နေအိမ်ငှားရမ်းခ ကျပ်နှစ်သိန်းခန့်ရရှိသည့် အိမ်ပိုင်ရှင်များ အခွန်ပေးဆောင်ရန်မလို - Property News in Myanmar from iMyanmarHouse.com
3088 Views

နေအိမ်ငှားရမ်းခ ကျပ်နှစ်သိန်းခန့်ရရှိသည့် အိမ်ပိုင်ရှင်များ အခွန်ပေးဆောင်ရန်မလို

အခွန်ဥပဒေအရ အိမ်ရှင်၊ အိမ်ငှားစာချုပ် ချုပ်ဆိုလျင် အိမ်ရှင်များက အခွန်ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း နေအိမ် ငှားရမ်းခ တစ်လ ကျပ်နှစ်သိန်း ရရှိနေသူ နေအိမ်ပိုင်ရှင်များသည် အခွန်ပေးဆောင်ရန် မလိုအပ်ဟု ပြည်တွင်း အခွန်များဦးစီးဌာနမှ အောက်တိုဘာ ၂၇ ရက်က ရှင်းလင်းထုတ်ပြန်သည်။

မြေ ၊ အဆောက်အအုံငှားရမ်းမှုဖြင့် ငှားရမ်းခရရှိသည့် အိမ်ပိုင်ရှင်များမှ ကျသင့်သည့် ဝင်ငွေခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ငှားရမ်းသူများထံမှ သွယ်ဝိုက်၍ ထပ်ဆောင်းကောက်ခံရန် မဟုတ်ဟု အသိပေးရှင်း လင်းထားသည်။ သို့သော် နေအိမ်ငှားရမ်းသူအချို့သည် မိမိထမ်းဆောင်ရမည့် အခွန်အတွက် ငှားရမ်းခများ ပိုမိုတောင်းခံနေခြင်းကြောင့် နေအိမ် ငှားရမ်းနေထိုင်သူများ အခက်အခံကြုံနေကြသည့်အတွက် ငှားရမ်းခဝင်ငွေရရှိသူများအတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ သက်သာခွင့်များအရ တစ်လလျှင် ပျမ်းမျှ ကျပ်နှစ်သိန်း ရရှိ နေသူများသည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ရှင်းလင်းထားခြင်းဖြစ်သည်။

အခြေခံသက်သာခွင့်အတွက် ခွင့်ပြုငွေကို စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသော ဝင်ငွေ (ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)၊ အိမ်ထောင်ဖက်တစ်ဦးအတွက် ခွင့်ပြုငွေမှ ကျပ်ငါးသိန်း၊ သားသမီးတစ်ဦး အတွက် ခွင့်ပြုငွေ ကျပ်သုံးသိန်းစီတို့ကို ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ သက်သာခွင့်ပေးထားခြင်း ဖြစ်သည်။

နေအိမ်ငှားရမ်းခဖြင့် ၀င်ငွေရရှိသူများထမ်းဆောင်ရမည့် ၀င်ငွေခွန်စည်းကြပ်ရာတွင် သက်သာခွင့်များ နုတ်ပယ်တွက်ချက်လျှင် တစ်နှစ်အတွက် ငှားရမ်းခဝင်ငွေ ကျပ်သိန်း ၂၀ အထိ ရရှိသူများသည် အခွန်ကျသင့်ခြင်းမရှိဘဲ ကျပ်သိန်း ၃၀ ရရှိသူ ကျပ် ၁၅,၀၀၀၊ ကျပ်သိန်း ၃၀ အထက် ရရှိသူသည် ကျပ် ၆၅၀,၀၀၀ အထိ ဝင်ငွေခွန်ကျသင့်မည်ဖြစ်သည်။

ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၂၀၀ အထိ ငှားရမ်းခ ပမာဏရရှိသူသည် ၀င်ငွေခွန် ကျပ် ၂,၁၅၀,၀၀၀၊ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ အထိ ငှားရမ်းခရရှိသူသည် ကျပ် ၄,၁၅၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး ကျပ်သိန်း ၃၀၀ အထက် ငှားရမ်းခရရှိသူကို ဝင်ငွေခွန်၂၅ ရာခိုင်နှုန်းဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်သည်။

မြေနှင့်အဆောက်အအုံ ငှားရမ်းခတွက်ချက်ရာတွင် အမှန်ရရှိသော ငှားရမ်းခနှင့် စည်ပင်သာယာ ရာဖြတ်တန်ဖိုးတို့အနက် များရာကို အခြေခံတွက်ချက်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေး ရှင်းလင်းထားသည်။

မြေနှင့်အဆောက်အအုံငှားရမ်းမှုဆိုင်ရာ သတင်းအချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးများသို့ ဆက်သွယ်ပေးပို့ရန် ထုတ်ပြန်ထားသော်လည်း လာရောက်ဆက်သွယ်သူ နည်းပါးသည့်အတွက် မြို့နယ်များအလိုက် ကွင်းဆင်းစာရင်းကောက်မှုနေသည်ဟု အခွန်ဌာနမှတာဝန်ရှိသူများက ဆိုထားသည်။

Credit : mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service