ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
575 Views

ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

မြေကွက်အား နှစ်ဦးအမည်ပေါက်ကာ ပူးတွဲပိုင်ဆိုင်သူများသည် တစ်ဦးထဲ ပိုင်ဆိုင်မှုအတွက် ဆောင်ရွက်လိုသည့်အခါ ကျန်တစ်ဦးမှ စွန့်လွှတ်ခြင်းမှတ်ပုံတင်စာချုပ်ဖြင့် စွန်လွှတ်ကာ လွှဲပြောင်းခြင်းပြုနိုင်ပါသည်။ နှစ်ဦးအမည်ပေါက် ပိုင်ဆိုင်မှုမရှိပါက စွန့်လွှတ်ခြင်းစာချုပ်ဖြင့် လွှဲပြောင်းခြင်း မဆောင်ရွက်နိုင်ပါ။ ပေးကမ်းခြင်းနှင့် စွန့် လွှတ်ခြင်း မှတ်ပုံတင်စာချုပ်မှာလဲ ကွဲပြားမှုရှိပါသည်။ မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းပြုလိုလျှင် ပူးတွဲပိုင်ဆိုင်သူ မဟုတ်သူကိုသာ ပေးကမ်းမှုပြုနိုင်ပြီး စွန့်လွှတ်ခြင်းဖြင့် ဆောင်ရွက်မရပါ။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို စွန့်လွှတ်၊ ပေးကမ်းခြင်းဖြစ်ပါက ပစ္စည်းစာရင်း၊တည်နေရာအား တိကျစွာ သက်ဆိုင်ရာဌာန၌ မြေပုံထုတ်ယူ၍ ဖော်ပြရပါမည်။ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း ဆောင်ရွက်လိုသည့် မြေကွက် တန်ဖိုးငွေနှင့် ညီညွတ်သည့် သတ်မှတ်တံဆိပ်ခေါင်းခွန်အား ထမ်းဆောင်ရပါမည်။ တိုင်းဒေသကြီးကာလ တန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့ထံ ရာဖြတ်တန်ဖိုး သတ်မှတ်စေရမည်။ မှတ်ပုံတင်ဥပဒေပုဒ်မ-၁၆ အရ တန်ဖိုး ငွေ(၁)သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်း ရောင်းချခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ ကြေညာခြင်း၊ ဖျက်သိမ်းခြင်းတို့မှာ (၄)လအတွင်း မှတ်ပုံတင်စာချုပ် မဖြစ်မနေချုပ်ဆိုရန် လိုပါသည်။

သက်ဆိုင်ရာ မြေစီမံခန့်ခွဲမှုဌာနတွင်လဲ ပေးကမ်းခြင်း၊ စွန့်လွတ်ခြင်း မြေပုံကူးယူရန် လိုပါသည်။ မြေပုံကူးယူလိုသူသည် နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ၊ မြေငှားစာချုပ် (ဂရန်) မြေဖြစ်ပါက မြေငှားစာချုပ် မိတ္တူတစ်စုံ၊ ဂရန်မြေမဟုတ်ပါက မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးမှ ချမှတ်သော အမိန့်ဒီကရီရှိလျှင် တင်ပြလျှောက်ထားရမည်ဖြစ်ကာ ဌာနမှ မူရင်းများနှင့်လဲ တိုက်ဆိုင် စစ်ဆေးမည်ဖြစ်ပါသည်။

ပေးကမ်းခြင်းစာချုပ်တွင်တော့ ပေးသူယူသူ စည်းကမ်းသတ်မှတ်ချက်များ ထားရှိ၍ စာချုပ်ချုပ်ဆိုကြပါသည်။ မိဘများမှ သက်ရှိထင်ရှားရှိစဉ် သားသမီးတစ်ဦးအား ပစ္စည်းအလုံးစုံအား ပေးကမ်းလျှင် အဆိုပါ ပေးကမ်းခြင်းမှာ ပျက်ပြယ်ပါသည်။ တချို့သာပေးကမ်းခြင်းဖြစ်လျှင် ကျန်သားသမီးမှ ကန့်ကွက်ခွင့် မရှိပါ။ ပေးကမ်းခြင်းတွင် အနိုင်အထက်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းပါလျှင်လဲ ပျက်ပြယ်ပါသည်။ ပေးကမ်းခြင်း၌ အဖိုးစားနားပါ၍ ဆောင်ရွက်၍ မရပါ။ သေခံနီးဆဲဆဲ ပေးကမ်းလျှင် အတည်မဖြစ်ပါ။

စွန့်လွှတ်ခြင်း၊ပေးကမ်းခြင်းပြုသည့် မြေကွက်သည် တရားရုံးတားဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ အခြားသော ကန့်ကွက်ချက်များနှင့် ကင်းလွတ်ရမည်ဖြစ်ပါသည်။မရွှေ့မပြောင်းနိုင်ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် လွှတ်ကင်းမှု ရှိရမည်။ ဌာနမှလဲ မြေပြင်အခြေအနေနှင့် လျှောက်ထားချက်များ ကိုက်ညီခြင်း ရှိမရှိ စစ်ဆေးမည်ဖြစ်ပါသည်။ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ် (ဂရန်)မြေနှင့် လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ်-၃(ခ)၊ ၃(က) ရရှိပြီးသော မြေများသာ စွန့်လွှတ်ခြင်း၊ ပေးကမ်းခြင်း ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service