ရန်ကုန်ရုံးခန်းငှားစရိတ် ဒေသတွင်းတွင် အမြင့်ဆုံးဖြစ် - Property News in Myanmar from iMyanmarHouse.com
912 Views

ရန်ကုန်ရုံးခန်းငှားစရိတ် ဒေသတွင်းတွင် အမြင့်ဆုံးဖြစ်

စစ်အစိုးရ၏ အာဏာလွှဲပေးခြင်းနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခြင်းများကြောင့် ယခုနှစ်များ အတွင်း နိုင်ငံတကာကုမ္ပဏီများက မြန်မာနိုင်ငံတွင်လုပ်ငန်းများ တည်ထောင်ရန် စိတ်ဝင်စား လာကြသည်။

နိုင်ငံပွင့်လင်းလာ၍ ကမ္ဘာ့ကော်ပိုရေးရှင်းများက ၀င်ရောက်လိုချိန်တွင် အခက်အခဲသစ်များက ပေါ်လာသည်။ ယင်းမှာ ရုံးခန်းနေရာအတွက် ဈေးနူန်းပင်ဖြစ်သည်။

အရှေ့တောင်အာရှမှ အဆင်းရဲဆုံး နိုင်ငံ၏ စီးပွားရေး မြို့တော်ရုံးခန်းငှားခသည် ဒေသတွင်းတွင် ဈေး အမြင့်ဆုံး ဖြစ်နေသည်။ ရန်ကုန်မြို့၏ အဓိကလူစည်ကား နေရာများရှိ အရည်အသွေးကောင်း ရုံးခန်း များ၏ ဈေးမှာ တစ်စတုရန်းမီတာပတ်လည်အတွက် တစ်လလျှင် ၇၈ ဒေါ်လာရှိသည်ဟု ကော်လီးယားစ် အင်တာနေရှင်နယ်၏ ဈေးကွက်သုတေသန စစ်တမ်းများက ဖော်ပြထားသည်။

ဒေသတွင်း နိုင်ငံများကို နှိုင်းယှဉ်ကြည့်ပါက အင်ဒိုနီးရှားနိုင်ငံဂျာကာတာရှိ ဈေးနှုန်းမှာ ၂၄ ဒေါ်လာသာရှိသည်။

ဝန်ဆောင်မှုပေးနိုင်သည့် အဆောင်များနှင့် ကွန်ဒိုများမှာလည်း ပြတ်လတ်နေဆဲဖြစ်ရာ အသစ်ဝင်ရောက်လာသော စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်များမြင့်တက်လာစေခဲ့သည်။ ဆောက်လုပ်ဆဲ အဆောက်အအုံများမှာလည်း အပြီးသတ်ရန်အတွက် နှစ်အနည်းငယ်ခန့် စောင့်ရဦးမည်ဖြစ်သည်။ မကြာ သေးခင်က သံတံမန်များနှင့် စီးပွားရေး လုပ်ငန်းများအတွက် ဆောင်ရွက်ပေးသည့် မြန်မာ့အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းတစ်ခု၏ ဖောက်သည်တစ်ဦးမှ အဆောက်အအုံသုံးခုအား ဖွင့်လှစ်ခြင်းမရှိသေးမီ အချိန်တွင် သွားရောက်လေ့လာခဲ့သည်။ သို့သော် ထိုနေ့တွင်ပင် အဆောက်အအုံအား စိတ်ဝင်စားသူ များမှ ငှားရမ်းပြီးဖြစ်ကြောင်း သိခဲ့ရသည်ဟု အဆိုပါလုပ်ငန်း အဆိုအရ သိရသည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးဆောင်အကြံပေးလုပ်ငန်းတစ်ခုဖြစ်သော Anthem Asia တွင် ဒါရိုက်တာတစ်ဦးအဖြစ် အလုပ်လုပ်နေသည့် Peter Wintton မှာလည်း အဆောင် သစ်ရှာဖွေရန် ရက် အနည်းငယ်ခန့် အချိန်ယူခဲ့ရသည်။ ၎င်းက အရည်အသွေး ညံ့ဖျင်းသည့် အဆောက် အအုံအတွင်းရှိ အိမ်ခန်း တစ်ခန်း သို့မဟုတ် နှစ်ခန်းနှင့် ဧည့်ခန်းပါသည့် အခန်းတစ်ခန်းအတွက် လစဉ် ကန်ဒေါ်လာ ၁၈၀၀ ခန့်ကုန်ကျပြီး ယခင်သုံးနှစ်ခန့်နှင့် နှိုင်းယှဉ်ပါက သုံးဆခန့်မြင့်တက်သွားသည်ဟု သိရသည်။

အချိန်တိုအတွင်းတွင် ယခုကဲ့သို့ ဆိုးရွားစွာ ဖြစ်ပွားနေသည့် ပြဿနာမှာ ရပ်သွားဦးမည်မဟုတ်ဟု လေ့လာ သုံးသပ် သူများက ပြောကြားလိုက်သည်။

“နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ ပြည်တွင်း ရင်းနှီးမြုပ်နှံမှု အလားအလာတွေ မြင့်တက်လာတဲ့ အတွက် မြေဈေးနှုန်းကလည်း ထပ်တောင်တက်ဦးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” ဟု ကကော်လီးယားစ် အင်တာနေရှင်နယ် မန်နေဂျင်း ဒါရိုက်တာ Tony Picon က ပြောကြားလိုက်သည်။

အချို့သော စွမ်းရည်မြင့် လုပ်သားများအနေဖြင့် ကောင်းမွန်သော အိမ်ယာနှင့် လုပ်ငန်းခွင်အတွက် အဆောက် အအုံများ နည်းပါးခြင်းကြောင့် ၎င်းတို့၏ မိသားစုများအား ရွှေ့ပြောင်းရန် စိတ်ဝင်စားမှု နည်းပါးနေခြင်းက အကြီးစား အခြေခံအဆောက်အအုံ စီမံချက်များနှင့် အခြားသော စီမံချက်များတွင် လာရောက်လုပ်ကိုင် လိုသည့် နိုင်ငံတကာ ကုမ္ပဏီများအတွက်လည်း အဟန့်အတား ဖြစ်စေလျက်ရှိသည်။

လာမည့်နှစ်များတွင် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် စတင်အခြေချ လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း စတင်ရန်ကျန်ရှိနေသေးသည့် လုပ်ငန်းများအတွက် ကုန်ကျစရိတ် အပေါ် လက်မခံနိုင် သည့် အနေအထားတွင် ရှိနေသည်။

ယမန်လတွင် အမေရိကန်နိုင်ငံမှ စီးပွားရေးသမား ၄၇၀ အား အမေရိကန် စီးပွားရေးကော်မတီမှ စစ်တမ်း ကောက် ကြည့်ရာ ၈၆ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံအတွင်းရှိ အဆောက်အအုံနှင့် အခန်းငှားခများအတွက် ကျေနပ်မှု မရှိကြောင်း တွေ့ရသည်။ ထို့အပြင် ၇၉ ရာခိုင်နှုန်းကလည်း ၎င်းတို့ကုမ္ပဏီများအတွက် အစိုးရိမ်ဆုံးသော ကိစ္စမှာ ရုံးခန်းငှားရမ်း အသုံးပြုခြင်းပင်ဖြစ်သည်ဟု တွေ့ရှိခဲ့ရသည်။

ထို့သို့သော အခြေအနေများအား ဖြေရှင်းရန်အတွက် အစိုးရမှ သန်လျင်မြို့တွင် ဆောက်လုပ်နေသည့် စတုရန်းပေ ဆယ်သန်းခန့် ကျယ်သည့် Star City အိမ်ယာစီမံကိန်း ကဲ့သို့သော စီမံကိန်းများမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်ဆိုင်နေရသည့် အိမ်ယာပြဿနာအား မည်သည့် အတိုင်းအတာအထိ ဖြေရှင်းနိုင်မည် ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service