စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
409 Views

စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း

Knowledge | Posted by Zarni Kyaw

အိမ်ခြံမြေများတွင် မြေကွက်အမျိုးအစားပေါ် မူတည်၍ ၎င်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်မှုစာချုပ်စာတမ်း အမျိုးမျိုးရှိပါသည်။ အရပ်ကတိစာချုပ်၊ စလစ်မူရင်း၊ ပါမစ်မူရင်း၊ မှတ်ပုံတင်စာချုပ်များ၊ မြေငှားဂရန်များမှာ မြေပိုင်ဆိုင်မှုအတွက် ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းများဖြစ်ပါသည်။

မြေပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများအား လိမ်လည်ရန် ကြံရွယ်ကာ အတုပြုလုပ်ဖန်တီး ခြင်းများလဲရှိကြပါသည်။ ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအား တတ်ကျွမ်းနားလည်သူများနှင့် သက်ဆိုင်ရာဌာနတွင် စစ်ဆေးမှုပြုပြီးမှ စရန်ငွေ ပေးချေရပါမည်။ စာချုပ်စာတမ်းအတုပြုလုပ်ကြောင်း ထင်ရှားလျှင် ထိုသူမှာ ပုဒ်မ-၄၆၈ အား ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ပြီး (၇)နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ အရေးယူ ချမှတ်ခြင်း ခံရမည်ဖြစ်ပါသည်။

အရောင်းအဝယ်ဆောင်ရွက်ရာ၌ စာချုပ်စာတမ်းအမှတ်အသားမှာ အတုဖြစ်နေကြောင်း ထင်ရှားလျှင်ပင် ထိုသူအား အမှုဖွင့်လှစ်အရေးယူနိုင်ပါသည်။ အဆိုပါသူမှာ လိမ်လည်အသုံးပြုရန် ကြံရွယ်ချက်ဖြင့် အတုစာချုပ်စာတမ်းများ ပြုလုပ်ထားကြောင်း တရားရုံးတွင် တရားလိုမှ သက်သေခံတင်ပြရပါမည်။

စာချုပ်စာတမ်း အတုပြုလုပ်ကြသည့်အပြင် လက်ရေးလက်မှတ် အတုပြုလုပ်ကြသည်များလဲ ရှိကြပါသည်။ လက်ရေး လက်မှတ် အငြင်းပွှားမှုဖြစ်ပေါ်သည့်အခါ တရားရုံးမှ ကျွမ်းကျင်သူပါရဂူများဖြင့် စစ်ဆေးစေပါ သည်။

ထို့ပြင် ဌာနဆိုင်ရာ၏ လက်မှတ်တံဆိပ်ခတ်နှိပ်မှုအား အတုဖန်တီးကြသည်များလဲရှိကြပါသည်။ သက် ဆိုင်ရာဌာနမှ ပုဒ်မ-၄၆၈ စာချုပ်စာတမ်းအတုပြုလုပ်မှုဖြင့် ကျူးလွန်သူကို တရားစွဲဆိုသည်များလဲရှိပါသည်။ အဆိုပါ အမှုများမှာ ကျေအေးခွင့်မရသလို အာမခံလဲ မပေးအပ်နိုင်ပါ။

တရားရုံးသို့ တင်ပြရန်အတွက် မမှန်သက်သေခံ စာရွက်စာတမ်းပြုလုပ်လျှင်လဲ ရာဇသတ်ကြီးပုဒ်မ- ၁၉၃ အား ဖောက်ဖျက်ကျုးလွန်ခြင်းပင် ဖြစ်ပါသည်။ တရားရုံး၏ ရှေ့မှောက်စစ်ဆေးခံရာတွင် မမှန်မကန်ထွက်ဆိုခြင်း၊ မမှန်သက်သေခံဖန်တီးခြင်း၊ မမှန်မကန် ကျမ်းကျိန်လွှာတစ်စောင် ဆောင်ရွက်ခြင်းများမှာ တရားရုံးမှ တရားလိုပြု လုပ်၍ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ- ၁၉၅ (၁)(ဂ)အရ တရားစွဲဆိုသွားနိုင်ပါသည်။

(ဦးကိုင်လျှို (ခ) ဦးသန်းလင်းအောင်နှင့် နိုင်ငံတော်ပါ- ၃ အမှု)တွင် မွေးချင်းသားသမီးမရှိ တစ်ဦးတည်းသော သားအရင်းဖြစ်ကြောင်း ကျမ်းကျိန်လွာ စာရွက်စာတမ်းအတုပြုလုပ်ကာ မမှန်သက်သေခံဖန်တီး၍ အမွေ ဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ်ချုပ်ဆိုနိုင်ရန် ပြုခဲ့ပါသည်။

အမွေဆိုင်များနှင့် သက်ဆိုင်သော အမွေပစ္စည်းအား တစ်ဦးတည်းသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာတမ်းပြုလုပ်ရန် ကျမ်းကျိန်လွှာတစ်စောင်အား ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ မြေကွက်နှင့် သက်ဆိုင်သော မြေစာရင်းပုံစံ- ၁၀၅၊ ၁၀၆ လဲ လိမ်လည်၍ ထုတ်ယူခဲ့ကြောင်းလဲ ထင်ရှားစေပါသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေပစ္စည်းမှာ အမွေဆိုင်များအားလုံးနှင့် သက်ဆိုင်ပြီး မမှန်သက်သေခံ ကျမ်းကျိန်လွှာဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းလဲရှိကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service