အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ... - Property Knowledge in Myanmar from iMyanmarHouse.com
352 Views

အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

Knowledge | Posted by Zarni Kyaw

ဒီတစ်ပတ်မှာတော့ iMyanmarHouse သို့ပေးပို့လာတဲ့ အမေးအများဆုံးမေးခွန်းတွေထဲက မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

⚖️မေးခွန်း(၁) - ကိုယ့်တိုက်ခန်းလေးကို နံရံဆေးသုတ်မယ်။ အခန်းသစ်ဖွဲ့ချင်တယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုအပ်ပါသလား။

တိုက်ခန်းများ ဝယ်ယူခြင်းမှာ အပျောက်စနစ်ဖြင့် နေထိုင်ပိုင်ဆိုင်ခြင်းပင်ဖြစ်ပြီး ကွန်ဒိုအဆောက်အအုံအခန်း ဝယ်ယူသကဲ့သို့ မြေပိုင်ဆိုင်မှုပါ အချိုးကျသက်ဆိုင်ခြင်း မရှိပါ။ တိုက်ခန်းများမှာ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ အပျောက်စနစ်ဖြင့် ဥပစာလွှဲပြောင်း ရောင်းချခြင်းပင်ဖြစ်ပါသည်။ အပျောက်စနစ် တိုက် ခန်းဆိုသည်မှာ အငှားပိုင်ဆိုင် ဝယ်ယူခြင်းသာဖြစ်ပြီး ပိုင်ဆိုင်သူမှာ ထာဝစဉ်နေထိုင်ခွင့်ရှိပါသည်။ မြေရှင်မှာ မြေပိုင်ဆိုင်မှု အပြင် အဆောက်အအုံတစ်ခုလုံးနှင့် သက်ဆိုင်သူဖြစ်သော်လည်း တိုက်ခန်းများအတွက် အကျိုးခံစားခွင့်ရရှိထားသူ မဟုတ်ပါ။

ဝယ်ယူသူမှာလဲ မိမိဝယ်ယူသော တိုက်ခန်းအတွင်းရှိ ဧရိယာစတုရန်းပေကိုသာ နေထိုင်မှုအတွက် ဝယ်ယူခြင်း ဖြစ်ကာ အမွေဆက်ခံသူများနှင့်လဲ နေထိုင်ပိုင်ဆိုင်မှုအတွက် အကျိုးခံစားမှုရှိပါသည်။ မြေရှင်မှာ အဆောက်အအုံ၏ မြေပိုင် ဆိုင်မှု အမည်ပေါက်ဖြစ်ပြီး အဆိုပါမြေအတွက် မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေခွန်လဲ နှစ်စဉ်ထမ်းဆောင်ရပါသည်။ တိုက် ခန်းအား ဝယ်ယူနေထိုင်သူများမှာ အရောင်းအဝယ်စာချုပ်၌ မြေရှင်အသိအမှတ်ပြု လက်မှတ်ရယူထားသင့်ပါသည်။ မြေရှင်မှ မြေခွန်ပြေစာ မြေငှားခများ ထည့်ဝင်ပေးဆောင်ရန် တောင်းဆိုပါကလဲ ပေးချေသင့်ပါသည်။

BCC မကျခင် အဆောက်အအုံအပြင် အခန်းအရှေ့ပိုင်း ဆန်းရှိတ်ထုတ်ခြင်း၊ အခန်းသစ်ဖွဲ့ခြင်းများ ၊ တိုက်ခန်းအား အကြီးစား ပြင်ဆင်မှု ပြုလိုသည့်အခါတွင် ဆောက်လုပ်ခွင့်ပါမစ်နှင့် ကိုက်ညီခြင်းရှိမရှိ ပြုလုပ်သည့်အခါ မြေရှင်နှင့် ကန်ထ ရိုက်အား အသိပေးမေးမြန်းပြီးမှ လုပ်ဆောင်သင့်ပါသည်။

BCC ကျပြီးအဆောက်အအုံတွင် မိမိနေထိုင်သည့်အခန်းတွင်း Structure ပိုင်း ထိခိုက်မှုမရှိသော အသေးစား ပြင်ဆင်မှုများကိုတော့ မြေရှင်အား ခွင့်ပြုချက် တောင်းယူခြင်းပြုရန်မလိုပါ။ အကြီးစားပြင်ဆင်မှု ပြုလိုသည့်အခါတိုင်းတွင် တော့ မြေရှင်အားအသိပေးရန် လိုပါသည်။

ထို့ပြင် BCC ကျပြီး အသေးစား ပြင်ဆင်မှုဖြစ်သည့် နံရံဆေး သုတ်ခြင်း ၊ တံခါးများပြင်ဆင်ခြင်း၊ သံပန်းတပ် ဆင် ခြင်း၊ ဆန်းရှိတ်အမိုး ပြုလုပ်ခြင်းများတွင်လဲ အများသုံးဧရိယာများနှင့် ဘေးပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေဘဲ ပြင် ဆင်မှုပြုရမည်ဖြစ်ပြီး အဆောက်အအုံပိုင်း ပျက်စီးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်က မိမိတွင် တာဝန်ရှိပါသည်။ တိုက်တစ်တိုက်လုံးအတွက် ရေရှည်တည့်တံ့ခိုင်အားစေရန် ပြုပြင်ပြင်ဆင်သွားလိုပါကလဲ တိုက်ခန်းအတူ နေထိုင်များ စုပေါင်း၍ မြေရှင်ကိုပါ အသိပေးကာ အဆောက်အအုံ ထိန်းသိမ်းစောင့်ရှောက်မှု ပြုသင့်ပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၂) - သေတမ်းစာဖြင့် ပေးခဲ့သော မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သိလိုပါတယ်။

သေတမ်းစာဆိုသည်မှာ အမွေပစ္စည်းအား ၎င်းသေဆုံးသည့်အခါ ၎င်းဆန္ဒအတိုင်း စီမံခန့်ခွဲပေးအပ်မှု ပြုခြင်းပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များဆိုပါက သေတမ်းစာပေးပိုင်ခွင့်မရှိသလို သေတမ်းစာသဘောသက်ရောက်သည့် အမွေရှင်ကွယ်လွန်ပြီး နောက်မှ တစ်ဦးတစ်ယောက်ထဲပေါ်တွင် ပစ္စည်းအား ပေးအပ်ခြင်းမှာလဲ ဆောင်ရွက်ခွင့်မရှိပါ။ မိသားစု စီမံခန့်ခွဲမှုတစ်ရပ်သာ အမွေဆိုင် အားလုံးပါဝင်ကာ ကြိုတင်စီမံခန့်ခွဲခွင့်ရှိပြီး မိသားစုစီမံမှုစာချုပ်တွင် မရွှေ့မပြောင်းနိုင် သောပစ္စည်းများ ပါဝင်နေလျှင် မှတ်ပုံတင်ခြင်း မဖြစ်မနေပြုလုပ်ရပါမည်။

ခရစ်ယာဉ်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာဝင်များသာ သေတမ်းစာရေးခွင့်ရှိပါသည်။ သေတမ်းစာမှာ စာတမ်းအမှတ် အသား သက်သေခံချက်ပြီး အမွေရှင် ကွန်လွန်ပြီးနောက်ပိုင်းမှ အကျိုးသက်ရောက်ပါသည်။ သေတမ်းစာအား မှတ်ပုံတင် ခြင်းပြုနိုင်သလို မှတ်ပုံမတင်ဘဲလဲ ထားရှိနိုင်ပါသည်။ မှတ်ပုံတင်ရှိလျှင် အဆိုပါသေတမ်းစာအား မှတ်ပုံတင်အရာရှိထံ ချိပ်တံဆိပ်ခတ်နှိပ်ပြီး ကိုယ်တိုင်မှဖြစ်စေ၊ ကိုယ်စားလှယ်မှ တဆင့်ဖြစ်စေ အပ်နှံထားရှိရပါမည်။ ဘဏ်တွင် အပ်နှံ ထားရှိသည့် အိတ်ဖွင့် သေတမ်းစာများလဲရှိပါသည်။ သေတမ်းစာတစ်စောင်တွင် အနည်းဆုံးသက်သေ (၂)ဦး ပါဝင်၍ လက်မှတ်ရေးထိုးရပါမည်။ သေတမ်းစာအား ရူးသွပ်သူ ၊ အရွယ်ရောက်သူများ ရေးခွင့်မရှိပါ။ အမွေရှင် သေဆုံးသောအခါ သာမန်သေတမ်းစာအား ဆောင်ရွက်ခွင့်ပေးထားသူ (Exector)မှ သက်ဆိုင်ရာ တရားရုံးတွင် သေဆုံးအတည်ပြုပေးရန် လျှောက်ထားရမည်ဖြစ်ပါသည်။

အမွေရှင်သေဆုံးပြီးနောက်ပိုင်း တရားရုံးတွင် သေတမ်းစာအတည်ပြုချက်လက်မှတ်၊ သေတမ်းစာ ပူးတွဲပါသည့် အမွေထိန်းစာ လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး သေတမ်းစာကို နေရာတကျရေးသားပြီး မှန်ကန်ကြောင်း ဝန်ခံချက်များ ပြည့်စုံမှသာ တရားရုံးမှ သေတမ်းစာကို အတည်ပြုပေးမည်ဖြစ်ပါသည်။ သေတမ်းစာ အတည်ပြုလက်မှတ်ကို သေတမ်းစာပါ ခန့်ထားသူကိုသာ ထုတ်ပေးပါသည်။ သေတမ်းစာ အတည်ပြုလက်မှတ်ရသူက ပစ္စည်းအား ရောင်းချခြင်း၊ ပေးကမ်းခွဲဝေပေးရခြင်းအရပ်ရပ်သာ စီမံခန့်ခွဲ ဆောင်ရွက်ပေးရပြီး ၎င်းကိုယ်တိုင် အမွေအား ပိုင်ဆိုင်ခွင့်ရတာမျိုး မဟုတ်ပါ။ တစ်ဦးထဲသာ အမွေရှင်မှ ပစ္စည်းအရပ်ရပ်အား ပေးအပ်ခြင်းဖြစ်ပါက သေတမ်းစာအတည်ပြုသူအား သီးသန့် ခန့်အပ်ရန် မလိုပါဘူး။

သေတမ်းစာ အတည်ပြုသူမှ တစ်နှစ်အတွင်း ရရန်ရှိပစ္စည်းများနှင့် အမွေရှင် ပစ္စည်းများအား ဘယ်လို စီမံခန့်ခွဲ မည်ကို တရားရုံးကို တင်ပြရပါမည်။ သေတမ်းစာအတည်ပြုချက် တရားရုံးအမိန့်တစ်ရပ် ရရှိပြီး တရားရုံးမှ ရောင်းချ ခွင့်ပြုသည့် ခွင့်ပြုမိန့်ရရှိမှသာ သေတမ်းစာပါ မြေအိမ်အား အမွေရရှိသူမှ အရောင်းမြေပုံကူးယူသည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ သေတမ်းစာပါအိမ်အား အရောင်းမြေပုံထွက် ကူးယူပြီးနောက်ပိုင်းမှ အမွေရသူမှ မှတ်ပုံတင်အရောင်း အဝယ် စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၃) - မြေငှားစာချုပ် ဂရန်ခွဲ တင်ပြလျှောက်ထားခြင်းအတွက် ဘယ်လို အထောက်အထားတွေ လိုအပ်ပါသလဲ။

နှစ်ကာလအပိုင်းအခြားဖြင့် စည်းကမ်းချက်များပါဝင်ကာ ခွင့်ပြုချက်ချထားပေးသော မြေအမျိုးအစားကို မြေငှားဂရန်ဟု ခေါ်ပါသည်။ အဆောက်အအုံတည်တံ့ခိုင်မာပါက နှစ်ပေါင်း-(၉၀)ထိ သက်တမ်းရှိသော မြေငှားဂရန်ထိ ထုတ်ပေးနိုင်ပါသည်။ မြေကွက်အစိတ်အပိုင်းအား မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပိုင်ဆိုင်သူများမှလဲ ၎င်းပိုင်မြေကို တဖက်သတ် အတည်ပြုတိုင်းခွဲ လျှောက်ထားကာ မြေကွက်ခွဲစိတ်ခြင်းလဲ ပြုနိုင်ပါသည်။

ခွဲစိတ်မြေကွက်နှင့် ကျန်ရှိမြေကွက်မှာ တစ်ကွက်လျှင် မျက်နှာစာ အဆုံးပေ(၂၀)နှင့် စုစုပေါင်း (၁၂၀၀)စတုရန်းပေ ပြည့်မှသာ ခွဲစိတ်မြေပုံလျှောက်ထားခြင်းနှင့် ခွဲစိတ်ဂရန်လျှောက်ထားခြင်းတို ပြုနိုင်မည်ဖြစ်ပါသည်။ မြေစာရင်းများရှိသော မြေအကျယ်အဝန်း မှတ်ချက်များနှင့် ကွင်းဆင်းတိုင်းတာသည့် မြေပြင်၏ ပေအကျယ်အဝန်း ကိုက်ညီမှုခြင်းရှိမှသာ မြေကွက်အား ခွဲစိတ်ခြင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အဝင်အထွက် မျက်နှာစာအား အများသုံးလမ်း သတ်မှတ်ထားခြင်း မရှိလျှင်လဲ မြေကွက်ခွဲစိတ်လိုသူမှ ကိုယ်ပိုင်လမ်းသတ်မှတ်နိုင်ရန် စည်ပင်မှ ညွှန်ကြားပြီး လမ်းအတွက် မြေချန် လှပ်ထားနိုင်ရမည်။

မြေငှားစာချုပ် ဂရန်ခွဲအား ရန်ကုန်မြို့တော်အတွင်းဖြစ်လျှင် စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားရမည်ဖြစ်ပါသည်။ ခွဲစိတ်မြေပုံထွက်ရှိရန်အတွက် မြေငှားဂရန်၊ မှတ်ပုံတင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မူရင်းမိတ္တူ၊ တရားရုံးမှာ မြေပိုင်ဆိုင်မှုနှင့်ပတ်သတ်ပြီး အမိန့်တစ်ရပ်ရပ်ချမှတ်ပေးထားခြင်းရှိလျှင် မူရင်းမိတ္တူ၊ လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်းမိတ္တူ၊ နောက်ဆုံးပေးဆောင်ထားသော မြေခွန်ပြေစာမရှိလျှင် မြေငှားခ ကြွေးကျန်ကင်း ရှင်းကြောင်း ထောက်ခံချက် မူရင်းမိတ္တူ၊ မြေတိုင်းတာခြင်း မြေပုံမိတ္တူ (တစ်နှစ်အတွင်း မှန်ကန်ကြောင်း သက်သေခံ မြေပုံ)တို့အပြင် လိုင်စင်ရအင်ဂျင်နီယာမှ ရေးဆွဲပေးထားသည့် အသေးစိတ်တွက်ချက်မှု၊ မြေကွက်ခွဲ စိတ်အတည်ပြု ပုံစံ-၃ စုံ အား မြေကွက်ခွဲစိတ် လျှောက်ထားသူမှ လက်မှတ်ရေးထိုးပြီးလျှောက်ထားနိုင်ရပါမည်။

ဂရန်မြေမှာ စည်းကမ်းသတ်မှတ်ချက်များအတိုင်း အသုံးပြုခွင့် ပေးအပ်ခြင်းဖြစ်ကာ ခွဲစိတ်အတည်ပြု မြေပုံထွက်ရှိပြီး မြေငှားဂရန်ခွဲ လျှောက်ထား သည့်အခါတွင်လဲ နှစ်စဉ်မြေငှားခအားလဲ ထမ်းဆောင်ခြင်းရှိမရှိ၊ မြေသိမ်းမှတ်ချက်ရှိမရှိ၊ မြေတန်ဖိုးဖြတ် မှတ်ချက်၊ တရားရုံးတာဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ အခြားကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းပျက် မှတ်ချက်ရှိမရှိ ဌာနမှ ကြည့်ရှုစစ်ဆေးမည်ဖြစ်ကာ အချက်အလက်များပြည့်စုံကိုက်ညီလျှင် ခွဲစိတ်မြေငှားဂရန်အား ထုတ် ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service