ရန်ကုန်မြို့လယ် တိုက်ခန်းများ အရောင်းထက် အငှားသွက် - Property News in Myanmar from iMyanmarHouse.com
956 Views

ရန်ကုန်မြို့လယ် တိုက်ခန်းများ အရောင်းထက် အငှားသွက်

ရန်ကုန်မြို့၏ Downtown ခြောက်မြို့နယ်တွင် တစ်ခုအပါအဝင်ဖြစ်သော ပန်းဘဲတန်းမြို့နယ်၌ တိုက် ခန်းများ ငှားရမ်းမှု ပိုမိုသွက်နေပြီးအရောင်းမှာ ပုံမှန်အတိုင်းသာ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ သိရသည်။

”ဈေးကွက်အခြေအနေအရတော့ အခုရက်ပိုင်းအတွင်းမှာ အငှားလေးတွေ ဖြစ်ပါတယ်။ တိုက်ခန်း အရောင်းလေးတွေတော့ ဖြစ်ပေမယ့်မိုးတွင်းကာလဖြစ်နေလို့ နည်းနည်းပါးတယ်။ အဝယ်လည်း ရှိသလို အငှားလည်း ရှိနေတယ်။ မြို့ထဲအိမ်ခြံမြေ ဈေးကွက်ကတော့ အငှားနဲ့အရောင်း ပုံမှန်လည်ပတ်နေပါတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာမမြတ်မုယွန်က ပြောသည်။

ပန်းဘဲတန်းမြို့နယ်သည် ကိုလိုနီခေတ်ကတည်းက လူနေအိမ်ခြေများပြားပြီး စည်ကားသော မြို့လယ် ပိုင်းဖြစ်သဖြင့် အင်္ဂလိပ်ခေတ်ကတည်းက ဆောက်လုပ်ခဲ့သော တိုက်တာအဆောက်အအုံများ ရှိသကဲ့သို့ ယခုခေတ်တွင် ပြန်လည်ဆောက်လုပ်သော အထပ်မြင့်အဆောက်အအုံများလည်း ရှိရာ တိုက်ဟောင်းနှင့် တိုက်သစ်တို့ အားပြိုင်လျက်ရှိသော မြို့နယ်တစ်ခုလည်းဖြစ်သည်။ တိုက်ဟောင်းများသည် အမြင်အားဖြင့် အိုဟောင်းခြင်းရှိသော်လည်း ထုထည်ကြီးမားခိုင်ခံ့မှုရှိဆဲ ဖြစ်သည်။ သို့သော် အချို့တိုက်များမှာမူ မိုးရေ စိမ့်ဝင်ခြင်း၊ အမိုးများမလုံခြင်း၊ ကြမ်းခင်းများ ကွေးညွတ်လာခြင်း စသည့်အားနည်းချက်များ ရှိနေသည်။ လူနေ ထိုင်ရန် မသင့်သော တိုက်အိုတိုက်ဟောင်းများကို မြို့တော်စည်ပင်ကအန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပြီး ပြင်ဆင်ဆောက်လုပ်ခွင့်ပြုသည့်အတွက် တိုက်ခန်းသစ်များလည်း ပေါ်ပေါက်လာသည်။

လက်ရှိအခြေအနေအရ ပန်းဘဲတန်းမြို့နယ်အတွင်း အိမ်ခြံမြေဈေးကွက်မှာ တိုက်ဟောင်းများနှင့် တိုက်သစ်များရှိ တိုက်ခန်းများသည် ဈေးချင်း ကွာဟမှုများရှိနေပြီးဝယ်ယူသူများအနေဖြင့်အဆင်ပြေသည့်တိုက် ကို ဝယ်ယူကြောင်း သိရသည်။

”တိုက်သစ်နဲ့ တိုက်ဟောင်းဆိုရင် တစ်ခါတလေ ဈေးကွက်မှာ သိန်း ၁ဝဝ လောက်အထိ ဈေးက ကွာသွားတာ ရှိတယ်။ ပုံမှန်တိုက်ခန်းငှားခကတော့ ပထမထပ်ကနေ တတိယထပ်လောက်အထိ တစ်လကို အနည်းဆုံးကျပ် ၂ဝဝ,ဝဝဝ အထက် ရှိတယ်” ဟု၎င်းက ပြောသည်။

ပန်းဘဲတန်းမြို့နယ်သည် မြို့လယ်ကောင်ဖြစ်၍ သွားလာရေးအချက်အချာကျသည့်အတွက် လူ နေထိုင်ရုံမျှသာ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လည်းအကွက်အကွင်းကျခြင်းကြောင့် ငှား ရမ်းလိုသူ၊ ဝယ်ယူလိုသူ များပြားလျက်ရှိရာ အငှားဈေးနှုန်း၊ အရောင်းဈေးနှုန်း မြင့်မားကြောင်း သိရသည်။ ဆိုင်ခန်းဖွင့်လိုသူများ၊ ကုမ္ပဏီရုံးခန်းဖွင့်လိုသူများ အဓိကစုံစမ်းရာ မြို့နယ်လည်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

”လမ်းမတွေပေါ်မှာတော့ အများအားဖြင့် အငှားက ပိုဖြစ်တယ်။ အဓိကကတော့ ဆိုင်ခန်းဖွင့်တဲ့လူတွေ ငှားတာဖြစ်တယ်။ အချက်အချာနေရာဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေနေဖို့၊ ရုံးခန်းဖွင့်ဖို့ သင့်တော်တယ်” ဟု မမြတ်ယုမွန်က ပြောသည်။

ပန်းဘဲတန်းမြို့နယ် ဈေးကွက်အခြေအနေအရ လမ်းမတန်း တိုက်ခန်းများသည် ဈေးအမြင့်ဆုံး ဖြစ်ပြီး ဒုတိယဈေးမြင့်သည်မှာ လမ်းကျယ်တိုက်ခန်းများ၊ တတိယ ဈေးမြင့်သည်မှာ လမ်းကျဉ်း အလျား ပေ ၅ဝ ရှိ တိုက်ခန်းများဖြစ်ပြီး စတုတ္ထအနေဖြင့် လမ်းကျဉ်း အလျား ပေ ၄ဝ ရှိတိုက်ခန်းများဖြစ်သည်။

Downtown မြို့နယ် ခြောက်မြို့နယ်တွင် လမ်းကျဉ်းနှင့် လမ်းကျယ်များကို မြို့ကွက်ပုံစံတည်ကတည်း က စနစ်တကျ ပိုင်းခြား သတ်မှတ်ထားသည့်အတွက် လမ်းကျယ်များရှိတိုက်ခန်းများက လမ်းကျဉ်းများရှိ တိုက်ခန်းများထက် ပိုမိုဈေးမြင့်မားသည်မှာ ရှေးယခင်ကတည်းကဖြစ်သည်။ လမ်းကျယ်များရှိ တိုက်ခန်း များသည် ယေဘုယျအားဖြင့်အလျား ပေ ၆ဝ ရှိပြီး လမ်းကျဉ်းများရှိ တိုက်ခန်းများသည် ပေ ၄ဝ၊ ပေ ၅ဝ သာ ရှိစမြဲဖြစ်သည်။ လမ်းကျဉ်းအချင်းချင်း ကျောကပ်ထားသောတိုက်ခန်းများသည် အလျား ပေ ၅ဝ ရှိပြီး လမ်းကျယ်ကို ကျောကပ်ထားသော တိုက်ခန်းများသည် အလျား ပေ ၄ဝ သာ ရှိတတ်သည်။ ထိုသို့ခွဲခြား ဆောက်လုပ်ထားသည့် စနစ်ကြောင့်လမ်းကျဉ်းများရှိ တိုက်ခန်းများတွင်လည်း သူ့အနေအထားနှင့်သူ ဈေး ကွာဟမှုများရှိကြောင်း သိရသည်။ ယျေဘုယျအားဖြင့် လမ်းကျဉ်းတိုက်ခန်းချင်းအတူတူဖြစ်စေကာမူ ပေ ၅ဝ တိုက်ခန်းများက ပေ ၄ဝ တိုက်ခန်းများထက် ပို၍ ဈေးရရှိသည်။ အခန်းအနေအထား အကျဉ်းအကျယ်ပေါ် မူတည်၍ ငှားရမ်းခတွင်လည်း ထိုသို့ဈေးကွာခြားကြောင်း သိရသည်။

”အခုနောက်ဆုံး ၂၈ လမ်းကပထမထပ် အခန်းကျယ်ကို တစ်လကျပ် ၈ဝဝ­,ဝဝဝ နဲ့ ငှားဖို့ လာအပ် ထားတာရှိတယ်။ ၁၈ ပေ ထ ပေ ၅ဝ အခန်းပါ။ သူကတော့ ပြင်ပြီးသားဖြစ်တယ်။ မြေညီထပ်ဆိုရင်တော့ တစ်လကို ငှားခ ၁ဝ သိန်း ဝန်းကျင်ရှိတယ်။ အဲဒီအခန်းက အပေါ်ဘက်ကျပေမယ့် ဗိုလ်ချုပ်ဈေးနဲ့ နီးသွား တော့ ဈေးပိုကောင်းသွားတယ်” ဟုမမြတ်ယုမွန်က ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့၏ စီးပွားရေးအကွက်အကွင်းမှာ အဓိကအားဖြင့် ဆူးလေဗဟိုပြု စီးပွားရေးနယ် ပယ် ဖြစ်နေသည့် အားလျော်စွာစီးပွားရေးလုပ်လိုသူများ၏ ဝယ်လို၊ ငှားလိုအားဖြင့် မြို့လယ်တိုက်ခန်းများ၏ အရောင်း၊ အငှား ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်မှာကြောက်ခမန်းလိလိဟု ဆိုရမလိုဖြစ်နေသည်။ ထိုအခြေအနေ လျော့ပါးစေရေးအတွက် ရန်ကုန်မြို့၏ ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC)အဆောက်အအုံ တည်ရှိသည့် မြေ ၃၆ ဧကကျော်ပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ရာ ထိုစီမံကိန်းအကောင်အထည်ပေါ်ချိန်တွင် ယခုမြင့်တက်လျက်ရှိသော မြို့လယ်တိုက်ခန်းများ၏ ဈေးနှုန်းများ ပြန်လည်ကျနိုင်ကြောင်း အိမ်ခြံမြေဈေးကွက်စိတ်ဝင်စားသူများက မျှော်မှန်းသုံးသပ်လျက်ရှိကြသည်။

Credit : The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service