ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် လုံးချင်းအိမ်ရာများထက် ကွန်ဒို ပိုမိုများပြားလာနိုင် - Property News in Myanmar from iMyanmarHouse.com
1333 Views

ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် လုံးချင်းအိမ်ရာများထက် ကွန်ဒို ပိုမိုများပြားလာနိုင်

ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ မြေနေရာအခက်အခဲကြောင့် လုံးချင်းအိမ်ရာတည်ဆောက်မည့် ကုမ္ပဏီ နည်းပါးနေပြီး ကွန်ဒိုတိုက်ခန်းများကို အပြိုင်အဆိုင်ဆောက်လုပ်လျက်ရှိနေခြင်းကြောင့် နောက်ပိုင်းတွင် ကွန်ဒို တိုက်ခန်းများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်း ရှင်များက ပြောသည်။

”မြေနဲ့ အိမ် တွဲရောင်းတဲ့ အဆင့်မြင့်အိမ်ရာ စီမံကိန်းတွေက နည်းလာတယ်။ အပြင်မှာ ကွန်ဒိုစီမံကိန်း တွေက များလာပြီး ကွန်ဒိုတိုက်ခန်းတွေ ဈေးကွက်မှာ အများကြီး ထပ်ပေါ်လာဖို့ရှိတယ်” ဟု Yoma Strategic Holdings Grou မှ Sale-manager ဦးသူရိန်က ပြောသည်။

သိန်း ၁ဝ,ဝဝဝ ဝန်းကျင်အောက်တန်ဖိုးရှိသော အဆင့်မြင့်အိမ်ရာများကို ဈေးကွက်တွင် ဝယ်ယူသူ များပြားလာနေသော်လည်း ရောင်းချသူရှားပါးခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများက အဆင့်မြင့်အိမ်ရာများ တည်ဆောက်မှု နည်းပါးလာခြင်းတို့ကြောင့် ဈေးကွက်တွင် လုံးချင်းအိမ်များ၏ ဈေးနှုန်းများ မြင့်တက်လျက် ရှိနေသည်။

အဆင့်မြင့် လုံးချင်းအိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများ၏ ဈေးနှုန်းများမှာ သင်္ကြန်အလွန်ကာလ၌ ဝယ်လို အား မြင့်တက်လာမှုကြောင့် ဈေးထပ်မံမြင့်တက်လာနိုင်ပြီး ဆောက်လုပ်ရေးကုမ္ပဏီကြီးအချို့က အရောင်းမြှင့် တင်ရန် မီဒီယာများတွင် ကြော်ငြာ ထည့်သွင်းခြင်း၊ကုန်စည်ပြပွဲများ၌ဝင်ရောက်ပြသကာဈေးနှုန်းလျှော့ရောင်းချ လာခြင်း၊ ပြည်ပ ပညာရှင်များ၏ ဒီဇိုင်းများဖြင့် တည်ဆောက်ကာ ဈေးကွက်တွင် ရောင်းအားမြှင့်တင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်။

”ဝယ်ချင်တဲ့သူ များလာတယ်။ ကိုယ့်မှာကျန်တဲ့ ပစ္စည်းအရေအတွက်ကိုကြည့်ပြီး ဈေးနည်းနည်းပြန်ပြင် ဖို့ရှိနေတယ်” ဟု ဦးသူရိန်က ဆက်လက်ပြောသည်။

သာမန် အထပ်မြင့် တိုက်ခန်း များနှင့် ကွန်ဒိုမီနီယမ်တိုက်ခန်းများကို ဆောက်လုပ်ရာတွင် မြေပိုင်ရှင် နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် ဆောက်လုပ်ရောင်းချနိုင်သော်လည်း အဆင့် မြင့်လုံးချင်းအိမ်ရာ ဆောက်လုပ်ရာတွင် ထိုသို့ပြုလုပ်၍မရဘဲမြေနေရာကိုယ်ပိုင်ရှိမှသာလျှင်ဆောက်လုပ်ရောင်း ချနိုင်မည်ဖြစ်ရာ ယခုလက်ရှိအနေအထားအရ မြေနေရာ ရှားပါးလာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် လုပ်ထုံးလုပ်နည်းအဆင့် များပြားခြင်း၊ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများနှင့် ငွေအရင်းအနှီး လိုအပ်ချက်များကြောင့် လုံးချင်းအိမ်ရာ စီမံကိန်းများကို ဆောက်လုပ်နိုင်သည့်ကုမ္ပဏီ နည်းပါးနေပြီး ငွေကြေး၊ နည်းပညာနှင့် လူသားရင်းမြစ်တောင့်တင်းသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများသာ ဆောက်လုပ်နိုင်စွမ်းရှိ သည့်အပြင် ထိုသို့သောကုမ္ပဏီကြီးများအနေဖြင့်ပင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်လျက် လုပ်ကိုင်နေရကြောင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များကပြောသည်။

”တချို့ကွန်ဒိုတွေဆိုရင် သိန်း ၁ဝ,ဝဝဝ လောက်အထိ ရှိတယ်။ အဆင့်မြင့် လုံးချင်းအိမ်ရာတွေက တော့ ဈေးကွက်မှာ သိန်း ၂ဝ,ဝဝဝ ကနေ သိန်း ၃ဝ,ဝဝဝ လောက်အထိရှိပြီး ဝယ်တဲ့လူတွေ ရှိနေတယ်။ ကွန်ဒို တွေ ပေါလာပေမယ့် အဆင့်မြင့် လုံးချင်းအိမ်ရာကို သိန်း ၁ဝ,ဝဝဝ လောက်နဲ့ တော်တော်ရှာရခက်တယ်” ဟု ရွှေကျွန်းသာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်မြင့်က ပြောသည်။

ယခု ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် လုံးချင်းအိမ်ရာစီမံကိန်းများမှာ ယခင်အစိုးရ အဆက် ဆက် လက်ထက်တွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်းဆောက်လုပ် ခဲ့ကြခြင်းဖြစ်ကာ ယခုအစိုးရလက်ထက်၌ လုံးချင်းအိမ်ရာစီမံကိန်းသစ်များ တည်ဆောက်မှုနည်းပါးသွားခြင်း၊ ဝယ်လိုအားရှိနေဆဲဖြစ်ခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

Credit : The Trade Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service