ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းပြားများ စတင်တပ်ဆင်မည် - Property News in Myanmar from iMyanmarHouse.com
860 Views

ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းပြားများ စတင်တပ်ဆင်မည်

ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းကာကွယ်နိုင်သည့် ဥပဒေများ တိတိ ကျကျ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့်ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဥပဒေ မူကြမ်းရေးဆွဲကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်းယင်းအဖွဲ့မှ သိရသည်။

”ဒီမှာက ထိန်းသိမ်းထားတဲ့ အဆောက်အအုံတွေလည်း ရှိသလိုထိန်းသိမ်းမှုမရှိတဲ့ အဆောက်အအုံ တွေလည်း ရှိနေတယ်။ အဓိကကအဆောက်အအုံတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ ဥပဒေတွေတိတိ ကျကျပြဋ္ဌာန်းထားတာ မရှိသေးတဲ့အတွက် အစ်မတို့က မူကြမ်းရေးဆွဲပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အကြီးတန်း ပြန်ကြားရေး အရာရှိ မရွှေယင်းမာဦးကပြောသည်။

ရန်ကုန်မြို့တော် သမိုင်းနှင့် ဆက်စပ်သော ရှေးဟောင်းအဆောက်အအုံများတွင် ရန်ကုန် မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယင်းအဆောက်အအုံ၏ သမိုင်းကြောင်းများ၊ အမည်များ၊ ထူးခြား ဖြစ်စဉ်များကို အပြာရောင် ကမ္ပည်းပြားများပေါ်၌ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုး တပ်ဆင်သွား မည်ဖြစ်ပြီး ပထမဆုံးကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမတွင် သြဂုတ်လအတွင်း တပ်ဆင်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများတွင် တပ်ဆင်မည့် ကမ္ပည်းပြားများကိုရေရှည်ခိုင်ခံ့ မှုနှင့် အရည်အသွေးကောင်းမွန်ရေး ရှေးရှုကာ သြစတြေးလျနိုင်ငံမှမှာယူတင်သွင်းရသည့်အတွက် ကုန်ကျ စရိတ်များပြားလျက်ရှိရာ ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့်ကမ္ပည်းပြားများ ဝယ်ယူရရှိနိုင်ပါက ရှေးဟောင်းအဆောက်အအုံများတွင် ကမ္ပည်းပြားများ ပိုမိုတပ်ဆင်သွားနိုင်မည်ဖြစ်သည်။

”စည်ပင်က စာရင်းလုပ်ထားတဲ့အဆောက်အအုံ ၁၈၉ လုံးမှာ ပါတဲ့အဆောက်အအုံတွေ၊ ဒီစာရင်းမှာ မပါပေမယ့် သမိုင်းအရ အရေးကြီးတဲ့ ပုဂ္ဂလိက အဆောက်အအုံတွေကိုပါ ရွေးချယ်ပြီး ကမ္ပည်းပြားကပ်သွား ပါမယ်” ဟု ၎င်းက ပြောသည်။

ဥပဒေများ ပေါ်ထွက်လာပါက ရှေးဟောင်းအဆောက်အအုံများကိုမည်သို့မည်ပုံ ထိန်းသိမ်းစောင့် ရှောက်ရမည်၊ မည်သည့်ပုံစံဖြင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းက ပိုမိုသင့်လျော်မည် စသည်တို့ကို တိတိကျကျ ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည့် စာရင်းများအရ ရန်ကုန်မြို့ တော်တွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၁၈၉ လုံးရှိပြီး အများစုမှာ မြို့လယ်ကောင်ဖြစ်သည့် ပန်းဘဲတန်း နှင့် ကျောက်တံတားမြို့နယ်တို့တွင် တည်ရှိသည်။

”သမိုင်းဝင် အဆောက်အအုံတွေကို သူတို့ ငှားတဲ့အခါမှာ အပြင်ပိုင်းကို ပုံသဏ္ဌာန်ပျက်သွားမှာစိုးလို့ ပြင်ဆင်ခွင့်မပေးထားဘဲ အတွင်းပိုင်းကိုတော့ ပြင်ဆင်ခွင့်ပေးထားတယ်။ ရှေးဟောင်းအဆောက်အအုံကို ဖျက်ဆီးတာတို့၊ ပုံသဏ္ဌာန်ပြောင်းလဲသွားအောင်လုပ်တာတို့ဆိုရင် ဥပဒေအရ အရေးယူလို့ ရတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှတရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်ရှိ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရန် စိတ်ပါဝင်စားမှုရှိသည့် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံတကာတက္ကသိုလ်များမှ လာရောက် လေ့လာကြသည့်ကျောင်းသူကျောင်းသားများ၊ အဖွဲ့အစည်းများက အကူအညီတောင်းခံလာလျှင် လိုက်လံ ပြသရှင်းလင်းသည့် လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိသကဲ့သို့ ကမ္ဘာလှည့်ခရီးသည်များကလည်း ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အအုံများကို လေ့လာရန် စိတ်ပါဝင်စားမှုများပြားကြောင်း သိရသည်။

Credit :The Trade Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service