Knowledge | Posted by Aye Myat Thu
နေ့စဉ်အိမ်မှာ အသုံးပြုနေကျ အိမ်အသုံးအဆောင်ပစ္စည်းများစွာထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေစာရင်းကို ကင်ဆာကာကွယ်ရေးညွှန့်ပေါင်းအဖွဲ့ (CPC) ကနေ ထုတ်ပြန်ထားပြီး ဒီပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အလွန်အကျွံပါဝင်နေပါတယ်။
(၁) Non-Stick မီးဖိုချောင်သုံး ဒယ်အိုး
“မကပ်အိုး”လို့ အလွယ်တကူ ခေါ်ဝေါ်သုံးစွဲနေကြတဲ့ Non-Stick မီးဖိုချောင်သုံး ဒယ်အိုး အမျိုးမျိုးဟာဆိုရင် အစားအစာတွေ အိုးမှာ အလွယ်တကူ ကပ်ငြိမနေနိုင်အောင်လို့ အသုံးပြုထားတဲ့ ဓာတ်ပစ္စည်းတွေဟာ ဓာတုပစ္စည်းတွေ အမြောက်အများ သုံးစွဲထားတာကြောင့် ကင်ဆာ ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၂) သန့်စင်ဆေးရည်
အိမ်သန့်ရှင်းရေးပြုလုပ်တဲ့အခါ အသုံးပြုတဲ့သန့်စင်ဆေးရည် အများစုဟာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး သန့်ရှင်းတောက်ပြောင်စေနိုင်တာမှန်ပေမယ့် သန့်စင်ဆေးရည်တွေမှာ ပါဝင်တဲ့ Parabens, triclosan,phthalates စတာတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ သန့်ရှင်းရေးဆေးရည်တွေကို အသုံးပြုမယ့်အစား ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါ အစရှိတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းက ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်မှု နည်းပါးစေမှာ ဖြစ်ပါတယ်။
(၃) ဗောက်ပျောက် ခေါင်းလျှော်ရည်
အိမ်မှာအသုံးပြုနေကျ ဗောက်ပျောက် ခေါင်းလျှော်ရည် အများစုမှာ ပါဝင်တဲ့ ammonium laureth sulfate ကို ကြွက်တွေနဲ့ လေ့လာစမ်းသပ်ကြည့်တဲ့အခါ ကင်ဆာဖြစ်စေနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။
ဒီသုတေသနလေ့လာချက်နဲ့ ဆက်စပ်ပြီး အမေရိကန် ကျန်းမာရေးနဲ့လူထုစောင့်ရှောက်ရေးဌာနက ammonium laureth sulfate ဟာ လူတွေမှာလည်း ကင်ဆာဖြစ်စေနိုင်တယ်လို့ ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
(၄) Antibacterial ဆပ်ပြာအများစု
ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ antibacterial ဆပ်ပြာအများစုမှာ ပါဝင်တဲ့ Triclosan ဓာတ်ဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ FDA ရဲ့ စစ်ဆေးအတည်ပြုချက်တွေက ဆိုပါတယ်။
(၅) Air Freshener
အခန်းတွင်းအနံ့အသက်တွေမကောင်းတဲ့အခါ အသုံးပြုတဲ့ Air freshener တွေဟာ ပတ်ဝန်းကျင် လေထုကို ဆေးလိပ်သောက်ခြင်းထက် ညစ်ညမ်းစေတဲ့အပြင် ဒါကို ရှုရှိုက်မိမယ်ဆိုရင်တော့ ရေရှည်မှာ ပန်းနာရင်ကျပ်ရောဂါ၊ ဟော်မုန်း မညီမျှမှုရောဂါနဲ့ နောက်ဆုံးမှာ ကင်ဆာရောဂါ အထိပါ ဖြစ်ပွားစေနိုင်မှာ ဖြစ်တယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref. mysticalraven Credit: burma.irrawaddy