မြန်မာ အိမ်ခြံမြေ ဈေးကွက်အတွင်း ပြည်ပကုမ္ပဏီများ ဝင်ရောက်ခြင်းရှိမှ အဆင့်မီ ကွန်ဒိုများ ပေါ်ထွက်လာမည် - Property News in Myanmar from iMyanmarHouse.com
1100 Views

မြန်မာ အိမ်ခြံမြေ ဈေးကွက်အတွင်း ပြည်ပကုမ္ပဏီများ ဝင်ရောက်ခြင်းရှိမှ အဆင့်မီ ကွန်ဒိုများ ပေါ်ထွက်လာမည်

ပြည်ပမှ ဆောက်လုပ်ရေးကုမ္ပဏီကြီးများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လုပ်ကိုင်လာမှသာ ဈေးကွက်အတွင်း အဆင့်မီသည့်ကွန်ဒိုတိုက်ခန်း အများအပြားပေါ်ထွက်လာနိုင်သော်လည်း ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သဖြင့်ဝင်ရောက် လုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် infrastructure ကဏ္ဍများ၌လည်း အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများမှ သိရသည်။

”ဆောက်လုပ်ရေးကဏ္ဍမှာသူတို့ဝင်လာဖို့ ကန့်သတ်ချက်တွေရှိတယ်။ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး လုပ်ရကိုင်ရတာ ခက်တယ်။ သူတို့က BOT စနစ်ကို ပိုစိတ်ဝင်စားကြတယ်”ဟု မြန်မာဇာတိမြေ ဆောက် လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်းကွန်ဒိုအဖြစ် ရောင်းချနေသည့် တိုက်ခန်းများမှာ အများအားဖြင့် ဓာတ်လှေ ကားများ ထည့်သွင်းတည်ဆောက်ကာ အခန်းများ အနည်းငယ် ကျယ်ဝန်းရုံဖြင့် ကွန်ဒိုအဖြစ် သတ်မှတ်၍ မရနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများနှင့် စီးပွားရေးပညာရှင်များထံမှသိရ သည်။

ကွန်ဒိုတစ်ခုအဖြစ် သတ်မှတ်နိုင်ရန်အတွက် အနည်းဆုံးအဆင့်အိမ်သာနှင့် ရေချိုးခန်း တွဲလျက်ပါ ရှိသည့်အိပ်ခန်း (Masterbadroom)တစ်ခန်း ပါရှိရမည့်အပြင် ရိုးရိုးအိပ်ခန်းတစ်ခန်း၊ မီးဖိုချောင်၊ ထမင်း စားခန်းတို့သာမက ပြင်ပတွင်လည်းရေချိုးခန်းနှင့် အိမ်သာ သီးသန့်ထားရှိရမည်ဖြစ်သည့် ကန့်သတ်ချက်များ ရှိသည့်အတွက် ဓာတ်လှေကားတစ်ခု ထည့်သွင်း တည်ဆောက်ထားရုံမျှဖြင့် ကွန်ဒိုတိုက်ခန်းအဖြစ် အမည်ခံ၍ မရနိုင်ဘဲ သာမန် အိမ်ရာ တိုက်ခန်းအဖြစ်သာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများက ပြောသည်။

”ဒီမှာက အခန်းလေးကျယ်ပြီးဓာတ်လှေကားပါတယ်ဆိုရုံနဲ့ ကွန်ဒိုဆိုပြီး အော်နေကြတယ်။ မြန်မာပြည် မှာ ကွန်ဒိုစစ်စစ်က တော်တော်ရှားပြီးဈေးကလည်း ကြီးတယ်” ဟု အမေရိကန်နိုင်ငံ အင်ဒီယားနား တက္ကသိုလ် မှ စီးပွားရေးပညာ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာကိုကိုကြီးက ပြောသည်။

နိုင်ငံတကာတွင် ကွန်ဒိုမီနီယံတစ်ခုအဖြစ် သတ်မှတ်နိုင်ရန်အတွက် ထိုအိမ်ရာ၌ ပန်းခြံများ၊ ကားပါကင်၊ လုံခြုံရေး အစီအမံများ၊ ခေတ်မီ အမှိုက်သိမ်းစနစ်များအပြင် ကွန်ဒိုတစ်ခုအတွက် သတ်မှတ်ထားသည့် လိုအပ်ချက်များရှိနေရမည်ဖြစ်ကြောင်း၊ တိုက်ခန်းတစ်ခန်းလျှင် အနည်းဆုံး အကျယ်အဝန်းအဖြစ် ၁,၅ဝဝ စတုရန်းပေသတ်မှတ်ထားကြောင်း ၎င်းကပြောသည်။

”တချို့ဟာတွေက ကွန်ဒို မစစ်ဘူး။ စတုရန်းပေ ၉ဝဝ လောက်ပဲရှိတာကိုလည်း ဈေးကွက်ထဲမှာ ကွန်ဒိုအဖြစ် ရောင်းနေကြတယ်”ဟုမြန်မာဇာတိမြေ ဆောက်လုပ်ရေးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အပြင် နယ်မြို့ များမှ ရန်ကုန်မြို့တော်သို့ ရွှေ့ပြောင်းနေထိုင်သူများကြောင့် အိမ်ခြံမြေလိုအပ်ချက် များပြားကာ ဈေးနှုန်းများ မြင့်တက်လာခဲ့သဖြင့် ကွန်ဒိုတိုက်ခန်းများ၏ ဈေးနှုန်းများမှာလည်း နှစ်နှစ်အတွင်း သိသိသာသာမြင့်တက် ခဲ့သည်။

ဈေးကွက်အတွင်းရှိ ကွန်ဒိုတိုက်ခန်းများမှာ တည်နေရာ၊ အကျယ်အဝန်းနှင့် အထပ်အနိမ့်အမြင့်ပေါ် မူတည်ကာ အနည်းဆုံး ကျပ် သိန်း ၁,၅ဝဝ မှ သိန်း ၁ဝ,ဝဝဝ ခန့်အထိဈေးနှုန်းများ အသီးသီး ရှိနေသော်လည်း ကျပ်သိန်း ၅,ဝဝဝ အောက်ကွန်ဒိုများသာ ပိုမို အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

၁၉၉၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် ကွန်ဒိုမီနီယံ တိုက်ခန်းအများအပြား တည်ဆောက်လာ သော်လည်း ကွန်ဒိုမီနီယံ ဥပဒေများယခုထက်တိုင် ပြဋ္ဌာန်းနိုင်မှု မရှိခြင်းကြောင့် ဆောက်လုပ်သူနှင့် မြေရှင် တို့ကြား မြေပိုင်ဆိုင်မှု၊ အခန်းပိုင်ဆိုင်မှု ပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Credit: The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service