Knowledge | Posted by Shwe Zin Win
Winchester စံအိမ်ကြီးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုစေး မြို့မှာတည်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ခြောက်ခြားဖွယ်အကောင်းဆုံးစံအိမ်ထဲမှာပါဝင်ပါတယ်။
ထူးဆန်းရတဲ့အကြောင်းအရင်းကတော့ ဒီအိမ်ကြီးရဲ့နောက်ဆုံးပိုင်ရှင် အိမ်ကြီးသခင်မ Sarah Winchester ဟာ သူကွယ်လွန်သွားတဲ့အချိန်ထိတိုင် အိမ်တော်ကြီးကို မရပ်မနားပြုပြင်ဆောက်လုပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။
Sarah Winchester ဟာ သူမရဲ့အမျိုးသားဖြစ်သူ William Wirt Winchester နဲ့ သမီးငယ် Annie တို့ ဆုံးပါးသွားပြီးနောက်ပိုင်း 1884 ခုနှစ်ကနေ သူမသေဆုံးချိန် 1922 ခုနှစ်အထိ နှစ်ပေါင်း ၃၈ နှစ်တိုင်တိုင် အိမ်ကြီးရဲ့ အခန်းသစ်တွေကို မရပ်မနားတမ်းတိုးချဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
အခန်းပေါင်း ၁၆၀၊ အိပ်ခန်း ၄၀၊ လှေကား ၄၀၊ရေချိုးခန်း ၁၃ခန်း၊ မီးဖိုခန်း ၆ခန်း၊ ပြတင်းပေါက် ၁၀၀၀၀ ဝန်းကျင်၊ တံခါးချပ်ပေါင်း ၂၀၀၀ ကျော်ထည့်သွင်းဆောက်လုပ်ထားပြီး ရှာမတွေ့သေးတဲ့လျို့ဝှက်အခန်းတွေလဲ ယခုထက်ထိတိုင်ရှိနေပါသေးတယ်။
အပြီးတိုင်ပိတ်ထားတဲ့ လျို့ဝှက်အခန်းတွေ၊ ရှုပ်ထွေးလှတဲ့ လှေကားတွေ၊ ဝင်စရာအခန်းရှိမနေတဲ့ တံခါးများနဲ့ ပြည့်နှက်နေတဲ့ Winchester စံအိမ်ကြီးကို အိမ်ကြီးသခင်မ Sarah Winchester တစ်ယောက် ဘာအတွက်ကြောင့် မရပ်မနားဆောက်လုပ်နေခဲ့သလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့အဖြေမရှိခဲ့ပါဘူး။
ယုံတမ်းစကားများအရ အိမ်ကြီးထဲမှာရှိနေတဲ့ ဝိဉာဉ်တွေဟာ Sarah တစ်ယောက်အသက်မဆုံးရှုံးချင်ရင် အိမ်ကြီးကို မရပ်မနားဆောက်လုပ်နေရမယ်လို့ ကျိန်စာတိုက်ခဲ့တာကြောင့်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ Winchester စံအိမ်ကြီးကို ခရီးသွားလာသူများ ဝင်ရောက်လေ့လာနိုင်ရန် ပြတိုက်သဖွယ်ဖွင့်လှစ်ထားပြီး မကျွတ်လွတ်သေးတဲ့ ဝိဉာဉ်တွေရဲ့ လှုပ်ရှားမှုကို တစ်ခါတစ်ရံမြင်တွေ့ရတယ်လို့ လည်ပတ်သူတွေက ဆိုကြပါတယ်။
ကယ်လီဖိုးနီးယားရောက်ခဲ့ရင်တော့ မျက်စိလည်လောက်အောင်ကြီးမားလွန်းတဲ့ Winchester စံအိမ်ကြီးကို လည်ပတ်သင့်တဲ့အကြောင်းလက်တို့လိုက်ရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com