ရန်ကုန်အိမ်ခြံမြေဈေးကျဖို့ အချိန်ကာလယူရဦးမည် - Property News in Myanmar from iMyanmarHouse.com
2165 Views

ရန်ကုန်အိမ်ခြံမြေဈေးကျဖို့ အချိန်ကာလယူရဦးမည်

ဈေးနှုန်းအဆမတန်ကြီးမြင့်နေတဲ့ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်က တရုတ်မှာ အိမ်ခြံမြေဓျေးတွေ ကျဆင်းသွားသလိုဖြစ်ဖို့ ဆိုတာ အချိန်ကာလ အားဖြင့် ကြာဦးမယ်လို့ အကျိုးဆောင်တချို့ က သုံးသပ်ကြပါတယ်။

'တရုတ်ရဲံ့ အိမ်ခြံမြေဈေးကလဲ ရန်ကုန်လိုပဲတစ်ချိန်က တစ်ရှိန်ထိုးတက်ခဲ့တာ၊ အချိန်အတော်ကြာ ထိန်းချုပ်ခဲ့လို့ကျလာတာ၊ ဒီမှာက အချိန်တော်တော်ယူရမယ်၊ အဓိကကတော့တိကျတဲ့အခွန်ကောက်ခံမှုတွေ၊ လူတစ်ဦးကို ပိုင်ဆိုင်မှု ဘယ်အတိုင်းအတာ ကျော်လွန်ရင် ပေးဆောင်ရမယ့် နှုန်းထားက ဘယ်လိုဆိုပြီး ထိထိရောက်ရောက် လုပ်ရင်တော့ ရန်ကုန်လဲ မကြာခင်

ဈေးကျမှာပါ' လို့ ဝါရင့် အကျိုးဆောင်ဦးမောင်မောင်က သူ့အမြင်ကိုပြောပါတယ်။

ရန်ကုန်မြို့တွင်း၊ မြို့တွင်းနဲ့ ဆက်စပ် မြို့နယ်တွေတင်မက ဆင်ခြေဖုံး၊ မြို့သစ်တွေမှာပါ မြေဈေး၊ အိမ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။ ကွန်ဒို ၊ တိုက်ခန်း တည်ဆောက်မှုတွေ များလာပေမဲ့လည်း ဈေးနှုန်းက မြင့်သထက်မြင့်နေတာပါ။ အစိုးရကလည်း အိမ်ရာတွေဖော်ဆောင်ပေးနေပေမဲ့ သာမန်လူတန်းစားတွေ အတွက် အိမ်ပိုင်ဆိုင်ဖို့ ဝေးကွာနေပါသေးတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးအေးလင်းက ' မြေဈေးက တော်တော်လေး ဈေးကြီးတဲ့ အပိုင်းလေး ပါနေတယ်၊ ရွှေတောင်ကြားထဲက ခြံတစ်ခြံရဲ့ တန်ဖိုးက ပြည်ပမှာလဲ ဝယ်ယူလို့ရလောက်တဲ့ ပမဏဖြစ်နေတယ်၊ ဆောက်လုပ်ရေးသမားတွေအနေနဲ့ ဆောက်လုပ်တဲ့ ကုန်ကျစရိတ်ထက် မြေဈေး ကို စဉ်းစားနေရတဲ့ အခြေအနေဖြစ်နေတယ် ' လို့ ပြောပါတယ်။

မြေဈေးကြီးမြင့်လာရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ပြီးပြည့်စုံတဲ့ မြေနေရာ (PRIME AREA) ရှားပါးလာတာ ကြောင့်လည်းပါတယ်။ဖွံ့ ဖြိုး တိုးတက်လာနိုင်မယ့်နေရာတွေမှာ ငွေကြေးတက်နိုင်သူတွေက ဝယ်ယူရင်းနှီးမြုပ်နှံပြီး မြေဈေးကစားတာတွေကြောင့်လို့ အကျိုးဆောင်တချို့က သုံးသပ်ကြပါတယ်။

မြောက်ဒဂုံမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင် ဦးကျော်စွာက ' လက်ရှိမှာ ကြည့်မယ်ဆို ဒဂုံအရှေ့ ပိုင်း ကိုပြောလို့ရတယ်၊ တကယ်ဆို လက်ရှိဖြစ်နေတဲ့ ဈေးနဲ့ မပေါက်သင့်သေးတဲ့နေရာ၊ ဒါပေမဲ့ အခုဈေးကစားမှုတွေကြောင့် အဆမတန်မဖြစ်သင့်တဲ့ ဈေးတွေဖြစ်ပြီး မြင့်လာတယ်လို့ပြောပါတယ်

တရုတ်မှာတော့ အိမ်ခြံမြေဈေးနှုန်းကျ ဆင်းဖို့ အိမ်တစ်လုံးထက် ပိုတဲ့ ဝယ်ယူမှုကို ကန့်သတ်တာ၊ ပေးသွင်းမှုနှုန်းထားကို မြှင့်ထားတာ၊ အခွန်ကောက်ခံတာတွေနဲ့ ထိန်းချုပ်တာ စတာ တွေဖြစ်ကြောင်းပြည်ပသတင်းဝက်ဘ်ဆိုက် တစ်ချို့မှာ တွေရပါတယ်။

Credit :Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service