၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အိမ်ခြံမြေဈေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်လာနိုင - Property News in Myanmar from iMyanmarHouse.com
2063 Views

၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အိမ်ခြံမြေဈေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်လာနိုင

၂ဝ၁၄ ခုနှစ်အတွင်း ရွာသာကြီး တွင် တည်ဆောက်မည့် စီမံကိန်း လုပ်ငန်းကြီးများ၊ ရန်ကုန်မြစ် တစ် ဖက်ကမ်းရှိ မြိုနယ်များတွင် တည် ဆောက်မည့် ရန်ကုန်မြို့သစ် စီမံ ကိန်းစသည့် သတင်းများကြောင့် လှုပ်ခတ်မှု နှစ်ကြိမ်ရှိခဲ့သည့် ရန်ကုန် မြို့တော်၏ အိမ်ခြံမြေဈေးကွက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်း သည့် သတင်းကြောင့် အရောင်း အဝယ်များ မရှိသလောက် အေးစက် ခဲ့သော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ တစ်ကျော့ပြန်ကာ အခြေ အနေ ကောင်းလာနိုင်ကြောင်း အိမ် ခြံမြေ ကျွမ်းကျင်သူများထံမှ သိရ သည်။

” ဒဂုံဘက်မှာ တစ်ကြိမ်၊ ရန်ကုန် မြို့သစ်ကိစ္စမှာ တစ်ကြိမ် အရောင်း အဝယ်ဖြစ်ခဲ့တယ်။ အဲဒီကိစ္စ ရပ် လိုက်တော့ ဒီဘက်မှာပါ ဈေးတွေ အေးနေပေမယ့် တက်သွားတာ လည်း မဟုတ်သလို ကျသွားတာ လည်း မဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံတဲ့ လူတွေကလည်း ၂ဝ၁၅ အပြောင်း အလဲအတွက် သေသေချာချာ စဉ်းစားနေကြတာလည်း ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲက ၂ဝ၁၅ နှစ်ကုန်လောက်မှ ဆိုတော့ အချိန် က နည်းနည်း ဝေးနေသေးတော့ ကြားထဲမှာ ဈေးက တစ်ကျော့ပြန် တက်လာမယ်လို့မြင်တယ်”ဟု အိမ် ခြံမြေလုပ်ငန်း နှစ်၂ဝ ကျော်လုပ်ငန်း အတွေ့အကြုံရှိသည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို) အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က ရင်းနှီး မြှုပ်နှံစရာ ကဏ္ဍများဖြစ်သည့် အမေ ရိကန် ဒေါ်လာ၊ ရွှေ၊ ကားနှင့်အိမ်ခြံမြေ ကဏ္ဍ အသီးသီး၌ ခွဲခြားရင်းနှီးမြှုပ်နှံ ခဲ့ကြသော်လည်း လက်ရှိ အခြေ အနေတွင် အိမ်ခြံမြေဈေးများ အေး နေခြင်း၊ ရွှေနှင့် ကားဈေးများ အတက် အကျ မြန်ဆန်ခြင်းကြောင့် ရင်းနှီး မြှုပ်နှံသူများအနေဖြင့် ယင်းတို့၏ လက်ဝယ်တွင် ရှိသည့် ငွေကြေး များကို အမေရိကန်ဒေါ်လာဘက် သို့ ခေတ္တခဏ လှည့်လာသဖြင့်သာ ဒေါ်လာဈေးနှုန်းများ မြင့်တက်လာ ခြင်း ဖြစ်နိုင်သော်လည်း ရေရှည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အိမ်ခြံမြေ ဈေးကွက်မှာလည်း အလားအလာ အကောင်းဆုံး အခြေအနေ၌ ရပ်တည် နေဆဲဖြစ်ကြောင်း အိမ်ခြံမြေဈေး ကွက် ကျွမ်းကျင်သူများက ခန့်မှန်း ကြသည်။

”အခုဈေးကွက်အခြေအနေက အိမ်ခြံမြေကလည်း အေးနေတယ်။ ကားကလည်း မမြတ်ဘူး။ ရွှေဈေး ကလည်း သိပ်မမြတ်တော့ ဒေါ်လာ ဘက်ကို စီးပွားရေးသမားတွေ ကစား ကြလို့ ဒေါ်လာဈေးက နည်းနည်း လှုပ်လာတာ ဖြစ်ပေမယ့် ရေရှည် အတွက်ကျတော့ အိမ်ခြံမြေကပဲ ရင်းနှီးမြှုပ်နှံမှု ခိုင်မာတယ်။ သန်လျင် လို development ဖြစ်တဲ့နေရာမှာ တစ်ဧကကို သိန်း ၅ဝဝ လောက်ရှိတဲ့ အချိန်မှာ ဘာမှ မရှိတဲ့နေရာမှာ သိန်း ၁,ဝဝဝ ဆိုရင်တော့ အဲဒီဈေးကွက်က မှားနေပြီ။ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေကြောင့် ဈေး ကွက်လွဲမှားမှုတွေ ရှိနေတယ်” ဟု ¤င်းက ဆက်လက်ပြောသည်။

အိမ်ခြံမြေကဏ္ဍ တစ်ခေတ် ပြန် ကောင်းလာနိုင်သော်လည်း ရင်းနှီး မြှုပ်နှံသူများအနေဖြင့် မျက်စိစုံမှိတ် လုပ်ကိုင်ကြခြင်းထက် မိမိတို့ ဝယ်ယူ ရင်းနှီးမြှုပ်နှံမည့် မြေကွက်၏ တည် နေရာ၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အဦ ပြည့်စုံမှု ရှိမရှိနှင့် ရေရှည်အကျိုးကို မျှော်မှန်း တွက်ဆပြီးမှသာ လုပ်ကိုင်ကြရန် လိုအပ်သကဲ့သို့ မြေဈေးကစားသူ များ၏ လတ်တလော ဈေးကစားမှု များ၏ နောက်သို့ ပြည်သူများ ငွေ ထုပ်ပိုက်ပြီး မလိုက်မိစေရန်အတွက် အသေအချာ တွက်ချက်ပြီးမှသာ ရင်းနှီးမြှုပ်နှံရန် လိုအပ်ကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူ များက သုံးသပ်ကြသည်။

”ပုံသဏ္ဌာန်မှန်ပြီး စနစ်ကျတဲ့ စီးပွားရေးစနစ်၊ ကောင်းမွန်တဲ့ အခွင့် အလမ်းကောင်းတွေ ရှိတယ်လို့လည်း ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်နေ သ၍ကတော့ အိမ်ခြံမြေဈေးတွေက ပုံမှန်အတက်ဘက်မှာပဲ ရှိတယ်”ဟု ရွှေမင်းသား အိမ်ခြံမြေ အကျိုး ဆောင် ကုမ္ပဏီမှ ဦးမြတ်သူဝင်းက ပြောသည်။

မြန်မာ့အိမ်ခြံမြေဈေးနှုန်းများ အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် သိသိသာသာ မြင့်တက် ရသည့်အကြောင်းရင်းမှာ ငွေကြေး ဖောင်းပွမှုဖြစ်စဉ် တစ်ခုတည်းသာ မက ဝင်ငွေရပေါက်ရလမ်းဖော်ပြ နိုင်ခြင်းမရှိသည့် ငွေများ အိမ်ခြံမြေ ဈေးကွက်အတွင်း လည်ပတ်နေ သည်ဟု စီးပွားရေးလုပ်ငန်းရှင်များ နှင့် စီးပွားရေးပညာရှင်များမှ ခန့်မှန်း နေခြင်း၊ ဘဏ်စနစ် အားနည်းခြင်း၊ စတော့ဈေးကွက် လည်ပတ်မှု မရှိ သေးခြင်း စသည်တို့ကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက်မှာ အတက်ဘက် သို့ ဦးတည်နေရခြင်း ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြော သည်။


Credit: the trade times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service