ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော် အပါအ၀င် သက်တမ်းအရှည်ဆုံး အမွေအနှစ်ုံ သုံးခုရှိပြီး တရားဝင် အမွေအနှစ် အေ - Property News in Myanmar from iMyanmarHouse.com
784 Views

ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော် အပါအ၀င် သက်တမ်းအရှည်ဆုံး အမွေအနှစ်ုံ သုံးခုရှိပြီး တရားဝင် အမွေအနှစ် အေ

ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော် အပါအဝင် သက်တမ်းအရှည်ဆုံး အမွေအနှစ် အဆောက်အအုံ သုံးခုရှိပြီး တရားဝင်စာရင်းများအရ အမွေအနှစ် အဆောက်အအုံ ၁၈၉ လုံးရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှသိရသည်။

ရွှေတိဂုံစေတီတော်သည် တည်ဆောက်ပုံအရ သက်တမ်းအရှည်ဆုံးဖြစ်ကာ နှစ်ပေါင်း ၂၆ဝဝ ကျော် သက်တမ်းရှိပြီး ကိုလိုနီခေတ်နှောင်းပိုင်း၊ ၁၉ ရာစုလယ်-နှောင်းပိုင်းကာလ သက်တမ်းအရှည်ဆုံး အဆောက်အအုံတို့မှာ ၁၈၇၇ ခုနှစ် ဆောက်လုပ်ခဲ့သော ယခင်မြန်မာ့မီးရထားကုမ္ပဏီ အဆောက်အအုံနှင့် ၁၈၆၂ တွင် ဆောက်လုပ်ခဲ့သည့် အာမေးနီးယန်း ဘုရားရှိခိုးကျောင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့၏ တရားဝင်စာရင်းများအရ အမွေအနှစ် အဆောက်အအုံ စုစုပေါင်း ၁၈၉ လုံးရှိပြီး အဆိုပါ အဆောက်အအုံများမှာ ပြည်သူပိုင်အဆောက်အအုံနှင့် ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်များသာ ပါဝင်ကြောင်း သိရသည်။

“ရန်ကုန်မှာရှိတဲ့ ဗိသုကာဆိုင်ရာ အမွေအနှစ် အဆောက်အအုံတွေကို စာရင်းပြည့်အောင် လေ့လာပြီး စာရင်းတွေ ပြန်ကောက်နေပါတယ်။ ဒီအဆောက်အအုံ စာရင်းတွေက သမိုင်းဝင်၊ ဗိသုကာလက်ရာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်ကို အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်တဲ့နေရာမှာ အစိုးရကို အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။ ဒီအဆောက်အအုံတွေက ရန်ကုန်မြို့ပြရဲ့ လူမှုရေးသမိုင်းကို လေ့လာတဲ့နေရာမှာလည်း အချက်အလက်တွေ ဖြစ်လာနိုင်ပါတယ်” ဟု YHT မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် အမွေအနှစ် အဆောက်အအုံများဖြစ်သည့် စေတီပုထိုးများ၊ ဘုရားရှိခိုးကျောင်းများ၊ ကိုလိုနီခေတ်ဗိသုကာ လက်ရာများ ရှိနေပြီး ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် မြို့ပြအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကြမ်းရေးဆွဲပြီး တိုင်းဒေသကြီးအစိုးရ ထံတင်ပြထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲရာတွင် မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ခြင်းကိုပါ ပူးတွဲလုပ်ဆောင်နိုင်ရန် ပြည်ပပညာရှင်များ၏ အကူအညီများ ရယူခြင်း၊ အမွေအနှစ် ထိန်းသိမ်းရေးကို ပြည်ပနိုင်ငံများတွင် သွားရောက်လေ့လာခြင်းနှင့် ရန်ကုန်မြို့ပြ အမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အရည်အသွေးမြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YHT မှသိရသည်။

Credit: Eleven Media

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service