အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
377 Views

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ

Knowledge | Posted by Shwe Zin Win

အိမ်တော်တော်များများနဲ့ ရုံးခန်းတွေမှာ အိမ်တွင်းအလှစိုက်ပင်တွေစိုက်ပျိုးလာကြတာကို သတိထားမိကြပါလိမ့်မယ်။ အိမ်တွင်းအလှစိုက်ပင်တွေက နေအိမ်၊ ရုံးခန်းတွေကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေက အိမ်ကို လှပစေရုံသာမက လေထုကိုသန့်စင်ပေးတဲ့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေဝယ်လာပြီး နေရာချဖို့ခက်ခဲ နေတယ်ဆိုရင် ဒီပိုစ့်လေးကိုဆက်လက်ဖတ်ရှုလိုက်ပါ။

အိမ်တွင်းအလှစိုက်ပင်တွေကို နေရာမချခင်မှာ သင့်အိမ်လှပဖို့ တစ်ခုထဲကို မစဥ်းစားသင့်ပါဘူး။ အပင်ရဲ့ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတွေကို လည်းထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဥပမာ - နေရောင်ခြည်ကြိုက်တဲ့အပင်တွေကို အမှောင်ခန်းထဲမှာထားမယ်ဆိုရင် အပင်မကြီးထွားနိုင်တဲ့အပြင် သေဆုံးသွားနိုင်ပါတယ်။

[အိမ်ရှေ့ဝရံတာ]

တော်တော်များများက အပင်ဝယ်လာပြီဆိုရင် အိမ်ရှေ့ဝရံတာမှာထားဖို့ကို စဥ်းစားကြပါတယ်။

ဒါဟာ အပင်ကြီးတွေနဲ့ နေရောင်ခြည်ကြိုက်တဲ့အပင်တွေအတွက်တော့ သင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ နေရောင်ခြည်မကြိုက်တဲ့အပင်တွေကိုတော့ အိမ်ရှေ့ဝရံတာ မှာမစိုက်သင့်ပါဘူး။

[ဧည့်ခန်း]

အိမ်တွင်းအလှစိုက်ပင်တွေကို ဧည့်ခန်းတီဗီစင်မှာတင်ထားခြင်းကလည်း သင့်ဧည့်ခန်းကို လှပနေစေမှာပါ။ ဧည့်ခန်းနံရံမှာ နံရံကပ်စင် (သို့) ပန်းတင်တဲ့စင် ပေါ်တွင်တင်ပြီးလည်း အလှဆင်နိုင်ပါတယ်။ ဧည့်ခန်းနံရံကို နံရံကပ်စက္ကူလှလှလေးကပ်ပြီး အရွက်ဖားဖားအပင်လေးချထားပြီး အလှဆင်ကြည့်သင့်ပါတယ်။

[အိပ်ခန်း]

သင်ဟာ ညဘက်အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အိပ်ရာဘေးက ခုံလေးမှာ အိပ်စက်ရာမှာ အထောက်အကူပြုတဲ့အပင် (ဥပမာ - Shining Star Orchid)လေးတွေကို တင်ထားပြီး အိပ်စက်သင့်ပါတယ်။

[ရေချိုးခန်း]

အိမ်တွင်းအလှစိုက်ပင်တွေကို သုံးပြီးရေချိုးခန်းကို အလှဆင်နိုင်ပါတယ်။ ရေချိုးခန်းဟာ အစိုဓာတ်များတဲ့အတွက် အစိုဓာတ်ကြိုက်တဲ့အပင်တွေကို ရွေးချယ်သင့်ပါတယ်။

[စုပြုံထားခြင်း]

အပင်တွေကို ဟိုနေရာ,ဒီနေရာတွေမှာ မခွဲထားပဲ အခန်းတစ်ခန်း (သို့) ထောင့်တစ်ထောင့်မှာစုပြုံထားခြင်းကလည်း တစ်မျိုးလေးလှနေစေမှာပါ။ အရွယ်အစား၊ပုံသဏ္ဍာန်၊အနိမ့်အမြင့် မတူတဲ့အပင်တွေကို တစ်နေရာထဲမှာစုထားပြီး စာဖတ်ခုံလေးနဲ့ စာဖတ်ရမယ်ဆိုရင် တော်တော်ကြည်နူးစရာကောင်းနေမှာပါ။

ချိတ်ဆွဲခြင်း(သို့) တွဲလောင်းချခြင်း

 

ချိတ်ဆွဲပင်တွေကို အိမ်နံရံ၊ပြတင်းပေါက် နဲ့ ဝရံတာတွေမှာ ချိတ်ဆွဲထားနိုင်ပါတယ်။

အရွက်နဲ့ ပင်စည် တွဲလောင်းကျတတ်အပင်တွေကို စာအုပ်စင်(သို့) အမြင့်တစ်နေရာ (သို့) လှေခါး မှာတင်ထားမယ်ဆိုရင် တော်တော်လေးကိုသက်ဝင်နေစေမှာပါ။

အိမ်တွင်းအလှဆင်အပင်တွေကို နေရာမှန်မှန်နှင့် စနစ်တကျစိုက်ပျိုးထားရှိစေခြင်းအားဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service