ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် အဆောက်အအုံ များအား လျှပ်စစ်ဓာတ်အားမပေးတော့ဟုဆို - Property News in Myanmar from iMyanmarHouse.com
996 Views

ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် အဆောက်အအုံ များအား လျှပ်စစ်ဓာတ်အားမပေးတော့ဟုဆို

ရန်ကုန်မြို့၌ ခွင့်ပြုချက်မဲ့ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များ၊ အဆောက်အအုံများအား ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က လျှပ်စစ်မီးပေးတော့မည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။

ခွင့်ပြုချက်မဲ့ဆောက်လုပ်ခဲ့သော အဆောက်အအုံများအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့ တရားဝင်စာထွက်ကာ အပြန်အလှန်ညှိနှိုင်းထားပြီး ယင်းသို့သတ်မှတ်လိုက်ခြင်းမှာ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ၊ အဆောက်အအုံများ လျော့နည်းလာစေရန်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်ခန့်မှစတင်၍ တရားမ၀င်ခွင့်ပြုချက်မဲ့ဆောက်လုပ်သော ကန်ထရိုက်အဆောက်အအုံများ များပြားလာခဲ့ပြီး သင်္ဃန်းကျွန်း ၊ မရမ်းကုန်း ၊ လှိုင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အများအပြားဆောက်လုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ခွင့်ပြုချက်ဖြင့်ဆောက်လုပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တရားဝင်ပေးသွင်းရသည့် လိုင်စင်ကြေး၊ လိုင်စင်အင်ဂျင်နီယာကြေး၊ အာမခံကြေး၊ ပုံစံစစ်ဆေးခ စသည်တို့ကိုရှောင်လွှဲလို၍ ခွင့်ပြုချက်မဲ့ဆောက်လုပ်နေကြခြင်းဖြစ်ကြောင်းနှင့် ခွင့်ပြုချက်မဲ့ဆောက်လုပ်ခြင်းကြောင့် အဆောက်အအုံ၏အရည်အသွေးအား တာဝန်ယူရန်မလိုခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ဒဏ်ကြေးတစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့်သာ အရေးယူနေပြီး ခွင့်ပြုချက်မဲ့ဆောက်လုပ်သူများအား တရားရုံးတွင် စည်ပင်ကတရားလိုလုပ်၍ တရားစွဲရာတွင် အချိန်ကာလအားဖြင့် နှစ်လနီးပါးကြာမြင့်၍ ထိရောက်မှုအားနည်းခဲ့ကြောင်း၊ ယခုအခါ ခွင့်ပြုချက်မဲ့ဆောက်လုပ်သော အဆောက်အအုံများအား ပြန်လည်ဖျက်သိမ်းသည်အထိ အရေးယူနိုင်သည့် နည်းဥပဒေလည်း ထွက်ရှိခဲ့ပြီဖြစ်ရာ ဒဏ်ကြေးများပြားစွာ တပ်ရိုက်ခွင့်ပြုနိုင်သည့် အဆောက်အအုံများကို ခွင့်ပြုမည်ဖြစ်ပြီး မဖြစ်မနေပြန်လည်ဖျက်သိမ်းရမည့်အဆောက်အအုံများကိုမူ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်အထိ ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံ စုစုပေါင်း ၁၉၀၀ ကျော်အား တရားစွဲဆိုထားပြီး သင်္ဃန်းကျွန်းမြို့နယ်တွင် စုစုပေါင်း ၆၈၀ ရှိနေသည်။

Credit : Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service