ငွေကြေးရင်းနှီးမြှုပ်နှံရန် နေရာကျဉ်းမြောင်း၍ အိမ်ခြံမြေဈေးနှုန်းမြင့်ရခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
1986 Views

ငွေကြေးရင်းနှီးမြှုပ်နှံရန် နေရာကျဉ်းမြောင်း၍ အိမ်ခြံမြေဈေးနှုန်းမြင့်ရခြင်းဖြစ်

မိမိပိုင်ဆိုင်ထားသော ငွေကြေး ကို ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ မြန်မာနိုင်ငံတွင် နည်းပါးသဖြင့် မြတ်ရန်သေချာသည့် ဈေးကွက်တွင် စုပြုံရင်းနှီးမြှုပ်နှံမှုပြုသူ များပြားလာ သည့်အတွက် မြန်မာ့အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် များထံမှ သိရသည်။

မြန်မာ့စီးပွားရေးလောကတွင် ငွေဖောင်းပွမှုနှုန်းထားများ မြင့်တက်ကာ အထွေထွေကုန်စည်ဈေးနှုန်း များ မြင့်တက်ခြင်း၊ မြန်မာနိုင်ငံ၏လက်ရှိအနေအထားအရ ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍသစ်များ နည်းပါးခြင်းတို့ ကြောင့် ငွေပိုငွေလျှံရှိသူများအနေဖြင့် ဘဏ်များတွင် ငွေကြေးအပ်နှံထားသည်ထက် အကျိုးအမြတ်ပိုမို ရရှိနိုင်သော အိမ်ခြံမြေဝယ်ယူစုဆောင်းမှု ပြုလာသဖြင့် မြန်မာ့အိမ်ခြံမြေ ဈေးနှုန်းများသည်အခြားနိုင်ငံများထက် ပိုမိုမြင့်တက်လာရခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

”ဘဏ်တိုးနဲ့ ထိုင်စားနေတဲ့သူတွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်။ ငွေဖောင်းပွမှုများပြီး ကုန် ဈေးနှုန်းတွေ တက်လာတဲ့အချိန်မှာဘဏ်တိုးက သိပ်မကိုက်တော့ဘူး။ တခြားမှာလည်း ရင်းနှီးမြှုပ်နှံစရာ နေရာက ရှားတယ်။ ဒီတော့ ဘဏ်ကငွေတွေပြန်ထုတ်ပြီး ဈေးကွက်ထဲကိုဝင်ကစားလာတော့ အိမ်ခြံမြေဈေး တွေ တက်ကုန်တယ်”ဟု စီးပွားရေးပညာရှင် ဒေါက်တာကိုကိုကြီးကပြောသည်။

စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ချက် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ယခင်က အိမ်ခြံမြေ၊ ကား၊ ရွှေ၊ ဒေါ်လာနှင့် အစုစပ်လုပ်ငန်းများကို ယခင်အစိုးရလက်ထက်တွင် လုပ်ကိုင်ခဲ့သော်လည်း လုပ်ငန်းနည်း စနစ် အားနည်းခြင်း၊ အလွဲသုံးစားပြုမှုများ ရှိခဲ့ခြင်းတို့ကြောင့် အစုစပ်လုပ်ငန်းများ ပြိုကွဲခဲ့ရသည့်အတွက် ငွေပို ငွေလျှံရှိသူများအနေဖြင့် ရင်းနှီးမြှုပ်နှံသည့် နေရာတစ်ခု ပိတ်ဆို့သွားခဲ့ရသည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာနှုန်းထားများကို နှုန်းရှင်အဖြစ် သတ်မှတ်ကာ ဈေးကွက်ပေါက်ဈေးအတိုင်းထားရှိခြင်း၊ ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေး ချိတ်ဆက် ရောင်းဝယ်လာခြင်း စသည်တို့ကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးလာသည့်အပြင် ပြည်ပမှ လှိမ့်ဝင် လာသော ဈေးနှုန်းချိုသာသည့်ကုန်စည်များကြောင့်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လက်တွန့်လာကြသဖြင့်အကျိုးအမြတ်ရရှိသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တဖြည်းဖြည်း ရှားပါးလာလျက်ရှိသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ရှားပါးလာမှုကြောင့် အိမ် ခြံမြေနယ်ပယ်ကို ငွေရှင်များ မျက်စိကျလာခြင်းဖြစ်သည်။

”ပြီးခဲ့တဲ့ တစ်လက သိန်း ၇ဝဝ နဲ့ ဝယ်ထားတဲ့ အိမ်ကို အခု ပြန်ရောင်းတော့ သိန်း ၈ဝဝ နဲ့ ရောင်း သွားတယ်။ အခုဝယ်တဲ့လူကလည်း နည်းနည်းပြင်ပြီးရင် ပြန်ရောင်းဖို့စကားခေါ်နေပြီ။ တစ်လအတွင်းမှာ သိန်း ၁ဝဝ မြတ်တဲ့ အလုပ်က မြန်မာပြည်မှာ ဒီအလုပ်ပဲ ရှိတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရွှေမာလာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်နေသည့် ယခုအချိန်တွင်နေရာဦးကာ မြေနေရာများကို ကြို တင် ဝယ်ယူစုဆောင်းခြင်း၊ အကျိုးအမြတ်သေချာသည့် အိမ်ခြံမြေကဏ္ဍသို့ ငွေထုပ်ပိုက်ကာ ဝင်ရောက်ဈေး ကစားခြင်း စသည်တို့ကြောင့်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာသည့်အတွက် အများပြည်သူနှင့် လစာနည်း ဝန်ထမ်းများ၏ နေထိုင်မှုသည်လည်း အခက်အခဲဖြစ်လာခဲ့ရသည်။

”စတော့မားကက်တွေ၊ တခြား ရင်းနှီးမြှုပ်နှံနိုင်တဲ့ ကဏ္ဍသစ်တွေဖော်ဆောင်ပေးနိုင်ရမယ်။ ဒါမှ ဒီ ကဏ္ဍထဲကို စီးဝင်နေတဲ့ ငွေကြေးတွေ အထိုက်အလျောက် လျော့သွားနိုင်မယ်” ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် ဦးသက်ဇော်က ပြောသည်။

အိမ်ခြံမြေဝယ်ယူစုဆောင်းသူအများစုမှာ နေထိုင်ရန်ထက် ငွေပိုငွေလျှံစုဆောင်းထားသည့် သဘောဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု အသွင်လုပ်ကိုင်လာခြင်းကြောင့် နိုင်ငံတော်အနေဖြင့် အစုစပ်လုပ်ငန်းများ၊ စတော့ အိတ်ချိန်းများနှင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်သည့် ကဏ္ဍသစ်များ ပိုမိုဖော်ဆောင်လာနိုင်သည်နှင့်အမျှ အိမ်ခြံမြေဈေးကွက်အတွင်းမှ ငွေကြေးကစားသူများ ပြန်လည်ထွက်ခွာသွားနိုင်သည့် အခြေအနေ ရှိနေကြောင်း၊ ထို့ပြင် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း ဟူသည်မှာ ဈေးကွက်အတွင်း ဝယ်လိုအား ရုတ်တရက်ပျောက် သွားသည့် ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ငွေပိုငွေလျှံ သက်သက်ဖြင့် အကျိုးအမြတ်ဖော်ဆောင်ရန် အစီအစဉ် ရှိထားကြသူများအနေဖြင့် အထူးသတိထားကာ လုပ်ကိုင်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

”ဒီမှာက အားလုံးလိုလို အိမ်ခြံမြေဘက်ကို လှည့်နေတယ်။ တိုင်းပြည်က တိုးတက်လာပြီး အခွင့် အလမ်း ပိုမိုများပြားလာတာနဲ့အမျှအိမ်ခြံမြေပူဖောင်းက အချိန်မရွေးပေါက်ထွက်သွားနိုင်တယ်” ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service