ဟိုင်းကြီးကျွန်းတွင် ထူးကဲဒီရေကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၃၆လုံးပျက်စီး - Property News in Myanmar from iMyanmarHouse.com
862 Views

ဟိုင်းကြီးကျွန်းတွင် ထူးကဲဒီရေကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၃၆လုံးပျက်စီး

ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့အမှတ်(၃) ရပ်ကွက် နယ်မြေ(၁၁) ၌ထူးကဲဒီရေမြင့် တက်လာပြီး ပင်လယ်ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ကမ်းပါး

များပြို ကျလာသည့်အတွက် နေအိမ် ၃၆ လုံး ပြောင်းရွှေ့ထားရသည်ဟု ဟိုင်း ကြီးကျွန်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

''ကုန်းမြင့်တဲ့နေရာတွေမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့စီစဉ် ဆောင်ရွက်ပေးထားတယ်။ ဒုက္ခ ရောက်နေတဲ့ ပြည်သူတွေ ကိုကူညီဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ဘာပစ္စည်းတွေ ကူညီပေးရ မယ်ဆိုတဲ့ ညွှန်ကြားချက်မရသေးဘူး။

တိုင်းဒေသကြီးအစိုးရက ညွန်ကြား လာရင်တော့ ကူညီဆောင်ရွက်ပေး ဖို့ အစီစဉ်ရှိပါတယ်'' ဟုဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနတိုင်းဦးစီးမှူး ဦးသန်းစိုးကပြော သည်။

ဟိုင်းကြီးကျွန်း နယ်မြေ (၁၁) ၌ ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင် လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အထိ လေ၊ မိုးနှင့် လှိုင်းဒဏ် ကြောင့် လူနေအိမ် ၂၆ လုံး ပျက်စီး ခဲ့ကာ ကမ်းပါးများပြိုကျခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်း၌ နေအိမ်များ ထပ်မံပျက်စီးခဲ့ပြီးဇူလိုင် လ ၁၅ရက်နေ့အထိ စုစုပေါင်းနေအိမ် ၃၆လုံးပျက်စီးခဲ့ခြင်းဖြစ်သည်။

''လူအသေအပျောက်တော့ မရှိပါဘူး။ ရေဘေးသင့် အိမ်ထောင် စုတွေကို ဘေးလွတ်ရာ နေရာကို ယာယီပြောင်း ရွှေ့နေထိုင်ကြ ဖို့ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာထားတယ်။ အခက်အခဲတွေတော့ရှိတယ်။ အဓိ က လိုအပ်တာ ကတော့ စားစရာနဲ့ ဆန်ပါ။ အခုအချိန်အထိတော့ အကူအညီ အထောက်ပံ့တွေမရသေး ဘူး'' ဟု ဟိုင်းကြီးကျွန်းမြို့ခံတစ်ဦးက ပြောသည်။

အမှတ်(၃)ရပ်ကွက် နယ်မြေ (၁၁)၌ အိမ်ခြေ ၇၀ ကျော်ရှိပြီး နှစ်စဉ်ရေတက်သော်လည်း ယခုကဲ့ သို့မဖြစ်ဖူးဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒီရေမြင့်တက်ခြင်းကြောင့် ကမ်းပြို ကာ အိမ်ခြေ ၃၆ လုံး ပျက်စီးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ရှိ သဘာဝဘေး အန္တရာယ်ခံနိုင်သည့် အဆောက် အအုံသို့ ရေဘေးဒုက္ခသည် ၁၀၀ ခန့်ပြောင်းရွှေ့ရန် နယ်မြေတာဝန် ရှိသူများက ဆောင်ရွက်ပေးလျက်ရှိ သည်ဟု သိရှိရသည်။

Credit: Democracytoday‬

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service