အထပ်မြင့်အဆောက်အအုံတွေမှာ လူနေခွင့်နဲ့ မီးသတ်ထောက်ခံချက်တွေ စစ်ဆေးအရေးယူမည် - Property News in Myanmar from iMyanmarHouse.com
734 Views

အထပ်မြင့်အဆောက်အအုံတွေမှာ လူနေခွင့်နဲ့ မီးသတ်ထောက်ခံချက်တွေ စစ်ဆေးအရေးယူမည်

အထပ်မြင့် အဆောက်အအုံတွေမှာ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုထောက်ခံချက်ရှိ မရှိ ဆိုင်ရာဌာနတွေက စစ်ဆေးပြီး အရေးယူမယ်လို့ သိရပါတယ်။

အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်မှု စတင်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းအချက်အလက်တွေနဲ့ လျှောက်ထားပေမဲ့ လူနေထိုင်ခွင့်ပါမစ် မလျှောက်ထားတာ၊ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက်မရှိတာ စတဲ့ အဆောက်အအုံတွေကို စစ်ဆေး မှာဖြစ်ပါတယ်။

'ဆင်ခြေဖုံးမြို့နယ်တစ်ချို့မှာဆိုရင် လူနေခွင့်မကျသေးပဲ မရှိဘဲနဲ့ အရောင်းအဝယ် လုပ်နေကြတာတွေ ရှိတယ် ၊ ဒါကိုမသိဘဲ ဝယ်သူတွေလဲရှိတယ် ၊ ဝယ်ပြီးမှ လူနေခွင့်မကျသေးတာ ၊ စည်ပင်က ခွင့်မပြုတာတွေ ကြုံနေကြရတယ်၊ တကယ့်စည်းကမ်းအတိုင်းဆိုရင် လူနေခွင့်ရဖို့ မီးသတ်ဌာနရဲ့စစ်ဆေးထောက်ခံချက်လဲ ရှိရမယ်၊ တချို့ကန်ထရိုက်တာတွေက ဆောက်လုပ်ခွင့်တော့ တင်တယ်၊ လူနေခွင့်ပါမစ်ကိုတော့ မလျှောက်ကြတာတွေရှိတယ် ' လို့ ဆောက်လုပ်ရေးလုပ်ငန်းအကျိုးဆောင်ရှေ့နေဦးမောင်မောင်ကပြောပါတယ်။

အထပ်မြင့် အဆောက်အအုံတွေ စတင်ဆောက်လုပ်တဲ့အခါ စည်ပင်ဌာနရဲ့ အကြံပြုချက်တွေပါ ရယူရတယ်။ အဲ့သည့် အကြံပြုချက်ရှိမှ လူနေထိုင်ခွင့်ပါမစ်လျှောက်ရတာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ''အဆောက်အအုံတွေကို လူနေထိုင်ခွင့်ပါမစ်လျှောက်ခိုင်းမှာပါ ၊ လိုက်နာဆောင်ရွက်မှု မရှိတဲ့သူတွေကို YCDC အနေနဲ့ရော မီးသတ်ဥပဒေအရပါအရေးယူမှာဖြစ်တယ် ' လို့ ပြောပါတယ်။ လူနေထိုင်ခွင့်ပါမစ် ရရှိဖို့ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) လိုအပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ဆောက်လုပ်ခွင့် ပါမစ်အတွက် မီးသတ်ဌာနပအကြံပြုချက်ထုတ်ပေးခဲ့တဲ့ အဆောက်အအုံက၅၀၀၀ကျော်ရှိပေမဲ့ ဌာနရဲ့ ထောက်ခံချက်လာယူတဲ့ အရေအတွက်က ၁၂၀ကျော် သာရှိတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service