ဆောက်လုပ်ရေးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပိုမိုပါဝင်သင့် - Property News in Myanmar from iMyanmarHouse.com
847 Views

ဆောက်လုပ်ရေးကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များတွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပိုမိုပါဝင်သင့်

အဆင့်မြင့်အိမ်ရာ တည်ဆောက်မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြားခံ ဆောင်ရွက်ပေးနေသော်လည်း ကော်မရှင်သို့ တင်ပြသော စီမံကိန်း အရေအတွက်မှာ အလွန်နည်းနေ
သေးကြောင်း ကျွမ်းကျင်သူများက ပြောသည်။

"ရန်ကုန်မြို့ရဲ့ အကြီးစားအိမ်ရာ စီမံကိန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ကိုရထားတဲ့စီမံကိန်း က ငါးရာခိုင်နှုန်းထက် မကျော်ပါဘူး။ ဒါဟာ ကော်မရှင်ရဲ့ မြေငှားရမ်းမှုဆိုင်
ရာ မူဝါဒကြောင့် ဖြစ်သလို ကော်မရှင်ရဲ့စိစစ် မှုကို မလိုက်နာနိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်"ဟု အိမ်ခြံမြေဥပဒေရေးရာနှင့် အမြတ်ခွန်အတိုင်ပင်ခံကုမ္ပဏီတစ်ခု ဖြစ်သော VDB Loi ကုမ္ပဏီ
ဒါရိုက်တာ Edwin Vanderbruggen က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်မှာ ဆောက်လုပ်ရေး စီမံကိန်းများအတွက် ဥပဒေအရ မလိုအပ်သော်လည်း လိုအပ်သည့်အထောက်အပံ့များရနိုင်ရန် စီမံကိန်း များကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့
တင်ပြ ကာ လုပ်ငန်းရှင်များ၏ ပွင့်လင်းမှုကို ပြသသင့်ကြောင်း ၎င်းကပြောသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိစေရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက ချေးငွေရယူခြင်း၊ မြေငှားရမ်းခြင်း စသည် တို့ ပါဝင်ဆောင်ရွက်သင့်ကြောင်း ကျွမ်း
ကျင်သူများက ပြောသည်။ "အစိုးရ မြေငှားရမ်းသူတွေက မြေ ငှားရမ်းမှုဆိုင်ရာ ဥပဒေတွေနဲ့စည်းကမ်းတွေကိုပြင်ဆင်ဖို့ ၀န်လေးနေတဲ့အတွက် ပြည်တွင်းဆောက်လုပ်သူတွေက နိုင်ငံ
တကာက ချေးငွေရယူဖို့ ခက်ခဲနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကဒီကိစ္စကို ပါဝင်ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆောက်လုပ်ရေးလုပ်ငန်း
ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များအတွက် နိုင်ငံတကာချေးငွေဆိုင်ရာ ဥပဒေနှင့် အိမ်ရာပေါင်နှံခြင်း ဥပဒေများ ကို ပိုမိုရှင်းလင်းတိကျသော စည်းကမ်းချက် များဖြင့် အသုံးပြုနိုင်ရန် ပြင်ဆင်
သင့်ကြောင်း ၎င်းကပြောသည်။

အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပြုလုပ် ရာတွင် ၀ယ်ယူသူများအတွက် အကာ အကွယ်ဖြစ်သောဥပဒေများကိုလည်း ပြဋ္ဌာန်းရန် လိုအပ်နေသေးကြောင်း အိမ်ခြံ မြေ ဥပဒေရေးရာနှင့် အမြတ်ခွန်
အတိုင် ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော VDB Loi ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြော သည်။

"ကြိုပွိုင့်ဝယ်တဲ့သူတွေအတွက် တည် ဆောက်တဲ့ လုပ်ငန်းရှင်တွေဘက်က လည်း အချိန်မီမတည်ဆောက်နိုင်တာ တွေ လုပ်ငန်းရှင်က ဒေ၀ါလီခံတာမျိုးတွေ ကနေ အကာအကွယ်ပေးနိုင်ဖို့
လိုအပ် တယ်။ အာဆီယံနိုင်ငံတွေမှာ ဆောင်ရွက် နေတဲ့အတိုင်း ၀ယ်ယူသူတွေအတွက် စည်းကမ်းချက်တွေ ထုတ်ပြန်ပေးသင့် တယ်" ဟု ၎င်းကပြောသည်။

အစိုးရထံက မြေငှားရမ်းထားသည့် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ၏ လိုအပ်ချက်တစ်ခုဖြစ်သော ငွေကြေးမလုံလောက်ခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ ပေါင်နှံခြင်းနှင့်တစ်ဆင့်
ငှားရမ်းခြင်းများ ကို ပြုလုပ်ရန် အခက်အခဲဖြစ်စေသည့်အတွက် အစိုးရက မြေဆိုင်ရာ အခွင့်အရေးများကို ပြောင်းလဲပေးရန် လို အပ်ကြောင်း ပညာရှင်များကပြောသည်။

"နိုင်ငံခြားချေးငွေကို အဓိကထား တည် ဆောက်တဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းက မြန်မာနိုင်ငံမှာမရှိသလောက်ရှားနေသေး တယ်။ ဒီကနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ အိမ်ရာ စီမံကိန်းတွေက ရှယ်ယာ
တွေ၊ ရှယ်ယာရှင် တွေရဲ့ ချေးငွေတွေ တိုက်ခန်းကြိုရောင်းပြီး မှ ရတဲ့ဝင်ငွေတွေနဲ့ ဆောက်တာများတယ်။ နိုင်ငံခြားချေးငွေဆိုင်ရာ ဥပဒေနဲ့ အိမ်ရာ ပေါင်နှံခြင်းဥပဒေတွေကို ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းပြီး
သားဖြစ်ပေမယ့် ခုချိန်ထိ လက်တွေ့ အသုံးမချနိုင်သေးဘူး" ဟု Edwin Vanderbruggenကပြောသည်။

မြန်မာနိုင်ငံသည် အိမ်ခြံမြေရင်နှီး မြှုပ်နှံရန် ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် မြေဈေးနှုန်းကြီးမြင့်မှုများနှင့် အိမ်ခြံမြေ ဆိုင်ရာ နည်းဥပဒေလိုအပ်ချက်များ ကြောင့်
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ ၀င်ရောက်သင့်သည်ထက် နည်းပါးလျက်ရှိကြောင်း နိုင်ငံတကာအိမ်ခြံမြေ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော ဆားဗေးလ်စ် မြန်မာ လီမိတက် မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ
ရစ်ချတ်အီမာဆင်က ပြောသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service