီလျံ ၁၀၀ ရင်းနှီးမတည်

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များအတွင်း တန်ဖိုး နည်း၊ တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်ရန် ရန်ကုန်
တိုင်းဒေသကြီးအစိုးရက ကျပ်ငွေ ဘီလျံ ၁၀၀ မတည်ပေးထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး
ဌာနမှ တာဝန်ရှိသူ တစ်ဦးက ယခုလ ၈ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက် ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ၂၀၁၅ နှင့်
၂၀၁၆ ခုနှစ်တွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာတိုက်ခန်း ပေါင်း ၁၈,၀၀၀ ကျော် ဖော်ထုတ်ရန်
လျာထားပြီး အဆိုပါ မတည်ငွေမှ လည်ပတ်သုံးစွဲမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ဒီ ဘီလျံ ၁၀၀ က ဘတ်ဂျက်ထဲက မဟုတ် ဘူး။ ဒါက 'အရင်းမပျောက် လှည့်လည်သုံးစွဲ နိုင်
သော အိမ်ရာဖွံ့ဖြိုးရေးရန်ပုံငွေ' လို့ ခေါ်တာပေါ့။ အခု ဘီလျံ ၁၀၀ ဆိုတာက လည်း တကယ်
တမ်းကျတော့ အိမ်ရာ အား လုံးအတွက် မလောက်ငဘူး။ ဒီရန်ပုံငွေနဲ့ရင်းပြီးတော့ ဆောက်လိုက်
မယ်။ ပြန်ရောင်းမယ်။ ရောင်းတယ်ဆိုရာ မှာလည်း အစိုးရရဲ့ 'No profit - No lost' မူအရ
မြတ်လည်း မမြတ်၊ ရှုံးလည်းမရှုံးအောင် ရောင်းချပြီး ပြန်ရတဲ့ငွေကို ဒီရန်ပုံငွေထဲ ပြန်ထည့်၊
နောက်တစ်ခု ထပ်ဆောက်။ ဒီလိုပုံစံနဲ့ လည်ပတ်သွားမှာပါ" ဟု အဆိုပါ တာဝန်ရှိသူက
ပြောသည်။

ယခုနှစ်အတွင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ သင်္ဃန်းကျွန်း
မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင်မြို့နယ်နှင့် လှိုင်သာယာ မြို့နယ် စသည့် ရန်ကုန်တိုင်းဒေသ
ကြီးမြို့နယ်များ သာမက ပုသိမ်နှင့် မော်လမြိုင်စသည့် ပြည်နယ်မြို့များတွင်ပါ တန်ဖိုးနည်းနှင့်
တန်ဖိုးသင့်အိမ်ရာ ၂၈၄ လုံး တည်ဆောက် သွားမည်ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က နိုင်ငံ
ပိုင်သတင်းစာမှတစ်ဆင့် ကြေညာခဲ့ပြီး ဖြစ်သည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေလီလမ်း
နှင့် ပုဏ္ဏမီလမ်းတွင် ၁၆ ခန်းတွဲ ၁၈ ထပ်တိုက် ၂၈ လုံး၊ ကမ်းနားလမ်းနှင့် ရွှေလီလမ်းတွင် ခုနစ်
လုံး၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် ၁၆ ခန်းတွဲ ၆ ထပ်တိုက် ခုနစ်လုံး၊ သင်္ဃန်းကျွန်းမြို့နယ်
သုဝဏ္ဏ ၂၅ ရပ်ကွက်တွင် လေးခန်းတွဲ ခြောက်ထပ်တိုက် ၁၀ လုံး၊ မင်္ဂလာဒုံမြို့နယ်တွင် လေးခန်း
တွဲ ခြောက်ထပ် တိုက် ၄၄ လုံးနှင့် ခြောက်ခန်းတွဲ ရှစ်ထပ်တိုက် ၃၂ လုံး၊ သန်လျင်မြို့နယ်တွင်
ခြောက်ခန်းတွဲ ခြောက်ထပ်တိုက် အလုံး ၄၀၊ လှိုင်သာယာမြို့နယ်တွင် လေးခန်းတွဲ ငါးထပ်တိုက်
၄၈ လုံး၊ နှစ်ခန်းတွဲ ငါးထပ်တိုက် နှစ်လုံး နှင့် ရှစ်ခန်းတွဲ ခြောက်ထပ်တိုက် အလုံး ၄၀၊ ပုသိမ်မြို့
တွင် ၁၆ ခန်းတွဲ သုံးထပ်တိုက် ခုနစ်လုံးနှင့် ခြောက်ခန်းတွဲ လေးထပ်တိုက် ရှစ်လုံး၊ မော်လမြိုင်မြို့
နယ်တွင် လေးခန်းတွဲ လေးထပ်တိုက် ၁၂ လုံးတို့ကို တည်ဆောက် သွားမည်ဖြစ်သည်။

အိမ်ရာတစ်ခုလျှင် တည်ဆောက်ချိန်ကို ၁၈ လဟု ခန့်မှန်းထားပြီး အမှန်တကယ် တည်ဆောက်
ချိန်မှာမူ နှစ်နှစ်ခန့်ကြာမြင့်တတ်ကြောင်း ၎င်းကပြောသည်။ "တိုက်တွေက မဆောက်ရသေးတော့
ရောင်းဈေးအတိအကျပြောဖို့ ခက်တယ်။ လျာထားတဲ့အကြမ်းဖျင်းကတော့ ကျပ်သိန်း ၁၀၀ ပတ်ဝန်း
ကျင်နဲ့ ရောင်းဖို့ပါ။ အဲဒီလောက် နဲ့ရောင်းမယ်ဆိုတာက ခန့်မှန်းတွက်ချက်ထားမှုတွေအရ အခြေခံ
အားဖြင့် အဆောက် အအုံဆောက်တဲ့စရိတ်က တစ်ခန်းကို ပျမ်းမျှ ကျပ် ၇၅ သိန်းပါ။ အခြေခံအ
ဆောက်အအုံ စရိတ်က တစ်ခန်းကို ကျပ် ၂၅ သိန်းလောက် ရှိတယ်။ အရောင်းဈေးအနည်းအများ
ဆိုတာ ဆောက်လုပ်မှု ကုန်ကျစရိတ်အနည်းအများ ပေါ် မူတည်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူ
က ပြောသည်။

အိမ်ရာစီမံကိန်းတစ်ခု ဆောင်ရွက်ရာ၌ အိမ်ခန်းများအတွက် ရေမီးအပြည့်အစုံ၊ မီးအားမြှင့်စက်၊
လျှပ်စစ်မီးသွယ်လျှင် လိုအပ် မည့် ဓာတ်အားခွဲရုံ၊ လမ်းဖောက်၊ လမ်းခင်းခြင်း၊ အုတ်ရေမြောင်းနှင့်
မြောင်းဖုံးများလုပ် ခြင်း စသည့် အခြေခံအဆောက်အအုံများ အတွက် ကုန်ကျစရိတ်ကိုပါ ထည့်
တွက်ရပြီး အခန်းအရေအတွက် ၂၀၀ နှင့်အထက်ရှိပါက ဓမ္မာရုံ၊ ပန်းခြံ၊ စာသင်ကျောင်းနှင့် ဆေး
ပေး ခန်း စသည်တို့ကိုပါ ထည့်သွင်းဆောင်ရွက်ပေးရကြောင်း ၎င်းကပြောသည်။

"ဒါတောင် မြေဖိုးမပါသေးဘူး။ အခုမြေတွေက အစိုးရမြေတွေဖြစ်ပြီး ဒါကိုမရောင်းတော့ဘဲနဲ့
အိမ်ရာစီမံကိန်းအကောင်အထည်ဖော်လိုက်တာပါ။ ဒီတော့ မြေဖိုးကို ထည့်တွက် စရာမလိုတော့
ဘူး" ဟု ၎င်းကပြောသည်။ လာမည့် ဘဏ္ဍာနှစ်များတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံး၌ တန်ဖိုး
နည်းအိမ်ရာ များ ဖော်ဆောင်သွားမည်ဖြစ်ပြီး တိုင်းဒေသ ကြီး တစ်ခုလျှင် ယူနစ် ၅၀၀ စီ အကောင်
အထည်ဖော်မည်ဖြစ်ကြောင်း၊ အငှားချအိမ်ရာ အနေဖြင့် သို့မဟုတ် ရောင်းချမည့်အိမ်ရာအနေဖြင့်
ပေါ်ထွက်လာမည်ဖြစ်သည်။ "ဒီအိမ်ရာတွေကို မီတာလျှောက်တာက အစ ဌာနကဆောင်ရွက်ပေး
ပါမယ်။ ဒါပေမဲ့ နှစ်ရှည်ထိန်းသိမ်းစရိတ်နဲ့ ထိန်းသိမ်းမှုကို တော့ နေထိုင်သူတွေက ဆောင် ရွက်
ရမှာပါ။ အိမ်ရာတွေဆောက်ပြီးပြီဆိုရင် ရွှေလင်ပန်း အိမ်ရာတုန်းကလို မဲစနစ်နဲ့ရောင်းချပေးသွား
မှာပါ" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ စာရင်းများအရ ဆောက်လုပ်ရေးဝန်ကြီးဌာန က ၂၀၁၃-၁၄
ဘဏ္ဍာနှစ်တွင် တန်ဖိုး နည်းနှင့် တန်ဖိုးသင့်အိမ်ရာ ၉၈ လုံး တည် ဆောက်ခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာ
နှစ်အတွက် အိမ်ရာပေါင်း ၃၇၃ ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေဆဲ ဖြစ်သည်။

လက်ရှိ အချိန်အထိ နောက်ထပ် ၁၂၆ လုံးထပ်မံဆောက်လုပ်ရန် လျာထားဆဲဖြစ်သည်။ လာမည့်
၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက်လည်း အိမ်ရာအလုံးရေ ၂၈၄ လုံး တည်ဆောက်ရန် လျာထားဆဲဖြစ်
ရာ ယခုနှစ်နှစ်ခန့်အတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ အဆောက် အဦးလုံးရေ ၄၁၀ ခန့် ပေါ်
ထွက်လာမည် ဖြစ်သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service