Knowledge | Posted by Aye Myat Thu
ငါးကန်ဆိုတာဟာငါးတွေရဲ့အိမ်ပဲဖြစ်ပါတယ်။ ငါးကန်ကိုမှန်ကန်စွာပြင်ဆင်နိုင်ဖို့အရေးကြီးပါတယ်။ သို့မှသာ နောက်ဖြစ်လာမယ့် ငါးကန်ပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ငါးတွေ အစာကောင်းစွာစားနိုင်ဖို့၊ အနားယူနိုင်ဖို့၊ ပျော်ရွှင်စွာကူးခတ်နိုင်ဖို့ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရ မှာ ဖြစ်ပါတယ်။ ငါးကန်တစ်ကန်ဝယ်ယူတော့မယ်ဆိုရင် တတ်နိုင်သလောက်အရွယ်ကြီးကြီး ဝယ်ယူပါ။ ကန်ကြီးလေ ငါးတွေအတွက် ထိခိုက်မှုနည်းလေဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရေမျက်နှာပြင်ကအောက်ဆီဂျင်များများပျော်ဝင်နိုင်၊ အညစ်အကြေးအဆိပ်အတောက်တွေစုပုံမှုနည်းနိုင်၊ တည်ငြိမ်သောပတ်ဝန်းကျင်ကိုပေးနိုင်တဲ့ ရေထုထည်များများရှိလို့ ဖြစ်ပါတယ်။ ကန်အမြင့်ထက် အလျား၊အနံပိုရှည်သောကန်မျိုးကို ဝယ်ယူပါ။ ငါးကန်ကို ငါးမထည့်မီ ၁-၂ပတ်ခန့် ကြိုတင်ပြင်ဆင်ပါ။
ငါးမွေးကန်တစ်ခုအတွက်လိုအပ်သောပစ္စည်းများ
၁။ အဖုံးပါငါးမွေးကန် (အချို့ငါးများသည် ခုန်ထွက်တတ်သောကြောင့်၊အခြားအိမ်မွေးတိရစ္ဆာန်များ၏ ရန်မှကာကွယ်ရန်) ၂။ ငါးကန်တင်ရန်စင် သို့မဟုတ် ခုံ ၃။ ရေစစ်စက် (အညစ်အကြေးများနှင့် အဆိပ်အတောက်များ သန့်စင်ရန်) ၄။ ငါးကန်မီးချောင်း ၅။ ပလတ်စတစ်ပိုက်ပျော့ (ငါးကန်မှရေလဲလှယ်ရန်) ၆။ လေမှုတ်စက်၊ ပိုက်၊ လေမှုတ်ကျောက် ၇။ အပူပေးကိရိယာ ၈။ သာမိုမီတာ ၉။ ကြမ်းခင်းကျောက် ၁၀။ ရေ pH စမ်းပစ္စည်းများ ၁၁။ ရေမှော်ပင်ကဲ့သို့သောအပင်များ ၁၂။ ငါးကန်အလှဆင်ပစ္စည်းများ ၁၃။ ငါးဖမ်းဇကာ ၁၄။ ရေပုံးတစ်ပုံး (ငါးကန်မှရေလဲလှယ်ရန်)
ငါးကန်ကို ဘယ်နေရာမှာ ထားမလဲ
ငါးကန်ထားရှိဖို့အတွက် အောက်ပါအချက်များကိုစဉ်းစားပါ။ - ငါးကန်မှ ရေလဲလှယ်စဉ်ရေဖိတ်စင်နိုင်သည်။ - ငါးကန်မှ ပစ္စည်းများအတွက် လျှပ်စစ်ဓာတ်အားရရှိမည့်နေရာ။ - ပြတင်းပေါက်၊ ပန်ကာ၊ အဲကွန်းများနှင့် တစ်တန်းတည်းရှိသောနေရာတွင်မထားပါနှင့်။(အပူချိန်အပြောင်းအလဲမြန်သောကြောင့်) - နေရောင်ခြည်တိုက်ရိုက်ကျသောနေရာတွင်မထားပါနှင့်။(ရေညှိများပွားမြန်သောကြောင့်)
ငါးကန်စတင်ပြင်ဆင်ခြင်း
၁။ နေရာရွေးပြီးနောက် စင် သို့မဟုတ် ခုံ ကိုနေရာချပါ။ ၂။ ငါးကန်ကို ဆေးကြောပါ။ ဆပ်ပြာ၊ချေးချွတ်ဆေးများ မသုံးပါနှင့်။ ရေ၊ အဝတ်စ၊ ရေမြုပ်တို့ဖြင့်သာ ပွတ်တိုက်ဆေးကြောပါ။ ၃။ ကြမ်းခင်းကျောက်များကို အနည်းဆုံး (၅)ကြိမ်ခန့် ပွတ်တိုက်ဆေးကြောပါ။ ၄။ ငါးကန်ထဲထည့်မည့်ပစ္စည်းများကို ပွတ်တိုက်ဆေးကြောပါ။ ၅။ ငါးကန်ကိုနေရာချပါ။ ကြမ်းခင်းကျောက်ထည့်ပါ။ ၆။ ရေဖြည့်ပါ။ အပင်များ၊ပစ္စည်းများ ထည့်ပါ။ ၇။ ဖိတ်စင်နေသောရေများ သုတ်ပါ။ ၈။ ပလတ်များတပ်ပါ၊ဖွင့်ပါ။ ၉။ ရက်အနည်းငယ်စောင့်ပါ။ထို့နောက် မွေးမြူမည့်ငါးကို ထည့်နိုင်ပါပြီ။
ရေကိုအနည်းဆုံး (၁)ပတ်(၁)ခါ ၂၀% လဲပေးပါ။ နေ့တိုင်းလဲနိုင်ရင် ပိုကောင်း၏။ အစာကို (၂)မိနစ်အတွင်း စားနိုင်သလောက်သာကျွေးပါ။တစ်နေ့ (၂-၃)ကြိမ်ကျွေးနိုင်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: original writer