ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
851 Views

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Knowledge | Posted by Si Thu Aung

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ ….. ပင်စင်စားတစ်ဦးဖြစ်သည့် ကိုမြင့်အောင်က လွန်ခဲ့သည့် ၄ နှစ်ခန့်က သူခံစားခဲ့ရသော ကျန်းမာရေးပြဿနာအကြောင်းပြောပြနေသည်။ လူငယ်ဘဝတုန်းကတော့ အလုပ်ကောင်းကောင်းလုပ်နိုင်သလို အနားယူချိန်မှာလည်း အားရပါးရအိပ်စက်ခဲ့သော်လည်း အသက် ၆၀ နားကပ်လာချိန်ဝယ် အရင်လို လှဲလိုက်တာနဲ့ တုံးခနဲအိပ်မပျော်တော့။ ညစဉ်ညစဉ်အိပ်ပျော်ဖို့ ခက်ခဲစွာကြိုးစားရသလို အိပ်ရာမှနိုးလာလျှင်လည်း ခေါင်းကငြီးစီစီဖြစ်သည့် ဝေဒနာကို လနဲ့ချီ၍ ခံစားခဲ့ရသည်။ သို့နှင့် နောက်ဆုံးမခံစားနိုင်တော့ ဆရာဝန်ဆီသွားရောက် ပြသဖြစ်ခဲ့သည်။

“ကျွန်တော်က အရင်တကည်းက အနည်းဆုံးတစ်ရက် ၈ နာရီလောက်အိပ်တဲ့သူဗျ။ နေ့လယ်နေ့ခင်းဆိုလည်း တစ်မှေးလောက်မှေးသေးတာ၊ အဲ့ဒီလိုကောင်းကောင်းအိပ်မပျော်တဲ့ဝေဒနာကတော့ အတော်ဆိုးပါတယ်ဗျာ” ဟု ကိုမြင့်အောင်ပြန်လည်ပြောပြသည်။

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

“ဆရာဝန်ဆီရောက်တော့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ရတယ်၊ နောက်ပြီး ကျွန်တော်က အိပ်ရင်ဟောက်သံအရမ်းကျယ်တာကိုလည်း ပြောပြတော့ အိပ်နေတုန်းအသက်ရှုပိတ်သွားတတ်တဲ့ ရောဂါလို့ ယူဆပြီး ကျွန်တော့်ကို CPAP ဆိုလား…အဲ့ဒီ့စက်တပ်ပြီး အိပ်ခိုင်းတယ်”

Sleep apnea ဟုခေါ်ဆိုသည့် အိပ်ပျော်နေစဉ်အသက်ရှုရပ်သွားသည့်ရောဂါကပေါ့သေးသေးသတ်မှတ်သင့်သောကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပါ။ အိပ်စက်ခြင်းနှင့်သက်ဆိုင်သောဝေဒနာဖြစ်ပွားသူများတွင် ၂၀%ခန့်သည်ထိုကဲ့သို့ sleep apnea ရောဂါကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။

သို့သော် ကိုမြင့်အောင်ကတော့ CPAP စက်တပ်လည်း အိပ်မပျော်သည့် ဝေဒနာမသက်သာလာခဲ့ပေ။ ဆရာဝန်တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲပြသရင်း နောက်ဆုံးတော့ ပြဿနာအရင်းခံကို နှလုံးမှာသွားတွေ့သည်။ နှလုံးခုန်မမှန်သည့် ဝေဒနာရှိနေသည်ကို မသိရှိခဲ့ရာမှ ကိုမြင့်အောင်တစ်ယောက်ယခုကဲ့သို့ အိပ်မပျော်သည့် ဝေဒနာပါခံစားရလာခြင်းဖြစ်သည်။ နှလုံးခုန်မှန်စေသည့်စက် (pacemaker) တပ်ဆင်ပြီး CPAP စက်ပါအသုံးပြုလိုက်သောအခါမှသာ ကိုမြင့်အောင်တစ်ယောက်အရင်လို ညဖက် ရှောရှောရှူရှူအိပ်စက်နိုင်တော့သည်။

တကယ်တော့ ကိုမြင့်အောင်ခံစားခဲ့ရသော အိပ်မပျော်သည့်ဝေဒနာကို ပင်စင်ယူပြီးအရွယ်၊ ပျမ်းမျှအားဖြင့် အသက် ၆၀ တဝိုက်လူကြီးအတော်များများ ခံစားရလေ့ရှိပါသည်။ များသောအားဖြင့် နောက်ခံ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်လေ့ရှိပြီး အဝလွန်မှု၊ အသက်ကြီးချိန်တွင်ခံစားရသော စိတ်ပူပန်စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့်သာမက သောက်သုံးသော ဆေးဝါးများနှင့်လည်း သက်ဆိုင်လျက်ရှိပါသည်။ ထို့အပြင် ညဘက်မကြာခဏဆီးထသွား၍ အိပ်ရေးပျက်ခြင်း၊ အဆစ်အမြစ်များနာကျင်သောကြောင့် တော်တော်နှင့်အိပ်မပျော်ခြင်း စသည်တို့မှာ လူကြီးများတွင်အတွေ့များသော ကျန်းမာရေးပြဿနာများဖြစ်သည်။

အသက်ကြီးသူများ အိပ်ပျော်ရခက်ခဲစေသည့် နောက်ပြဿနာတစ်ခုက အိပ်စက်သည့်ပုံစံနှင့်လည်း သက်ဆိုင်နေသည်။ ငယ်ငယ်က အိပ်ချိန်မှန်မှန်မရှိသူ၊ ညဖက်နောက်ကျမှအိပ်တတ်သူများသည် အသက်ကြီးလာလျှင် အိပ်ရေးမဝသည့်ပြဿနာပိုကြုံရနိုင်သူများဖြစ်ကြောင်းကိုလည်း တွေ့ရသည်။

ထို့ကြောင့် အိပ်မပျော်သည့်ဝေဒနာခံစားရပါက ဖြစ်ရသည့်အကြောင်းရင်းကိုသိရန်အင်မတန်အရေးကြီးကြောင်းသိစေလိုပါသည်။ ဖြစ်သည့်အကြောင်းကိုသိမှလည်း ကုသရလွယ်ကူမည်မဟုတ်လော။ ညဖက်တော်တော်နှင့်အိပ်မပျော်သလို အိပ်ရာမှနိုးလျှင်လည်း ကြည်ကြည်လင်လင်ဖြစ်မနေသည့် ရက်တွေများလာလျှင် ဆရာဝန်နှင့်ပြသကြည့်ရန်လိုအပ်ကြောင်း တိုက်တွန်းလိုပါသည်။ ကိုမြင့်အောင်တို့လို အသက် ၆၀ ကျော် လူကြီးတွေသာမက အိပ်ချိန်မှန်မှန်မရှိသည့် လူငယ်များလည်း ထိုပြဿနာကို ဂရုစိုက်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော ကျန်းမာရေးနှင့်ညီညွတ်သည့်အိပ်ချိန်မရရှိခြင်းမှ နောက်ဆက်တွဲပြဿနာများစွာခံစားရနိုင်သောကြောင့်ဖြစ်သည်။

အကယ်၍ ညဖက်အိပ်ပျော်ရန် အခက်အခဲရှိနေသူများလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန် အောက်ပါနည်းလမ်းလေးများကို ကျင့်သုံးကြည့်နိုင်ကြောင်း တလက်စတည်း ဖော်ပြပေးလိုက်ရပါသည်။

အချိန်မှန်မှန်အိပ်နိုင်အောင်ကြိုးစားပါ – အိပ်ချိန်၊ အိပ်ရာထချိန် သတ်သတ်မှတ်မှတ်ထားပြီးအိပ်ခြင်းက ညဘက်ပို၍နှစ်ခြိုက်စွာအိပ်ပျော်နိုင်အောင်အားပေးပါသည်။

အိပ်ခန်းကိုမီးရောင်မှိန်မှိန်ထားပါ – လျှပ်စစ်မီးချောင်း၊တီဗီ စသည်တို့ကို အိပ်ခါနီးမှာပိတ်ထားပါ။

အိပ်ခါနီးစိတ်ပြေလျှော့စရာတစ်ခုခုလုပ်ပေးပါ – ရေနွေးနဲ့ရေချိုးခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် ကြိုက်နှစ်သက်ရာ စာအုပ်ဖတ်နေခြင်း စသည်အလုပ်တစ်ခုခုလုပ်လိုက်ပါက စိတ်ကိုပိုကြည်လင်စေပြီး အိပ်စက်နိုင်အောင်ကူညီပေးပါသည်။

အိပ်ခါနီးဖုန်းမသုံးပါနဲ့ – ဖုန်း၊ တီဗီတို့မှ ထွက်သောအလင်းရောင်သည် အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါသည်။

ပုံမှန်သောက်နေကျဆေးတွေကို ပြန်ဆန်းစစ်ပါ – ရံဖန်ရံခါ ရောဂါကြောင့်မဟုတ်ဘဲ မိမိသောက်နေကျ ဆေးတစ်မျိုးမျိုး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း အိပ်စက်ရခက်ခဲနေခြင်းဖြစ်တတ်ပါသည်။ သောက်ဆေးတစ်မျိုးမျိုးကြောင့်ဆိုလျှင် ဆရာဝန် နှင့် တိုင်ပင်ပြီး ဆေးပမာဏချိန်ညှိခြင်း သို့မဟုတ် ဆေးပြောင်းသောက်ခြင်း ပြုလုပ်နိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ရေးသားသူ – Dr. Htoo Tint Ko Ko Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service