သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း ကုမ္ပဏီ ၁၈ ခုမှ ၀င်ရောက်လုပ်ကိုင်ရန် လက်မှတ်ရေးထိုးထားပြီး လာမည့်နိုဝင်ဘာတွ - Property News in Myanmar from iMyanmarHouse.com
1467 Views

သီလ၀ါအထူးစီးပွားရေးဇုန်အတွင်း ကုမ္ပဏီ ၁၈ ခုမှ ၀င်ရောက်လုပ်ကိုင်ရန် လက်မှတ်ရေးထိုးထားပြီး လာမည့်နိုဝင်ဘာတွ

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့် ဟက်တာ ၄ဝဝ အတွင်း အမေရိကန်၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများ၏ ကုမ္ပဏီ ၁၈ မှ ဝင်ရောက်လုပ်ကိုင်ရန် လက်မှတ်ရေးထိုးထားပြီဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

“အခုဆိုရင် ကုမ္ပဏီ ၁၈ ခုက လက်မှတ်ရေးထိုးပြီးပါပြီ။ အမေရိကန်ကုမ္ပဏီ တစ်ခု၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက စက်ရုံတွေ ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ မြန်မာကတော့ စက်ရုံသုံးရုံပေါ့။ လုပ်ငန်းတွေအနေနဲ့ကတော့ အထည်ချုပ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်း၊ လက်အိတ်စက်ရုံနဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေ ပါဝင်ပါတယ်။ အမေရိကန်ကတော့ Ball ကုမ္ပဏီ ပါ”ဟု သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“Ball Corporation အနေနဲ့ ပထမအဆင့်မှာ ဒေါ်လာသန်း ၄ဝ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ နောက်များမှာတော့ ဒေါ်လာသန်း ၁ဝဝ လောက်အထိ ထပ်တိုးရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါတယ်။ စက်ရုံကို အမြန်ဆုံးစတင်သွားမှာပါ။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လောက်ဆိုရင် စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့က ဘူးခွံတွေပဲ ရောင်းတာဆိုတော့ အချိုယမကာလုပ်ငန်းလုပ်တဲ့သူတွေကို ဘူးခွံတွေ ရောင်းချသွားမှာပါ”ဟု Ball Asia Pacific Limited ၏ Country Manager, Myanmar Plant ဦးမင်းတလဥာဏ်က ပြောကြားသည်။

လက်ရှိကာလတွင် သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့်စီမံကိန်းဧရိယာအတွက် လိုအပ်လျက်ရှိသည့်အခြေခံအဆောက်အအုံ တည်ဆောက်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်နေဆဲဖြစ်ပြီး စီမံကိန်းအတွင်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် မိုးကုန်ပိုင်းဖြစ်သည့် လာမည့်နိုဝင်ဘာခန့်တွင် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့်အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Myanmar Japan Thilawa Development Limited မှ ရင်းနှီးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဖက်စပ်ကုမ္ပဏီတွင် မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ရှယ်ယာများ ပါဝင်ကြောင်း သိရသည်။ မြန်မာဘက်တွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ရာခိုင်နှုန်း ၁ဝ နှင့် သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီမှ ၄၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်တွင် ဆူမီတိုမီကုမ္ပဏီ၊ မီဆူဘီရှိကုမ္ပဏီနှင့် မာရူဘီရှိကုမ္ပဏီကြီးသုံးခုမှ ဦးဆောင်သော MMS Thilawa Development Co.,Ltd မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရကိုယ်စားပြုကာ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) မှ ရာခိုင်နှုန်း ၁ဝ အသီးသီးပါဝင်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ (၅၇၈၇ ဒသမ ၁၇၈ ဧက) ရှိပြီး ပထမအဆင့်အပိုင်း (က) ဧရိယာတွင် ၃၉၆ ဒသမ ဝ၆၂ ဟက်တာ (၉၇၈ ဒသမ ၆၉၁ ဧက) ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ချက်အရ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုက တရားဝင်အတည်ပြုလွှာများ ပို့ထားပြီဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဖြစ်သူ ဦးဆက်အောင်က ပြောကြားသည်။

Credit: Eleven Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service