သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
477 Views

သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

Knowledge | Posted by Zarni Kyaw

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောကမှာ “ကျင်း” ဖြင့် တိုင်းတာသတ်မှတ်ပြီး ပြောဆိုကြပါတယ်။ “ဘယ်နှကျင်းရှိသလဲ” ဆိုပြီး ကျင်းကို တွက်ချက်လိုက်ပြီး တစ်ကျင်းကို ဘယ်လောက် ကုန်ကျမလဲဆိုတာ ပြောဆိုကြပါတယ်။

အခုလို ကျင်းကို သုံးစွဲကြတာမှာ “ကုဗကျင်း” နှင့် “စကွဲယားကျင်း” ဆိုပြီးနှစ်မျိုး ရှိပါတယ်။ ပြောဆိုကြတာမှာတော့ “ကျင်း” လို့ ပဲ ပြောဆိုသုံးနှုန်းကြပါတယ်။ အဲဒီလို “ကျင်း” လို့ ပြောဆိုလိုက်တာမှာ ထုထည်တစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် “ကုဗကျင်း” အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။ ဧရိယာတစ်ခုကို တိုင်းတာပြီး ကျင်းတွက်ချက် ပြောဆိုရင် “စကွဲယားကျင်း” အနေဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။

“ကုဗကျင်း” ကုဗကျင်းက ထုထည်တစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့ အလျား x အနံ x အမြင့် = ကျင်း အတိုင်းအတာ (၃) ခု မြှောက်လိုက်ရင် ရရှိလာတဲ့ ရလဒ် ဖြစ်ပါတယ်။ ရလာတဲ့ ရလဒ်မှာ ၁၀၀ ရရင် ၁ ကျင်း၊ ၂၀၀ ရရင် ၂ ကျင်း၊ ၃၀၀ ရရင် ၃ ကျင်း စသဖြင့် ပြောဆိုကြပါတယ်။ ကုဗကျင်း ဖြစ်ပေမဲ့ ၁ ကုဗကျင်း၊ ၂ ကုဗကျင်း စသဖြင့် မပြောဆိုဘဲ ၁ ကျင်း၊ ၂ ကျင်း စသဖြင့်သာ ပြောဆိုကြပါတယ်။

၁၀၀၊ ၂၀၀၊ ၃၀၀ စသဖြင့် ရာပြည့်ကိန်း မရရင် ကျင်းဝက်၊ ကျင်းတမတ် နီးစပ်ရာကို ယူလိုက်ပါတယ်။

ကျင်းဝက်က မြှောက်လဒ် ၅၀ ရရင် ကျင်းဝက်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ ကျင်းတမတ်က မြှောက်လဒ် ၂၅ ရရင် ကျင်းတမတ်လို့ သတ်မှတ်တာ ဖြစ်ပါတယ်။ မြှောက်လဒ်က ၁၂၀ ဆိုရင် နီးစပ်ရာကို ယူတာကြောင့် ၁ ကျင်း ၁ မတ် ဖြစ်ပါတယ်။ ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းတမတ် (ငါးမတ်လို့လည်း ပြောကြပါတယ်) အတွက် ၁,၂၅၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။ မြှောက်လဒ်က ၁၄၂ ဆိုရင် ၁ ကျင်းခွဲ ဖြစ်ပါတယ်။ ခုနက ဥပမာအတိုင်း ကုန်ကျစရိတ်က ၁ ကျင်းကို ၁,၀၀၀ ကျပ် ဆိုရင် ၁ ကျင်းခွဲ အတွက် ၁,၅၀၀ ကျပ် ကုန်ကျမှာ ဖြစ်ပါတယ်။

ကုဗကျင်းကို ၉ လက်မနှင့်အထက် အုတ်စီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြေကြီးမှာ ကျင်းတူးခြင်းတို့မှာ တွက်ချက်တဲ့အခါ သုံးစွဲကြပါတယ်။ ကွန်ကရစ် အသေးစား ဖျော်တာကို တွက်ချက်တဲ့အခါ သဲ၊ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်၊ ဘိလပ်မြေ၊ တို့ကို ရေသုံးပြီး ရောစပ်တဲ့အခါ သဲနဲ့ အုတ်ခဲကျိုး သို့မဟုတ် ကျောက်စရစ်တို့ကို ကျင်းနဲ့ တွက်ချက် ပြောဆိုပြီး ဘိလပ်မြေနဲ့ ထုံးတို့ကိုတော့ အိတ် နဲ့ တွက်ချက်ပြောဆိုပါတယ်။ ဥပမာ - 1:3:6 အချိုး ကွန်ကရစ် ဖျော်မယ်ဆိုရင် ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်၊ သဲကျင်းဝက် ၊ ကျောက် ၁ ကျင်း လိုအပ်တယ်လို့ ပြောဆိုပါတယ်။

” စကွဲယားကျင်း” စကွဲယားကျင်းက ဧရိယာတစ်ခုကို တိုင်းတာပြောဆိုတာ ဖြစ်လို့ အလျား x အနံ = စကွဲယားကျင်း စကွဲယားကျင်းကို ပြောဆိုကြတဲ့အခါမှာလည်း စကွဲယားကျင်း လို့ မပြောကြဘဲ “ကျင်း” လို့ပဲ ပြောဆိုကြပါတယ်။ ၄ စကွဲယားကျင်း လို့ မပြောဘဲ ၄ ကျင်းလို့ပဲ ပြောဆိုကြပါတယ်။

အလျားနဲ့အနံ မြှောက်တာလို့ ဆိုပေမဲ့ နံရံ ဆေးသုတ်တာမျိုးလို ဧရိယာကို တွက်ချက်ရင်တော့ အနံနဲ့ အမြင့်ကို မြှောက်ရမယ်ဆိုတာကိုတော့ ပြောပြဖို့ လိုမယ် မထင်ဘာဘူး။မြှောက်လဒ်က ၁၀၀ ရရင် ၁ ကျင်းလို့ ပြောပါတယ်။ ၄လက်မခွဲ အုတ်စီခြင်း၊ ဆေးသုတ်ခြင်း၊အမိုးမိုးခြင်း၊ ကြွေပြားခင်းခြင်း၊ မျက်နှာကြက်အပြားချပ် ရိုက်ခြင်းတို့မှာ သုံးပါတယ်။ ကုဗကျင်းမှာ နီးစပ်ရာ ကျင်းကို ယူတဲ့အတိုင်း စကွဲယားကျင်းမှာလည်း နီးစပ်ရာကို ယူပါတယ်။ ၁ ကျင်း၊ ကျင်းဝက် သို့မဟုတ် ကျင်းခွဲ၊ ကျင်းတမတ် စသဖြင့် နီးစပ်ရာကို ယူလိုက်ကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service