မြေယာလျော်ကြေးမရပါက လုံးဝဖယ်ပေးမည်မဟုတ်ဟု သီလ၀ါလူမှုဘ၀ ဖွံ့ဖြိုးရေးအဖွဲ့ဝင်ပြော - Property News in Myanmar from iMyanmarHouse.com
846 Views

မြေယာလျော်ကြေးမရပါက လုံးဝဖယ်ပေးမည်မဟုတ်ဟု သီလ၀ါလူမှုဘ၀ ဖွံ့ဖြိုးရေးအဖွဲ့ဝင်ပြော

သီလ၀ါအထူးစီးပွားရေး ဒုတိယအဆင့် ဟက်တာ နှစ် ထောင်ကို အကောင်အထည်ဖော် ရာတွင်သီးနှံလျော်ကြေးသာပေး ပြီး မြေအတွက်လျော်ကြေးမပေး ပါက လုံးဝဖယ်ပေးမည်မဟုတ် ကြောင်း သီလ၀ါဒေသလူမှုဘ၀ဖွံ့ဖြိုးရေးအဖွဲ့ဝင် ဦးအေးဌေးက ပြောကြားသည်။

‘‘ပစ်သတ်ရင်လည်း အသေ ခံမယ်။ လုံးဝကိုဖယ်မပေးဘူး’’ဟု ဦးအေးဌေးက ဇူလိုင် ၂၁ရက်တွင်မြန်မာမီဒီယာစာကြည့်တိုက်၌ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။

ထို့အပြင် သီလ၀ါစီမံကိန်း များသည် ဂျပန်နိုင်ငံမှ ငွေချေး၍ လုပ်ကိုင်ရသဖြင့်အဆိုပါချေးငွေ ရရှိရန်အတွက် ဂျပန်နိုင်ငံသို့သွား ရောက်ကန့်ကွက်မည်ဟုလည်း ၎င်းကဆိုသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့်တွင် ပြောင်းရွှေ့ခံရ သူအိမ်ထောင်စုခြောက်ဆယ်နီး ပါးသည်လည်း လူမှုစီးပွားဘ၀မ ပြည့်စုံမှုများကြောင့် ဂျပန်နိုင်ငံအ ထိပင်သွားရောက်၍ ဂျပန်နိုင်ငံတ ကာအကူအညီပေးရေးအေဂျင်စီ ရုံးချုပ်သို့ ကန့်ကွက်မှုများပြုလုပ် ခဲ့သည်။

ထို့ကြောင့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီ(JICA) အဖွဲ့ချုပ်ရုံးသီးသန့်ဖွဲ့ စည်းထားသော အဖွဲ့အစည်းမှ စုံ စမ်းစစ်ဆေးရန် မြန်မာနိုင်ငံသို့ လာခဲ့သည်။ အဆိုပါအဖွဲ့သည် စစ်ဆေးရာတွင် အချက်သုံးချက် ကို အဓိကထားစစ်ဆေးကြောင်း မဲခေါင်စောင့်ကြည့်ရေးအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သီလ၀ါ၌ လူမှုစီးပွားဘ၀နှင့် ပတ်သက်၍ စစ်ဆေးရာတွင်မြန် မာနိုင်ငံ၌ လုပ်ကိုင်နေသော ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီအနေဖြင့်သတ်မှတ် ထားသည့် မူဝါဒအတိုင်းဆောင် ရွက်မှုရှိ၊မရှိ၊ အစိုးရနှင့်ဒေသခံ များပူးပေါင်းဆောင်ရွက်မှုအခြေ အနေ၊ ပြဿနာနှင့်ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းရမည့်တင်ပြ ချက်တို့ဖြစ်သည်။

ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီသည် သီလ၀ါစီမံကိန်းကို အကောင်အ ထည်ဖော်ရာတွင်အဓိကအချက် တစ်ခုဖြစ်သော မြေသိမ်းရာ၌မူလဘ၀ အခြေအနေထက်မနိမ့် ကျသော အခြေအနေကိုဖန်တီး ပေးရမည်ဟုပါရှိသည်။ သို့သော် သီလ၀ါပထမအဆင့်မြေသိမ်းရာ တွင် သီးနှံလျော်ကြေး၊ အိမ်နေရာ လျော်ကြေးနှင့်ပညာရေးထောက် ပံ့မှုလျော်ကြေးအနည်းငယ်သာ ပေးကြောင်း ဒေသခံများကပြော ကြားသည်။

Credit: 7 Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service