အငြင်းပွားဖွယ် လယ်မြေပေါ်၌ လယ်သမားများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီး အခြေအနေတင်းမာ - Property News in Myanmar from iMyanmarHouse.com
996 Views

အငြင်းပွားဖွယ် လယ်မြေပေါ်၌ လယ်သမားများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီး အခြေအနေတင်းမာ

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် အငြင်းပွားဖွယ်ဖြစ်နေသော လယ်မြေပေါ်၌ ဇေကမ္ဘာကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများက ခြံခတ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် မတ် ၄ ရက် နံနက်ပိုင်းတွင် လယ်သမားများနှင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ နှစ်ဦးနှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ လာရောက်တားဆီးမှုများရှိခဲ့ပြီး မေ ၅ ရက်တွင် မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားများအား ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကာ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုများ မပြုလုပ်ကြရန်နှင့် ထိုသို့ဖြစ်ပွားခဲ့သော အခြေအနေများကို အထက်သို့တင်ပြသွားမည်ဟု မင်္ဂလာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်သိန်းက ဆိုသည်။

စဖြစ်တုန်းကတော့ လယ်သမားရှစ်ယောက်လောက်ပဲရှိတယ်။ အခုသူတို့ဘက်က ရဲစခန်းမှာ လယ်သမားလေးဦးကို အမှုဖွင့်ထားတယ်။ လယ်သမားတွေဘက်က အမှုပြန်ဖွင့်တော့ ရဲစခန်းကလက်မခံပါဘူး
"မနေ့က နံနက် ၁၁ နာရီလောက်မှာ ဇေကမ္ဘာက လုံခြုံရေးဝန်ထမ်းတွေက လယ်ကွက်တွေကို ခြံလာခတ်တယ်။ အဲဒါကိုလယ်သမားတွေက အငြင်းပွားမှုဖြစ်နေတဲ့မြေမှာ ခြံမခတ်ဖို့တားတာကို သူတို့ဘက်ကအရင်စပြီး ရန်စောင်တာပါ။ သူတို့ဘက်က လူဦးရေ ၃၀ ကျော်ရှိတယ်။ ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ထားတယ်။ စဖြစ်တုန်းကတော့ လယ်သမားရှစ်ယောက်လောက်ပဲရှိတယ်။ အခုသူတို့ဘက်က ရဲစခန်းမှာ လယ်သမားလေးဦးကို အမှုဖွင့်ထားတယ်။ လယ်သမားတွေဘက်က အမှုပြန်ဖွင့်တော့ ရဲစခန်းကလက်မခံပါဘူး။ အခုလယ်သမားတွေက ခြံခတ်တာကို မှတ်တမ်းဓာတ်ပုံရိုက်ထားတော့လည်း သူတို့ဘက်က လေးခွထဲ ဂုန်းသီးထည့်ပြီး ပစ်တာမျိုးတွေရှိတယ်"ဟု လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်မင်္ဂလာဒုံဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်စီမံကိန်း၏ မြေကွက်အမှတ် (၂) (၄၇.၂၂၈) ဧကနှင့် ထင်းရှုးရိပ်သာ (၂) (၄၂.၄၃၀) ဧကတို့အား ဇုန်မြေကွက်ဖော်ထုတ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဖော်ဖေါ်ဝါရီ ၁၃ ရက်တွင် သဘောတူညီ၍ ဇေကမ္ဘာကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်သောအခါ ၂၀၁၃ ခုနှစ် မတ်လပိုင်းတွင် ဇေကမ္ဘာကုမ္ပဏီနှင့် လယ်သမားအကြား ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ နှစ်ဦးနှစ်ဖက် မလိုလားအပ်သော ပြဿ နာမဖြစ်ပွားစေရန် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် လုပ်ဆောင်ရွက်မှုများအား ရပ်ဆိုင်းထားရန်နှင့် လယ်သမားများအား လယ်မြေပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်ကြခြင်းမပြုရန် အမိန့်စာကို ၂၀၁၃ ခုနှစ် မတ်လအတွင်း၌ပင် ထုတ်ပြန်ထားကြောင်း သိရသည်။

"အစိုးရပိုင်ဆိုင်တဲ့မြေကို ကုမ္ပဏီက လျှောက်ထားတဲ့အတွက် လုပ်ပိုင်ခွင့်ရခဲ့တယ်။ ကုမ္ပဏီကလုံခြုံရေးဝန်ထမ်းတွေ ခြံလာခတ်တာကို အေးအေးဆေးဆေးလာတာမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ရမ်းကားပြီး ရိုက်နှက်တာပါ။ ကျွန်တော်တို့ဘက်က လူသုံးဦးဒဏ်ရာရသွားတယ်။ အဲ့ဒီအတွက်ကြောင့် အမှုဖွင့်ထားတယ်။ သူတို့ဘက် လယ်ယာစုံစမ်းရေးကော်မရှင်ကို တိုင်ကြားထားတယ်ဆိုရင်လည်း အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးချက်အဖြေကိုပဲ စောင့်နေသင့်ပါတယ်။ ဒီလိုအုပ်စုဖွဲ့ရမ်းကားစရာမလိုပါဘူး။ ကျွန်တော်တို့ဘက်က ခွင့် ပြုချက်ရရှိထားတာဖြစ်လို့ ခြံခတ်တာကို ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ဇေကမ္ဘာကုမ္ပဏီ လုံခြုံရေးဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ကွင်းအမှတ် (၄၀၇ ဘ)၊ (၅၃၄ဘ)၊ (၅၂၄ခ) လယ်မြေများကို ၁၉၉၅ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဇေကမ္ဘာကုမ္ပဏီက အကျိုးတူပူးပေါင်းဆောင်ရန် လွှဲပြောင်းရယူခဲ့သောကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လျက်ရှိသည့် လယ်သမား ၁၈၆ ဦးမှာ နစ်နာကြေး တစ်စုံတစ်ရာမရှိခဲ့သည့်အတွက် တိုင်ကြားစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လယ်ယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်ရှင်ထံသို့ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားမှုများမရှိသေးကြောင်း လယ်သမားများကဆိုသည်။

ယင်းကဲ့သို့ ဇေကမ္ဘာဝန်ထမ်းများနှင့် လယ်သမားများ ခိုက်ရန်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းမြင့်အား ဆက်သွယ်မေးမြန်းရာ "လောလောဆယ်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်အချို့ အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ထူးခြားမှုရှိမရှိကို စောင့်ကြည့်နေပါတယ်။ ထူးခြားတာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံလိုက်သွားပြီး ပြေလည်အောင်ဖြေရှင်းပေးဖို့ စီစဉ်ထားပါတယ်။ အခုဒဏ်ရာရရှိအောင်လုပ်တဲ့သူ သုံးဦးအနက် နှစ်ဦးကိုတော့ ဖမ်းဆီးထားပါပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service