မွန်ပြည်နယ်တွင် တည်ဆောက်နေသော SCGဘိလပ်မြေစက်ရုံသစ်ကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်မည် - Property News in Myanmar from iMyanmarHouse.com
991 Views

မွန်ပြည်နယ်တွင် တည်ဆောက်နေသော SCGဘိလပ်မြေစက်ရုံသစ်ကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်လည်ပတ်မည်

အာဆီယံနိုင်ငံများ၏ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများရောင်းချမှု ဈေးကွက် တွင် ကျယ်ပြန့်
စွာနေရာယူထားသော ထိုင်း အခြေစိုက် Siam Cement Group က မြန်မာနိုင်ငံတွင် ပထမ
ဆုံးတည်ဆောက် လျက်ရှိသည့် ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ထုတ်လုပ်
ရေး လုပ်ငန်းများ စတင်သွားမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ မန်နေဂျာ မစ္စတာချနာပိုမီက ပြောသည်။

"မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ တည်ဆောက်မယ့် SCG ဘိလပ်မြေစက်ရုံ သစ်ကို ၂၀၁၆
ခုနှစ်လယ်ပိုင်းမှာ လုပ်ငန်း စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။ ဘယ်လလောက်မှာ လုပ်ငန်း
စတင်လည်ပတ်မယ်လို့ အခုချိန်ထိပြောလို့မရသေးပေမယ့် စက်ရုံစတင်လည်ပတ်ရင် သွားလာ
ရေးအဆင်ပြေစေဖို့ လမ်းတွေ ဖောက်လုပ် ပြီးပါပြီ။ မဂ္ဂါဝပ် ၄၀ ရှိတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ
တစ်ခုကိုလည်း တည်ဆောက်ခဲ့ပါ တယ်"ဟု မစ္စတာ ချနာပိုမီက မြန်မာတိုင်း(မ်) ကို ပြောသည်။

မြန်မာနိုင်ငံသို့ ဘိလပ်မြေတင်ပို့မှု သည် တန်ချိန်နှစ်သန်းကျော်ရှိလာခဲ့သည့်အတွက် ဘိလပ်မြေ
စက်ရုံတည်ဆောက် ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုဘိလပ်မြေ စက်ရုံမှ ၁ ဒသမ ၈ တန်ခန့် နှစ်စဉ်
ထုတ်လုပ် နိုင်မည်ဖြစ်ကာ ထိုစက်ရုံအတွက် ရင်းနှီး မတည်မှုမှာ ထိုင်းဘတ်ငွေ သန်း ၁၂,၄၀၀
ခန့် ရှိကြောင်း ၎င်းက ပြောသည်။

SCG လုပ်ငန်းစုသည် အာဆီယံနိုင်ငံများတွင် လုပ်ငန်းများတိုးချဲ့ခဲ့ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊
ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင် စက်ရုံသစ်များ တည်ဆောက် ရန် ဆုံးဖြတ်ပြီးနောက်
မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများတွင်လည်း စက်ရုံသစ်များ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် SCG ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းအပြင် အိမ်အလှဆင် ပစ္စည်းများ
တင်သွင်းခြင်းနှင့် အခြားဆောက် လုပ်ရေးပစ္စည်းသစ်များ ဖြန့်ချိခြင်းကိုလည်း လိုအပ်ပါက
တိုးချဲ့ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း မစ္စတာ ချနာပိုမီက ပြောသည်။

ဘိလပ်မြေစက်ရုံကြောင့် ပတ်ဝန်းကျင် ပျက်စီးမှုများကို ထိန်းသိမ်းကာကွယ်နိုင် ရန် စက်ရုံဝန်း
ကျင်တွင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး အစီအစဉ် များကို ပြုလုပ်သွားမည်ဖြစ်
ကြောင်း SCGကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ကန်ထရာကူဟွန်းက ပြောသည်။

"SCG က ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းဆောင်ရွက်တဲ့ အဖွဲ့ဝင်ဖြစ်တာ နဲ့အညီ သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းမှု တွေနဲ့ လူသားအကျိုးပြုစီမံကိန်းတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုလည်း တခြားအာဆီယံနိုင်ငံတွေနည်းတူ လူမှုဝန်းကျင် အကျိုးပြုစီမံကိန်းတွေနဲ့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ စီမံကိန်း တွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်"ဟု နိုဝင် ဘာလ
၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ Athenee Tower တွင် ပြုလုပ်သော Asean
Sustainable Development Symposium 2014သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ နှင့်
တွေ့ဆုံစဉ် မစ္စတာကန်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ချနာပိုမီက "စက်ရုံဝန်းကျင်တစ်လျှောက် မှာ ပတ်ဝန်းကျင်
ထိန်းသိမ်းကာကွယ်ရေးအစီအစဉ်တစ်ခုအနေနဲ့ ဘေးထွက်ဆိုးကျိုး ကို လျော့ချပေးနိုင်တဲ့ အပင်
တွေစိုက်ပျိုးသွား မှာ ဖြစ်ပါတယ်။ ဒီအပင်တွေကို စိုက်ပျိုးဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာ
ကွယ်ရေး (Environmental Investigation Agency) အေဂျင်စီကနေ မကြာသေးမီက
ခွင့်ပြုချက် ရရှိပြီးပါပြီ။ အပင်တွေကို စတင်စိုက်ပျိုးဖို့ ကန်ထရိုက်တာတွေနဲ့လည်း သဘောတူ
လက်မှတ် ထိုးပြီးပါပြီ"ဟု ပြောသည်။

"မြန်မာနိုင်ငံမှာ လူထုအကျိုးပြုလုပ်ငန်း တွေအဖြစ် ကျန်းမာရေးနဲ့ ဆေးဝါးထောက်ပံ့ ပေးတဲ့
အစီအစဉ်တွေ၊ မြန်မာကျောင်းသား တွေကို ပညာသင်ဆုပေးတဲ့အစီအစဉ်တွေ ကို စတင်ပြုလုပ်
ပေးခဲ့ပါတယ်။ ရန်ကုန်မြို့ နဲ့ မွန်ပြည်နယ်က အခြေခံပညာအထက် တန်း ကျောင်းသား ၂၀၀ ကို
ပညာသင်ဆုပေးတဲ့ Sharing the Dreams အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်
နေပါတယ်"ဟု မစ္စတာ ချနာပိုမီက ပြောသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြိုင်ခုံးကျေးရွာ ရှိ ၀င်းစိန်တောရဘုန်းတော်ကြီးကျောင်းကို ပြန်လည်
ပြုပြင်နိုင်ရန် အမေရိကန်ဒေါ်လာ ၆၂,၆၀၀ ခန့် လှူဒါန်းကာ ဆောက်လုပ်ရေး ပစ္စည်းများထောက်ပံ့
ပးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

SCG ကုမ္ပဏီကို ၁၉၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ထိုင်းဘုရင် တော်ဝင်မိ သားစုက
ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင် သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။ SCG ကုမ္ပဏီသည်
အာဆီယံနိုင်ငံများတွင် အိမ် ဆောက်ပစ္စည်းများတင်ပို့ရောင်းချခြင်းအ ပြင် ဥရောပနိုင်ငံများသို့
ဓါတုပစ္စည်းများ တင်ပို့ရောင်းချသည့်ဈေးကွက်ကိုလည်း အခိုင်အမာပိုင်ဆိုင်ထားသော ကုမ္ပဏီ
တစ်ခုဖြစ်သည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service