ဆောက်လုပ်ရေးလုပ်ငန်းများ ­ ­Pile စနစ်ကို အသုံးပြုလာ - Property News in Myanmar from iMyanmarHouse.com
2049 Views

ဆောက်လုပ်ရေးလုပ်ငန်းများ ­ ­Pile စနစ်ကို အသုံးပြုလာ

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် Pile Foundation ­စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာ ကြကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

”­ ­Pile စနစ်က အချိန်ကုန်သက်သာတယ်။ ငွေကုန်ကြေးကျတော့များတယ်။ ဒါပေမယ့် ရေရှည်ခံနိုင် ဝန်ကို ကြည့်မယ်ဆိုရင်တော့ ကောင်းတယ်။ အခုနောက်ပိုင်း အထပ်မြင့်တွေမှာ အသုံးများလာတယ်” ဟု မြရောင်ခြယ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးပိုင်စိုးရကျော်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ­ ­Pile စနစ်အသုံးပြုပြီး အဆောက်အအုံ ဆောက်လုပ် ခြင်းများမှာ ယခင်ကတည်းက ရှိသော်လည်း အစိုးရလုပ်ငန်းများတွင်သာအသုံးပြုမှုများသည်။ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများတွင်မူယခုနှစ်ပိုင်းမှသာ ပိုမိုတွင်ကျယ်စွာအသုံးပြုလာကြကြောင်း သိရသည်။ အဆိုပါ ­ ­Pile စနစ်လုပ်ငန်း လုပ်ကိုင်သူများစွာ ရှိသော်လည်း အရည်အသွေးစံနှုန်းပြည့်မီသည့် ­ ­Pile လုပ် ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့်ချိတ်ဆက်နိုင်ဖို့ လိုအပ်ကြောင်း GEO-TECH PILE ကုမ္ပဏီမှ သိရသည်။

”အဆောက်အအုံတစ်ခုဆောက်လုပ်ဖို့အတွက် ­Pile စနစ်နဲ့ ဆောက်တာကတော့ အဆောက်အအုံ အနာဂတ်အတွက် သေချာတယ်” ဟု GEO-TECH PILE ကုမ္ပဏီမှ CEO Mr. A HUSSEIN VORA က ပြောသည်။

မြန်မာနိုင်ငံ၏ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင်အဆောက်အအုံတစ်ခု၏ ခံနိုင်ဝန်ကို အာမခံပေးနိုင်မည့် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီပြီး အရည်အသွေးပြည့်မီသော Pile Foundation စနစ်ကို အသုံးပြုရန် ပိုမိုလိုအပ်လာသည်။

လာမည့် ၂ဝ၁၅ ခုနှစ်၏ အာဆီယံအသိုက်အဝန်းတွင် အဆိုပါစနစ်သည် မရှိမဖြစ်လိုအပ်ကြောင်း သိရ သည်။

”နိုင်ငံတကာက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ Foundation အတွက် Pile စနစ်ကိုဘဲ အသုံးကြ တယ်” ဟု ဦးပိုင်စိုးရကျော်က ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင်နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံကြသော ဆောက်လုပ်ရေးလုပ်ငန်း များ၌ Pile Foundation စနစ်ကိုအသုံးပြုကြကြောင်း သိရသည်။ Pile စနစ်ဆိုရာတွင် အထပ်မြင့် ၁၃ ထပ် အထိကို RC Pile စနစ်ဖြင့် ဆောက်လုပ်ကြပြီး ၁၃ ထပ်ထက် အမြင့်ဆောက်လုပ်ခြင်းများကို Bored Pile စနစ်ဖြင့် ဆောက်လုပ်ကြကြောင်းသိရသည်။ အဆောက်အအုံ အထပ်အမြင့်များတွင်မက မြေထိန်းနံရံလုပ် ငန်းများ၊ ဆိပ်ကမ်းဆောက်လုပ်ခြင်းလုပ်ငန်းများ၊ လမ်း၊ တံတားနှင့်အဆင့်မြင့်လေဆိပ် ဆောက်လုပ်ခြင်း လုပ်ငန်းများတွင်လည်း အဆိုပါ Pile စနစ်ကို အသုံးပြုကြကြောင်းသိရသည်။

”အထပ်မြင့်ကြီးတွေမှမဟုတ်ဘဲ အဆောက်အအုံ ဆောက်တဲ့အခါမှာ ရေရှည်ခိုင်ခံ့မှုရှိဖို့အတွက် ဒီစနစ် ကတော့ အကောင်းဆုံးပဲ။ နိုင်ငံခြားမှာဆို တစ်ထပ်အဆောက်အအုံမှာတောင် ခံနိုင်ဝန်ကိုကြည့်ပြီး Pile စနစ်ကို အသုံးပြုကြတယ်”ဟု Mr.A HUSSEIN VORA က ပြောသည်။

အဆိုပါစနစ်ကို လယ်ယာမြေများ၊ ကမ်းနားမြေများ၊ မြေပျော့၊ မြေညံ့များ၌ အသုံးပြုသင့်ကြောင်း၊ လက်ရှိ RC Pile စနစ် အသုံးပြုရာတွင် Pile ချောင်းများ အရည်အသွေးပြည့်မီရန်လိုအပ်ကြောင်း သိရသည်။ Bored Pile စနစ်ကို အသုံးပြုရာ၌ကျင်းတူးပြီး ဘိလပ်မြေဖြင့် Pile ချောင်း ပြုလုပ်ရသည်။ ယင်းပြုလုပ် သည့်နေရာမှာ အရည်အသွေးပြည့်မီပြီး တွက်ချက်ထားသည့် စကေးအတိုင်း ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် ရတနာအိမ်ရာစီမံကိန်း၊ ဧရာဝဏ်အိမ်ရာ စီမံကိန်း၊ သီလဝါစီမံကိန်းနှင့် မင်္ဂလာဒုံရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင်ယင်းစနစ်ကို အသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် ပဲခူးလေဆိပ် စီမံကိန်းတွင် လည်း Bored Pile စနစ်ကို အဓိကထား အသုံးပြုလျက်ရှိကြောင်း သိရသည်။

ယင်းစနစ်အား အသုံးပြုခြင်းအားဖြင့် အဆောက်အအုံတစ်ခုသည် ရာသီဥတုဒဏ်၊ ခံနိုင်ဝန်အား၊ အဆောက်အအုံတွင် အသုံးပြုမည့်အလေးချိန်တို့ကို အသေးစိတ်တွက်ချက်ကာ ဆောက်လုပ်ခြင်းဖြစ်သည့် အတွက် အဆောက်အအုံ၏ အနာဂတ်သည် ရေရှည်အကျိုးရှိနိုင်မည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ခေတ်နှင့်အညီ Pile စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သည့် ကုမ္ပဏီများစွာရှိပြီး ၎င်းစနစ် လုပ်ကိုင်သည့် နိုင်ငံတကာအဆင့်မီကုမ္ပဏီများ ရှိသကဲ့သို့ လုပ်ငန်း သဘောတရား နားမလည်သည့် ကုမ္ပဏီများလည်း ရှိနေကြောင်းသိရသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service