မြေဈေးတက်၍ နိုင်ငံခြားကုမ္ပဏီများ ဒေသခံမြေပိုင်ရှင်များနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံလာ - Property News in Myanmar from iMyanmarHouse.com
570 Views

မြေဈေးတက်၍ နိုင်ငံခြားကုမ္ပဏီများ ဒေသခံမြေပိုင်ရှင်များနှင့် အကျိုးတူ ရင်းနှီးမြှုပ်နှံလာ

မြန်မာနိုင်ငံ၏ မြင့်တက်လာသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကြောင့် နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် ပြည်တွင်းရှိ မြေကွက်ပိုင်ရှင်များထံ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလာကြောင်း မြေကွက်ပိုင်ရှင်များထံမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားလာသည်နှင့်အညီ ပြည်တွင်း၌ ဟိုတယ်၊ ဆေးရုံ၊ ဈေးဝယ်စင်တာများအပြင် ကွန်ဒို လူနေတိုက်ခန်းများ တည်ဆောက်မှုတွင် ရန်ကုန်၊ မန္တ လေးမြို့ကြီးများရှိ အချက်အချာကျ မြေကွက်အကျယ် ပိုင်ရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ အကျိုးတူ ပူးပေါင်းစနစ်ဖြင့် ရင်းနှီးမြှုပ်နှံလာ သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း၌ပါ စပ်မျိုးစပါးနှင့် စပ်မျိုးသီးနှံများကို အဆင့်မြင့် စိုက်ပျိုးရန် လယ်မြေများကိုပါ ငှားရမ်းလုပ်ကိုင်လာကြောင်းသိရသည်။

“အရင်ကဆို ပြည်ပကုမ္ပဏီတွေက အကျိုးဆောင်က တစ်ဆင့်ဒီ မှာမြေကွက်ဝယ်ကြတယ်၊ ဒါမှမဟုတ် အကျိုးတူပူးပေါင်းစနစ်နဲ့ ငှားရမ်း လုပ်ကိုင်ကြတယ်၊ အခုတော့ မြေဈေးတွေက မြင့်လာပြီ၊ ဒီတော့ ကြားခံ Service ကုမ္ပဏီကို မသုံးတော့ဘဲ မြေကွက်ရှင်ကို တိုက်ရိုက်ဆက်သွယ်လာကြတယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ မြေ ကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။

ပြည်တွင်းရှိ မြေကွက်ကျယ် ပိုင်ရှင်များထံ တိုက်ရိုက်ဆက်သွယ်ကာ အကျိုးတူပူးပေါင်းစနစ်ဖြင့် ရင်းနှီးမြှုပ်နှံသည့် ပြည်ပလုပ်ငန်းရှင် အများစုမှာ စင်ကာပူနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး မြေပိုင်ရှင်များအနေဖြင့် မိမိတို့ပိုင်ဆိုင်သော မြေကွက်များကို ရိုးရိုးကန်ထရိုက်ပေးခြင်းနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းကို ချိန်ဆနေကြောင်း သိရသည်။

Credit: Myanmar Property Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service