ရေရှည်ရင်းနှီးမြှုပ်နှံမှုကို စနစ်တကျပြုလုပ်မည်ဆိုလျှင် အိမ်ခြံမြေ ကဏ္ဍသည် ရွေးချယ်လုပ်ကိုင်ရန် အကောင်းဆုံးအနေအထားဖြစ် - Property News in Myanmar from iMyanmarHouse.com
1382 Views

ရေရှည်ရင်းနှီးမြှုပ်နှံမှုကို စနစ်တကျပြုလုပ်မည်ဆိုလျှင် အိမ်ခြံမြေ ကဏ္ဍသည် ရွေးချယ်လုပ်ကိုင်ရန် အကောင်းဆုံးအနေအထားဖြစ်

ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုသူများအနေဖြင့်အကျိုးအမြတ်ရရှိရေး အတွက် ရေရှည်ရင်းနှီးမြှုပ်နှံလိုပါကအိမ်ခြံမြေလုပ်ငန်းသည် ရွေးချယ်လုပ်ကိုင်ရန်အကောင်းဆုံးသောကဏ္ဍပင်ဖြစ်ကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက ပြောသည်။

အိမ်ခြံမြေကဏ္ဍ၏ ကောင်းမွန်သည့်တိုးတက်ပြောင်းလဲမှုများသည် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ် ကြောင်း ပြည်တွင်းပြည်ပ အိမ်ခြံမြေ ကျွမ်းကျင်သူများနှင့် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

”တခြားစီးပွားရေးကဏ္ဍတွေထက်အိမ်ခြံမြေကဏ္ဍကတော့ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံဖို့ ပိုကောင်းတယ်။ ဘာကြောင့်လည်း ဆိုတော့ ရွှေ၊ ဒေါ်လာတို့က အပြောင်း အလဲများတဲ့အတွက် ငြိမ်တဲ့ အိမ်ခြံ မြေကဏ္ဍက အလားအလာ ကောင်း တာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။

၁၉ဝ၁ခုနှစ်တွင်ရန်ကုန်မြို့ တော်၌ နေထိုင်သူ နှစ်သိန်းခွဲကျော် သာရှိခဲ့ပြီး မြို့အကျယ်အဝန်းမှာ ၇၅ ဒသမ ၇၂ စတုရန်း ကီလိုမီတာသာ ရှိခဲ့သော်လည်း တိုးတက်များပြား လာသည့် လူဦးရေကြောင့် ၂ဝ၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ နေထိုင်သူ ၅ ဒသမ ၅ သန်းနှင့် မြို့အကျယ် အဝန်းမှာ ၅၉၈ ဒသမ ၇၅ စတုရန်း ကီလိုမီတာအထိ ကျယ်ဝန်းလာကာ မြို့နယ်ပေါင်း ၄၄ မြို့နယ်နှင့် စက်မှု ဇုန်ပေါင်း ၂၄ ဇုန်အထိ တိုးတက် များပြားလာကြောင်း၊ စီးပွားရေး အခွင့်အလမ်းများ အများအပြား တည်ရှိနေသည့် ရန်ကုန်မြို့တော် သို့ ပြောင်းရွှေ့အခြေချ နေထိုင်သူ များ တဖြည်းဖြည်း များပြားလာပြီး အိမ်ရာလိုအပ်ချက်များ ရှိနေဆဲဖြစ် သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်း များ ယခုထက် ပိုမိုအလားအလာ ကောင်းမွန်နိုင်ကြောင်း၊ ထို့ကြောင့် ငွေပင်ငွေရင်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အိမ်ခြံမြေဈေးကွက်အတွင်း တစ်ချက်ကောင်း အကျိုးအမြတ် ရရှိရန်ထက် ရေရှည်အကျိုးအတွက် မျှော်မှန်းကာ အသေအချာတွက်ချက် ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း ရွှေမင်းသားအိမ်ခြံမြေလုပ်ငန်းမှ ပြုလုပ်ထားသည့် စစ်တမ်းများတွင် ဖော်ပြထားသည်။

စီမံကိန်းလုပ်ငန်းကြီးများ လုပ် ဆောင်မည်ဟု လျာထား သတ်မှတ် ထားသည့် မြေနေရာများ အနီးတစ် ဝိုက်ရှိ မြေကွက်များ၊ ကောလာဟလ သတင်းများ ထွက်ပေါ်တတ်သည့် နေရာများတွင် မြေဈေးကစားသူများ ၏ သတင်းလွှင့်မှုကြောင့် ဈေးနှုန်းများမယုံကြည်နိုင်လောက်အောင် မြင့်တက်ခဲ့ရာ ယင်းအခြေအနေကို အသေအချာ တွက်ချက်ခြင်းမရှိဘဲ ယင်းနေရာများသို့ ဝင်ရောက် ရင်းနှီး မြှုပ်နှံသူများအနေဖြင့် မြေကွက်များ အမြင့်ဈေးဖြင့် ပိုက်ဘောမိကာ ကျန်ရစ်သည့် ဖြစ်စဉ်များမှာ အိမ်ခြံ မြေလောကအတွင်းတွင်မကြာခဏ ဖြစ်ပွားနေသည့်အတွက် ရေရှည် ရင်းနှီးမြှုပ်နှံလိုသူများက အသေ အချာတွက်ချက် ချိန်ဆပြီးမှ ခိုင်မာ မှုရှိမှသာ ရင်းနှီးမြှုပ်နှံရန် လိုအပ် သည်။

မဟာရန်ကုန်သို့ ပြောင်းရွှေ့ အခြေချနေထိုင်သူများမှာ တစ်နေ့ထက်တစ်နေ့များပြားလာသဖြင့် နေရေးအတွက် နေရာတစ်စတစ်စ ရှားပါးလာခြင်းအပေါ် အခြေပြုကာ အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပြုရန် စိတ်ဝင်စားလာသကဲ့သို့ ပြည် တွင်း၌ ရင်းနှီးမြှုပ်နှံရန် ကဏ္ဍများ နည်းပါးနေပြီး ရွှေ၊ ဒေါ်လာ၊ ကား စသည့် အခြားရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများမှာ တည်ငြိမ်မှု နည်းပါး သည့်အတွက် ငွေကြေးတတ်နိုင် သော ရင်းနှီးမြှုပ်နှံလိုသူများက အိမ် ခြံမြေများကို ရင်းနှီးမြှုပ်နှံမှုပြုရန် ဝယ်ယူကြခြင်းဖြစ်သော်လည်း နေရာအနေအထား၊ ပေါက်ဈေး၊ အနာဂတ်တွင် အကျိုးအမြတ်ရှိနိုင်၊ မရှိနိုင်စသည်ဖြင့် စနစ်တကျ တွက် ချက်စူးစမ်းမှုမရှိဘဲ ထင်ကြေးဖြင့် သာ မှန်းဆ ဝယ်ယူကြခြင်းများ ကြောင့်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လျက် ရှိနေသည်။

”လမ်းပန်းဆက်သွယ်ရေးနဲ့ ရေ၊မီးစနစ်တွေလည်း ကောင်းရ မယ်။ ပြည်သူတွေအတွက်ဆက်သွယ်ရေးစနစ်တွေ ကောင်းရမယ်။ အဲဒါတွေ ပြည့်စုံရမယ့်အပြင် ရန်ကုန် မြို့တွင်းလာဖို့အတွက်လည်းလွယ်လင့်တကူ ဖြစ်တဲ့ နေရာဖြစ်ရမယ်။ ဒါမှ အလုပ်ဖြစ်နိုင်တယ်”ဟု ဒေါ်မို့မို့ အောင်က ဆက်လက်ပြောသည်။

အခြေခံလူတန်းစားများနှင့် လူ လတ်တန်းစားများ အများအပြား နေထိုင်သည့် မြို့နယ်များတွင်လည်း ဝယ်ယူရင်းနှီးမြှုပ်နှံလိုသူများအနေ ဖြင့် ထိုနေရာသည် သွားလာရေး လွယ်ကူ အဆင်ပြေခြင်း ရှိမရှိ၊ အခြေခံအဆောက်အဦများ ပြည့်စုံ လုံလောက်ခြင်း ရှိမရှိကို တွက်ချက်ပြီးမှသာ မြေကွက်များကိုဝယ်ယူခြင်း ပြုသင့်ကြောင်း၊ သွားလာရေး လွယ်ကူပြီး ဆက်သွယ်ရေးအချက် အချာကျသော နေရာများဖြစ်ပါက မကြာမီကာလအတွင်း စီးပွားရေးလုပ်ငန်းကြီးများယင်းနေရာများသို့ ရောက်ရှိလာနိုင်သည့်အတွက် မြေကွက်ကို ဝယ်ယူရင်းနှီးမြှုပ်နှံထား သူများအနေဖြင့် အမြတ်အစွန်း သေချာပေါက် ရရှိနိုင်ကြောင်း အိမ် ခြံမြေ ကျွမ်းကျင်သူများက ပြော သည်။

”ကျွန်တော်တို့တွက်ချက်ထားချက်အရ မြန်မာအိမ်ခြံမြေလုပ်ငန်းကအများကြီးအလားအလာကောင်းလို့ မြန်မာပြည်မှာလာပြီး ရေရှည် ရင်းနှီးမြှုပ်နှံရတာ ဖြစ်ပါတယ်။ အိမ် ရာလိုအပ်ချက်တွေရှိနေဆဲဖြစ်လို့အခုကျွန်တော်တို့လုပ်နေတဲ့ အိမ်ရာ စီမံကိန်းတွေအပြင် စီမံကိန်း အသစ် တွေမှာလည်း ထပ်မံမြှုပ်နှံသွားဖို့ရှိပါ တယ်”ဟု GoldenCityအိမ်ရာစီမံကိန်းတွင်ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေသည့် စင်ကာပူနိုင်ငံအခြေစိုက် GOODMAN Capital မှ အုပ်ချုပ်မှု ဒါရိုက်တာMr. Jeffrey Lu က The Trade Times နှင့် သီးခြားတွေ့ ဆုံစဉ် မြန်မာ့အိမ်ခြံမြေကဏ္ဍ၏ အနာဂတ်၌ အလားအလာကောင်း များရှိလာနိုင်ခြင်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Credit : Thetradetimesmedia

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service